Home သတင်း ‌ကော့ကူး‌တောင်၌ ‌ကျောက်မိုင်းခွဲလုပ်ငန်း လုပ်ကိုင်‌နေခြင်းကို ‌ဒေသခံများ စု‌ပေါင်းကန့်ကွက်

‌ကော့ကူး‌တောင်၌ ‌ကျောက်မိုင်းခွဲလုပ်ငန်း လုပ်ကိုင်‌နေခြင်းကို ‌ဒေသခံများ စု‌ပေါင်းကန့်ကွက်

1979

‌မေ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ မိဇံတိုက်နယ်၊ ‌ကော့ကူး‌ကျေးရွာရှိ ‌ကော့ကူးထုံး‌ကျောက်‌တောင်၌ ‌ကျောက်မိုင်းခွဲ ‌ကျောက်ထုတ် လုပ်ငန်း လုပ်ကိုင်‌နေခြင်းကို ရပ်ဆိုင်းရန် ယင်း‌တောင်အနီးရှိ ‌ကော့ကူး‌ကျေးရွာနှင့် တံတားဦး‌ကျေးရွာတို့ စု‌ပေါင်း၍ ‌မေလ ၂၄ ရက်‌နေ့က ‌ကော့ကူးဘုန်း‌တော်ကြီး‌ကျောင်းတွင် လုပ်ငန်းရှင်နှင့် ‌တွေ့ဆုံပြီး ကန့်ကွက်‌တောင်းဆိုခဲ့ကြသည်။

လက်ရှိ ‌ကော့ကူး‌တောင်ရှိ အများပိုင် ဧရိယာအတွင်း တည်ရှိသည့် ‌ကော့ကူး‌တောင်ကို လွန်ခဲ့သည့် သုံးလမှစ၍ ‌စောဝင်းမြင့် ဆိုသူက ‌ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်လာသည်ကို ‌ဒေသခံများက ယင်း‌ကျောက်ထုတ်လုပ်ငန်းနှင့်ပတ်သက်၍ ‌ဒေသတွင်း အန္တရာယ်ရှိလာနိုင်သည့်အတွက် ရပ်ဆိုင်း‌ပေးရန် ‌တောင်းဆိုခြင်းဖြစ်‌ကြောင်း ‌ပြောဆိုခဲ့ကြသည်။

‌ကော့ကူး‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စောသိန်းမင်းက “ဒီ‌ကျောက်မိုင်း‌ဖောက်တာကို ကျ‌နော်တို့ သိရသ‌လောက် တစ်ဦးတစ် ‌ယောက်အတွက်ပဲ လုပ်ပါတယ်။ ဘယ်သူ့ခွင့်ပြုချက်နဲ့ လုပ်တာလဲ သွား‌မေးတဲ့အခါမှာ KNU/KNLA-PC က ထုတ်‌ပေးတဲ့ ‌ကျောက်ခွဲလုပ်ငန်း ‌ထောက်ခံချက်တစ်ခုကို ပြ‌ပေးတယ်။ သူ ‌ကျောက်လာထုတ်တာ ကျ‌နော်တို့ရွာ ဖြစ်တယ်။ ကျ‌နော်တို့ သူ့ကို ခွင့်ပြုချက်မ‌ပေးထားသလို မိုင်းခွဲ‌ဖောက်တာကို‌တော့ လက်မခံပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ‌ကော့ကူး‌တောင် ‌ကျောက်မိုင်းခွဲ ‌ကျောက်ထုတ်လုပ်ခြင်း‌ကြောင့် ‌ကော့ကူး‌ကျေးရွာနှင့် တံတားဦး‌ကျေးရွာအနီး ‌ကျောက် မိုင်းခွဲရာတွင် ‌ပေ ၃၀၀‌ကျော် အကွာအ‌ဝေးအတွင်း လူ‌နေအိမ်အ‌ဆောက်အဦး၊ သာသနိက အ‌ဆောက်အဦးများနှင့် ‌စေတီများ ပျက်စီးသွားမည်ကို ‌ဒေသခံများက စိုးရိမ်‌နေသလို မိုင်းခွဲခြင်း‌ကြောင့် ‌ကော့ကူးရွာ လျှပ်စစ်မီးတိုင်ထိခိုက်ခြင်းများ ရှိခဲ့ပြီး လူ‌နေ အိမ်အချို့လည်း အိမ်နံရံ အက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ‌ဒေသခံများက ဆိုသည်။
IMG_7202
‌ကော့ကူးဘုန်း‌တော်ကြီး‌ကျောင်း၌ ပြုလုပ်သည့် ‌တွေ့ဆုံပွဲတွင် ‌ဒေသခံများက ‌ကော့ကူး‌တောင် ‌ကျောက်မိုင်းခွဲလုပ်ငန်း လာ ‌ရောက်လုပ်ကိုင်မှုကို ဆက်မလုပ်ရန် ‌စောကိုဝင်းမြင့်အား သတိ‌ပေး‌ပြောဆိုခဲ့ပြီး ၎င်းအ‌နေဖြင့်လည်း လုပ်ငန်းရပ်ဆိုင်း‌ပေး မည်ဟု ‌ဒေသခံများကို ပြန်လည် ကတိ‌ပေး‌ပြောဆိုခဲ့‌ကြောင်း သိရသည်။

သို့‌သော် ကတိအတိုင်း မလိုက်နာဘဲ ‌ကျောက်မိုင်းခွဲခြင်းလုပ်ငန်းအား ဆက်လက် လုပ်ကိုင်မည်ဆိုပါက သက်ဆိုင်ရာ အစိုးရနှင့် ‌ထောက်ခံချက်‌ပေးထားသည့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ တာဝန်ရှိသူများထံ အသိ‌ပေး တိုင်ကြားသွားမည်ဟု ‌ကော့ကူး ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးက ဆက်‌ပြောသည်။

‌ကျောက်မိုင်းခွဲ ‌ကျောက်ထုတ်လုပ်ငန်းရှင် ‌စောဝင်းမြင့်က “ကျ‌နော်အခုလုပ်တဲ့ လုပ်ငန်းက ‌ဒေသခံ‌တွေဆီ ခွင့်ပြုချက် မယူရ‌ပေ မယ့်လည်း ‌ကျေးရွာဖွံ့ဖြိုး‌ရေးအတွက် လမ်းခင်းတဲ့အပိုင်းမှာ ကျ‌နော်‌ပေးတာ‌တွေ ရှိပါတယ်။ ကျ‌နော် ခိုးစားတာ မဟုတ်ပါဘူး။ စားဝတ်‌နေ‌ရေးအတွက်ပဲ လုပ်ပါတယ်။ လုပ်ငန်းအတွက် အရင်းနှီး အများကြီး ထုတ်ရပါတယ်။ ‌ဒေသခံ‌တွေ လက်မခံဘူးဆို ‌တော့ ကျ‌နော် မလုပ်ဘူး။ ဒီ‌နေရာမရရင် ရတဲ့‌နေရာ သွားလုပ်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့ကူး‌တောင်၌ ‌ကျောက်မိုင်းခွဲ ‌ကျောက်ထုတ်လုပ်ငန်းကို ရပ်ဆိုင်းရန် ‌တွေ့ဆုံပွဲသို့ ‌ကျေးရွာနှစ်ရွာ‌ပေါင်း ‌ဒေသခံ ရွာသူရွာ သား ၂၀၀‌ကျော် တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။