Home သတင်း ဧရာဝတီတိုင်းတွင် ကရင်စာ‌ပေကို သင်ရိုးသစ်ဖြင့် သင်ကြားမည်

ဧရာဝတီတိုင်းတွင် ကရင်စာ‌ပေကို သင်ရိုးသစ်ဖြင့် သင်ကြားမည်

2406

‌မေ ၂ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

လာမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ အစိုးရစာသင်‌ကျောင်းများ၌ ကရင် စာ‌ပေကို သင်ရိုးညွှန်းတမ်းသစ်ဖြင့် စတင်သင်ကြား‌ပေးရန် စီစဉ်ထားသည်ဟု ဧရာဝတီတိုင်း‌ဒေသကြီး ကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ ‌စောဖရန်စစ်ခိုင်က ‌ကေအိုင်စီသို့ ‌မေလ ၂ရက်‌နေ့တွင် ‌ပြောသည်။

“အခုအမျိုးသားပညာ‌ရေး မူဝါဒအသစ်ဆွဲတဲ့ အခါကျ‌တော့ သူငယ်တန်းက‌နေ က‌လေးဗဟိုပြုပုံစံနဲ့ အစိုးရ ‌ကျောင်း‌တွေမှာ သင်‌တော့မယ်။ အဲ့ဒါနဲ့ လိုက်‌လျောညီ‌ထွေဖြစ်‌အောင် ပိုးနဲ့ စ‌ကောကရင်စာ သူငယ်တန်း သင်ရိုးသစ်ကို ‌ရေးဆွဲပြီး က‌လေးဗဟိုပြု ပုံစံမျိုးနဲ့ သင်‌ပေးဖို့ စီစဉ်ထားတယ်။ ဒီသင်ရိုးသစ်က ပြဌာန်းစာအုပ် သ‌ဘောမျိုး မဟုတ်ဘူး။ ဆရာက က‌လေးနားလည်‌အောင် ဘက်စုံချည်းကပ်သင်‌ပေးမဲ့ သင်ရိုးသစ်ဖြစ်ပါတယ်” ဟု သူက ‌ပြောသည်။

က‌လေးဗဟိုပြုပုံစံဖြင့် သင်ကြားမည့် ကရင်ဘာသာစကား သူငယ်တန်း သင်ရိုးသစ်ကို ကုလသမဂ္ဂက‌လေးများ ရန်ပုံ‌ငွေအဖွဲ့(ယူနီဆက်) အကူအညီဖြင့် မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ဦး‌ဆောင်၍ ‌ဒေသအလိုက် မျိုးနွယ်စုများ၊ ဘာသာ‌ရေးနှင့် လူမှုအဖွဲ့အစည်းများ စု‌ပေါင်းကာ၂၀၁၄ ခုနှစ်၌ စတင်‌ရေးဆွဲခဲ့သည်။ သင်ရိုးသစ် ‌ရေးဆွဲ‌ရေးအတွက် ‌ဆွေး‌နွေးပွဲများလိုအပ်သည့် သု‌တေသနများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ ပြီး‌နောက်၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် အတည်ပြုထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

အဆိုပါ သင်ရိုးသစ်ဖြင့် ဧရာဝတီတိုင်းအတွင်း ကရင်စာသင်ကြား‌ပေးနိုင်‌ရေးအတွက် ဆရာ၊ ဆရာမများ မွန်းမံသင်တန်းကို ဧပြီ ၂၅ မှ ၂၉ ရက်‌နေ့အထိ ပုသိမ်မြို့ ပိုးကရင်နှစ်ခြင်း အသင်း‌တော်၊ ဘုရား‌ကျောင်း၌ ပြုလုပ်ခဲ့သည်။ ယင်းသင်တန်းသို့ တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ် ၁၉ မြို့နယ်မှ ဆရာ၊ ဆရာမ ၇၃ ဦး တက်‌ရောက်ကာ နည်းပြ ၆ ဦးဖြင့် သင်ကြား‌ပေးခဲ့သည်ဟု တိုင်းစာယဉ် တာဝန်ရှိသူများထံမှ သိရသည်။
13124795_1047453118672286_7016506146137359888_n
လက်ရှိတွင် သင်ရိုးသစ်ဖြင့် ကရင်ဘာသာစကားကို သင်‌ပေးရန်စီစဉ်ထား‌သော်လည်း လိုအပ်သည်များကို အချိန်မီ မလုပ်ကိုင်နိုင်ပါက တိုင်းအတွင်းရှိ အချို့မြို့နယ်များတွင် ယခင် သင်ရိုး‌ဟောင်းဖြင့် ဆက်သင်သွားရန် ရှိသလို သင်ရိုးသစ်အတွက်လိုအပ်သည့် ဖတ်စာအုပ်များကို တိုင်းပညာ‌ရေးဌာနက အခမဲ့ဖြန့်‌ဝေသွားရန် စီစဉ်ထားသည်ဟု ‌စောဖရန်စစ်ခိုင်က ဆက်‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီးအတွင် အစိုးရစာသင်‌ကျောင်းများ၌ ‌ကျောင်းချိန်ပြင်ပအတွင်း ကရင်စာသင်ကြား ‌ပေးလျှက်ရှိရာ ပြီးခဲ့သည့် ပညာသင်နှစ်တွင် စ‌ကောကရင်စာကို ၂၈၅ ‌ကျောင်းနှင့် ပိုးကရင်စာအတွက် ‌ကျောင်း ၂၂ဝ ‌ကျော်တို့တွင် သင်ကြား‌ပေးခဲ့သည်ဟု သိရသည်။