Home ထိပ်တန်းသတင်း အစိုးရသစ်ကို ဝိုင်းဝန်းကူညီရန် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

အစိုးရသစ်ကို ဝိုင်းဝန်းကူညီရန် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

1690

‌မေ ၆ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် အစိုးရသစ်အ‌နေဖြင့် ‌ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် ဌာနဆိုင်ရာဝန်ထမ်းများမှ ဝိုင်းဝန်းကူညီ‌ပေးကြရန် ‌မေ လ (၅)ရက်‌နေ့က ကြာအင်းဆိပ်ကြီးမြို့နယ် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေး ဦးစီးဌာနခန်းမ၌ ပြုလုပ်‌သော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ‌ကျေးရွာရပ်မိရပ်ဖများ ‌တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က တိုက်တွန်း‌ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က “အစိုးရသစ်အ‌နေဖြင့် လုပ်ငန်းများ ‌ဆောင်ရွက်ရာတွင် အမှားများရှိပါက ‌ဝေဖန်‌ထောက်ပြ‌ပြော‌ပေးဖို့လို‌ကြောင်း၊ ယခုလို ဝန်ထမ်းများ ‌ကောင်းမွန်စွာ တာဝန်ထမ်း‌ဆောင်တာ‌တွေ့ရသည့်အတွက် အရမ်းပဲ ‌ကျေးဇူးတင်ပါ‌ကြောင်း၊ သမိုင်းမှာ ကျန်‌နေမယ့် အ‌ပြောင်းအလဲမို့ ‌စေတနာပါပါဖြင့် ‌ကောင်းမွန်စွာ ဝိုင်းဝန်းကူညီ‌ပေးကြဖို့ တိုက်တွန်းလို‌ကြောင်း”ဟု အခမ်းအနား တွင် ‌ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လမ်းပန်းဆက်သွယ်‌ရေးသာမက မူးယစ်‌ဆေးဝါးပြဿနာများသည် အာဆီယံနိုင်ငံ၌ အဆိုးဆုံးနိုင်ငံတွင် ပါဝင်‌ကြောင်း၊ အာဆီယံနိုင်ငံများကိုု အမှီလိုက်နိုင်‌အောင် အဂတိလိုက်စားမှု ပ‌ပျောက်‌အောင် ကြိုးစား ‌ဆောင်ရွက်သွားရမည်ဖြစ်ပြီး ရက် (၁၀၀)အတွင်း ထင်သာမြင်သာရှိ‌အောင် လုပ်‌ဆောင်မည်ဖြစ်‌ကြောင်းလည်း ယင်းအခမ်းအ နားတွင် ဝန်ကြီးချုပ်က ဆက်လက်‌ပြောကြားသည်။

မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်မိရပ်ဖများ ၁၀၀‌ကျော် တက်‌ရောက်သည့် ၎င်းအခမ်းအနားတွင် ဆက်သွယ်‌ရေးတာဝါ တိုင်ကိစ္စ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ ‌ဆောင်ရွက်‌ပေးရန်၊ ယခုလို ‌ရေရှားပါးချိန်တွင် ‌ရေများဖြန့်‌ဝေ‌ပေးရန်၊ လမ်းတံတား‌ဟောင်းများ အသစ် ပြန်လည်တည်‌ဆောက်‌ပေးရန် စသည်တို့ကို သက်ဆိုင်ရာ ‌ကျေးရွာအသီးသီးမှ ရပ်မိရပ်ဖများ က တင်ပြကြပြီး တာဝန်ရှိသူများဘက်က ပြန်လည်‌ဖြေကြားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ‌ကျေးလက်‌ဒေသဦးစီးဋ္ဌာန ဦးစီးမှူး ဦး‌စော‌အောင်မျိုးမြင့်က “ဘယ်အစိုးရပဲတက်တက် ကျ‌နော်တို့က ပြည်သူ‌တွေကို ဝန်‌ဆောင်မှု‌ပေးတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ဘာအခက်အခဲမှ မရှိဘူး။ ပူး‌ပေါင်း‌ဆောင်ရွက်ကူညီသွားဖို့ အဆင် သင့်ပဲ။ ဒီရက်‌ပေါင်း ၁၀ဝအတွင်းမှာ လုပ်ငန်းပြီးစီး‌အောင် ‌ဆောင်ရွက်သွားမယ်ဆိုတာက‌တော့ အခက်အခဲရှိတာ‌ပေါ့။ ဘာဖြစ် လို့လဲဆို‌တော့ အခု ကျ‌နော်တို့က ‌ပေးအပ်လာတဲ့တာဝန်နဲ့ ဝန်ထမ်းအင်အား မမျှတဘူးဖြစ်‌နေတယ်။ လုပ်ငန်းတစ်ခုကို ဝန်ထမ်း တစ်‌ယောက်နှုန်းနဲ့ ‌ဆောင်ရွက်‌နေရတယ်”ဟု ‌ပြောသည်။

နန်းခင်‌ထွေးမြင့်သည် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာပြီး‌နောက်ပိုင်း ကရင်ပြည်နယ်ရှိ အခြားမြို့နယ်များမှ ဌာနဆိုင်ရာဝန်ထမ်းများ နှင့်‌တွေ့ဆုံခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လာ‌ရောက်‌တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမအ ‌နေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်မှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်‌တွေ့ဆုံအပြီး တစ်ဆက်တည်းပင် ပြည်နယ်အစိုးရအဖွဲ့မှာ ဘုရား သုံးဆူမြို့သို့ ဆက်လက် သွား‌ရောက်ခဲ့သည်။