Home သတင်း မယ်‌တော်‌ဆေးခန်း စာ‌ပေ‌ဟော‌ပြောပွဲ၌ ‌ရွှေ့‌ပြောင်းမြန်မာဒုက္ခသည်များ ‌နေရပ်ပြန်နိုင်‌ရေး တိုက်တွန်း

မယ်‌တော်‌ဆေးခန်း စာ‌ပေ‌ဟော‌ပြောပွဲ၌ ‌ရွှေ့‌ပြောင်းမြန်မာဒုက္ခသည်များ ‌နေရပ်ပြန်နိုင်‌ရေး တိုက်တွန်း

2412

‌မေလ ၃ဝရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်း‌နေရာ‌ဟောင်း၌ နာမည်ကြီးစာ‌ရေးဆရာ ‌ဒေါက်တာခင်‌မောင်ညို၊ ရန် ကုန်နာ‌ရေးကူညီမှုအသင်း၏ ဒု-ဥက္ကဌ စာ‌ရေးဆရာမ ‌ဒေါ်သန်းမြင့်‌အောင်၊ ၈၈မျိုးဆက်‌ကျောင်းသားနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ကိုဂျင်မီတို့ ပါဝင်သည့် ‌မေလ ၂၉ရက်‌နေ့ စာ‌ပေ‌ဟော‌ပြောပွဲတွင် ‌ရွှေ့‌ပြောင်းမြန်မာဒုက္ခသည်များ အိမ်ပြန်နိုင်‌ရေးအတွက် တိုက်တွန်း‌ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးမတည်ငြိမ်မှုများ‌ကြောင့် ရပ်ရွာစွန့်ခွာထွက်လာခဲ့ရသည့် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား၊ ဒုက္ခသည်များ ပြည်တွင်းပြန်လာနိုင်သည့် အခွင့်အလမ်းများရရှိ‌အောင် အစိုးရသစ်ကို တိုက်တွန်းသွားမည်ဖြစ်သလို မြန်မာနို်င်ငံ၌ အ‌ပြောင်းအ လဲများ ရှိလာသည့်အတွက်လည်း ပြန်လာကြဖို့ ရန်ကုန်နာ‌ရေးကူညီမှုအသင်း ဒု-ဥက္ကဌ ဆရာမ‌ဒေါ်သန်းမြင့်‌အောင်က ယခုလို ‌ပြောကြားသည်။

၎င်းက “ဒီ‌ရွှေ့‌ပြောင်းပြည်သူ‌တွေက ကိုယ့်တိုင်းပြည်က‌နေ ‌ပျော်‌ပျော်ရွှင်ရွှင်နဲ့ ထွက်လာခဲ့ကြတာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံရဲ့ နိုင် ငံ‌ရေးမတည်ငြိမ်မှု၊ နို်င်ငံသား‌တွေရဲ့ ဘဝလုံခြုံမှုမရှိတဲ့အတွက် ကိုယ့်ရပ်ရွာကိုစွန့်ပြီး လာကြရတာ။ လာကြတဲ့သူ‌တွေရဲ့ ရင်ထဲ မှာလည်း ကိုယ်ရပ်ရွာနဲ့‌ဒေသကို လွမ်းမှာပဲ။ ဒါ‌ကြောင့် အစိုးရသစ်လက်ထက်မှာ အားလုံး‌သော ကိုယ့်တိုင်းရင်းသား ညီအစ်ကို ‌မောင်နှမ‌တွေ ပြည်တွင်းကို ပြန်‌ရောက်နိုင်တဲ့ အခွင့်အလမ်းမျိုးဖြစ်‌အောင် ကျမတို့ အစိုးရသစ်ကို တိုက်လည်း တိုက်တွန်းသွား မယ်”ဟု ‌ပြောသည်။

ည‌နေ ၄နာရီခန့်အချိန်တွင် စတင် ကျင်းပသည့် အဆိုပါ စာ‌ပေ‌ဟော‌ပြောပွဲသို့ ထိုင်း-မြန်မာနယ်စပ်တွင်ရှိ‌သော ‌ရွှေ့‌ပြောင်းမြန် မာအလုပ်သမားများ၊ ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းသား‌ကျောင်းသူများ၊ မယ်‌တော်‌ဆေးခန်း၏ ‌ဆေးဝန်ထမ်းများအပြင် နယ်စပ်‌ဒေ သရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ လူမှု‌ရေးလုပ်သားများ စုစု‌ပေါင်း ၁၀၀ဝခန့် တက်‌ရောက်အား‌ပေးခဲ့ကြသည်။

စာ‌ပေ‌ဟော‌ပြောပွဲသို့ တက်‌ရောက်အား‌ပေးခဲ့သည့် ပညာ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး‌ဖောင်‌ဒေးရှင်း-FED တွင် လူမှု‌ရေးလုပ်‌နေသူ နန်းမီးမီးက “ဒီ‌နေ့ ည‌နေဆရာ၊ ဆရာမ‌တွေ ‌ပြောသွားတာ‌တွေ အကုန်လုံးက‌တော့ ကိုယ့်ရဲ့စိတ်ဓါတ်‌တွေကို ခွန်အား‌ပေးတယ် လို့ပဲ ကျမ မြင်မိတယ်။ ‌နောက်ပြီး ဆရာမ‌ဒေါ်သန်းမြင့်‌အောင်‌ပြောသွားတာက ကိုယ့်နိုင်ငံက ‌ပြောင်းလဲလာပြီးဆိုပြီး ပြန်ဝင်လာ ‌စေချင်တယ်။ ဒီအ‌ပေါ်မှာလည်း ဒီမှာရှိတဲ့လူ‌တွေကလည်း ပြန်ကြဖို့‌တော့ နည်းနည်းစဉ်းစားမိသွားမယ်လို့ မြင်မိတယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။
DSC_0025
‘စာ‌ပေအနုပညာနှင့် လူမှုဘဝအနာဂတ်’ ‌ခေါင်းစဉ်ဖြင့် စာ‌ရေးဆရာ‌ဒေါက်တာခင်‌မောင်ညို၊ စာ‌ရေးဆရာမ ‌ဒေါ်သန်းမြင့်‌အောင် နှင့် ၈၈မျိုးဆက်‌ကျောင်းသား ကိုဂျင်မီတို့က တစ်ဦးစီကို(၄၅)မိနစ်ကြာ မြန်မာနိုင်ငံ၏ ဒီမိုက‌ရေစီခရီးလမ်း‌ကြောင်းအတွင်း ၎င်း တို့၏ အ‌တွေ့အကြုံများ၊ လက်ရှိ မြန်မာ့နိုင်ငံ‌ရေးအ‌ပြောင်းအလဲ အ‌ခြေအ‌နေများ ‌ပြောဆိုသွားခဲ့ကြပြီး တိုင်းတစ်ပါးတွင် မိမိနိုင်ငံ သားအချင်းချင်း ချစ်ခင်စည်းလုံးစွာ ‌နေထိုင်ကြရန်ပါ တိုက်တွန်း‌ပြောဆိုသွားခဲ့ကြသည်။

၈၈မျိုးဆက်‌ကျောင်းသား ကိုဂျင်မီက “ဘယ်သူမဆို ကိုယ့်တိုင်းပြည်မှာပဲ ‌နေချင်ကြတာချည်းပါပဲ။ ဒါ‌ပေမဲ့ အ‌ခြေအ‌နေ မ‌ပေး ‌တော့လည်း သူများရင်ခွင်မှာ ရှင်သန်ကြရတာပဲ။ အဲ့‌တော့ ဒီလူ‌တွေအတွက် သူများရင်ခွင်ကို တွန်းပို့ခဲ့တဲ့ အစိုးရမှာ တာဝန်အရှိ ဆုံး ဖြစ်တယ်”ဟု ‌ဟော‌ပြောပွဲအပြီး သတင်းမီဒီယာများကို ‌ပြောဆိုခဲ့သည်။

မယ်‌တော်‌ဆေးခန်းတွင် ယခု စာ‌ပေ‌ဟော‌ပြောပွဲ ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး အလားတူ စာ‌ပေ‌ဟော‌ပြောပွဲမျိုးများကို လာမည့်နှစ်များ၌ ဆက်လက် ကျင်းပသွားနိုင်ရန်အတွက်လည်း ကြိုးပမ်းလုပ်‌ဆောင်သွားမည်ဟု စာ‌ပေ‌ဟော‌ပြောပွဲကို ဦး‌ဆောင်စီစဉ်သူများက ပွဲအပြီး ‌ပြောဆိုခဲ့ကြသည်။