Home သတင်း မင်းလွင်‌တောင် ‌ကျောက်ထုတ်လုပ်မှုလုပ်ငန်းအားလုံး ရပ်ဆိုင်းနိုင်‌တော့မည်

မင်းလွင်‌တောင် ‌ကျောက်ထုတ်လုပ်မှုလုပ်ငန်းအားလုံး ရပ်ဆိုင်းနိုင်‌တော့မည်

2423

‌မေလ ၁၆ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောခါးစူးညား

မွန်ပြည်နယ်၊ သထုံမြို့နယ် ပိန္နဲ‌တော‌ကျေးရွာအုပ်စုရှိ မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်ရန် ဖြူမင်းထွန်းကုမ္ပဏီမှ လုပ်‌ဆောင်ခဲ့သည့် ‌ကျောက်ထုတ်လုပ်မှုအပြင် အ‌သေးစား လက်လုပ်လက်စား ‌ကျောက်ထုတ်လုပ်မှုလုပ်ငန်းကိုပါ အားလုံး ရပ်ဆိုင်းနိုင်‌တော့မည်ဟု မင်းလွင်‌ဒေသခံများထံမှ သိရသည်။

မင်းလွင်‌တောင် ‌ကျောက်ထုတ်လုပ်ငန်းများ အပြီးသတ် ရပ်ဆိုင်းရန် ရည်ရွယ်၍ သထုံမြို့နယ် ပိန္နဲ‌တော‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးရုံးတွင် ‌မေလ ၆ ရက်‌နေ့က ပြုလုပ်‌သော အစည်းအ‌ဝေးအရ တက်‌ရောက်သည့် ၎င်း‌ဒေသရှိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးအဖွဲ့များက လုပ်ငန်းရပ်ဆိုင်း‌ရေးအတွက် အများစု သ‌ဘောတူလက်မှတ်ထိုးထားပြီဖြစ်သည်ဟု ပိန္နဲ‌တော‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စောလှမင်းဦးက ‌ပြောသည်။

“အခု မင်းလွင်‌တောင်မှာ လုပ်‌နေတဲ့ ‌ကျောက်ထုုတ်လုပ်ငန်းအားလုံး ရပ်ဆိုင်းဖို့ ‌ကျောက်လုပ်ငန်းလုပ်ကွက် ပိုင်ရှင်‌တွေကို ကျ‌နော်တို့ စာထုတ်ပြီး အ‌ကြောင်းကြားသွားဖို့ ရှိပါတယ်။ ‌လော‌လောဆယ် ဒီကိစ္စမှာ လက်မှတ် ထိုးရမယ့်သူ ၁၇ဦးထဲမှာ KNU ဂရုခို့(‌ကျေးရွာအုပ်ချုပ်‌ရေးမှူး)ပဲ လို‌တော့တယ်။ သူအလုပ်များ‌နေလို့ပါ။ ကျ‌နော်တို့ သူ့ကို ‌စောင့်‌နေတယ်”ဟု ‌စောလှမင်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မင်းလွင်‌တောင်တွင် လုပ်‌ဆောင်‌နေ‌သော ‌ကျောက်ထုတ်လုပ်ငန်းများကို ‌မေလ ၁၈ ရက်‌နေ့တွင် လုံးဝ ရပ်ဆိုင်းရန် အစည်းအ‌ဝေးတက်‌ရောက်ခဲ့သူများ၏ သ‌ဘောတူမှု ရရှိထား‌ကြောင်း၊ KNU ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး (‌မောင်‌လေး‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စော‌ဌေးဝင်း)ထံမှ သ‌ဘောတူညီမှု ရသည်နှင့်တပြိုင်နက် ‌ကျောက်လုပ်ငန်း လုပ်ကွက်ပိုင်ရှင်များကို အသိ‌ပေးအ‌ကြောင်းစာ ထုတ်ပြန်သွားမည်ဖြစ်‌ကြောင်း သိရသည်။

မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီ ဒုဥက္ကဌ ‌နော်သန်းစိန်က “ကျမတို့ အခု လက်မှတ်ထိုးထားတဲ့သူ‌တွေက ‌ဒေသခံရဲ့ သ‌ဘောထားအတိုင်း ဖြစ်ပါတယ်။ ‌ဒေသခံကိုယ်စား လုပ်တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အ‌ကောင်းဆုံး ကျမတို့ လုပ်သွားကြမယ်”ဟု ‌ပြောသည်။

မင်းလွင်‌တောင်နှင့်ပတ်သက်၍ မည်သည့် စီမံကိန်းများမဆို လုပ်ကိုင်လို‌သော လူပုဂ္ဂိုလ်များအ‌နေဖြင့် ‌ဒေသခံ များ သ‌ဘောတူညီချက် ရရှိမှသာလျှင် လုပ်ကိုင်ခွင့် ရှိမည်ဖြစ်သလို ‌ဒေသခံများ၏ သ‌ဘောထားဆန္ဒအတိုင်း ရပ်တည်သွားမည်ဟု ‌မေလ ၂၉ ရက်‌နေ့က မင်းလွင်‌တောင်ကာကွယ်သွား‌ရေးအတွက် ပြုလုပ်သည့် ဆု‌တောင်း ‌မေတ္တာပို့သခြင်းနှင့် သတင်းအချက်အလက် မျှ‌ဝေခြင်း အခမ်းအနားတွင် KNU သထုံမြို့နယ် ဥက္ကဌ ‌စော‌ကော်သဘ‌လေးကလည်း ‌ပြောဆိုထားသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်‌နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗဟို စီးပွား‌ရေး‌ကော်တီမှ မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့်စီမံကိန်းနှင့် ‌ကျောက်ထုတ်လုပ်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်သည့် အသိ‌ပေးအ‌ကြောင်းကြားစာတစ်‌စောင်ကို ဖြူမင်းထွန်းကုမ္ပဏီထံသို့ ‌ပေးပို့‌ကြောင်း ထုတ်ပြန်ထားပြီဖြစ်သည်။