Home ဆောင်းပါး ဘိလပ်‌မြေစက်ရုံ စီမံကိန်းရပ်ဆိုင်း‌ရေးနှင့် မင်းလွင်‌တောင် ‌ဒေသခံများ

ဘိလပ်‌မြေစက်ရုံ စီမံကိန်းရပ်ဆိုင်း‌ရေးနှင့် မင်းလွင်‌တောင် ‌ဒေသခံများ

2464

(‌မေ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ထီး‌ထော့ရှီး)

ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက်မှစ၍ ကရင်‌ဒေသများ၌ စီးပွား‌ရေးလုပ်ငန်းရှင်များ၏ ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်ရန် ပစ်မှတ်မှာ ကရင်ပြည်နယ်မှ မိကရင်ထုံး‌ကျောက်‌တောင် ပြီးလျှင် မွန်ပြည်နယ်မှ မင်းလွင်ထုံး‌ကျောက်‌တောင် ဖြစ်သည်။ မိကရင် ‌တောင်‌ခြေတွင် တည်‌ဆောက်မည့် ဘိလပ်‌မြေစက်ရုံစီမံကိန်းနှင့် ပတ်သက်၍ ရပ်ဆိုင်းထားရန် ယခုနှစ်၊ မတ်လ ၃ဝရက်‌နေ့က မိကရင်‌ဒေသမှ လူထုများ ဆန္ဒပြည့်ဝခဲ့သည်။

မင်းလွင်‌တောင်ကို အနီးဝန်းကျင်တဝိုက်မှ ‌ဒေသခံအများစု ကရင်လူမျိုးများက “‌မောင်‌လေးကစယ်”ဟု ‌ခေါ်ဆိုကြသည်။ ‌ရှေးအ စဉ်အဆက်ကတည်းက သဘာဝတရား၏ သ‌ကေင်္တတစ်ခုအဖြစ် ‌ဒေသခံများ မြတ်နိုးတန်ဖိုးထားသည့် ‌တောင်၊ အသက်‌မွေး ဝမ်း‌ကျောင်းလုပ်ငန်းအတွက် မရှိမဖြစ် အမှီသဟဲပြုရသည့် ‌တောင်၊ မိရိုးဖလာ ကိုးကွယ်ယုံကြည်မှုအရ အထွဋ်အထိပ်ထားခံရ သည့် ‌တောင် စသည့် ‌ဖော်ပြ၍မကုန်နိုင်‌သော အရှိတရားများနှင့် ပြည့်နှက်‌နေသည်။

မင်းလွင်ထုံး‌ကျောက်‌တောင်ကို မျက်စိကျ‌နေသည့် ဖြူမင်းထွန်း ကုမ္ပဏီလိမီတက်က ထုံး‌ကျောက် အရည်အ‌သွေး စမ်းသပ်တိုင်း တာမှု လုပ်‌ဆောင်ရန်နှင့် စီးပွားဖြစ် ဘိလပ်‌မြေစက်ရုံတစ်ရုံ တည်‌ဆောက်သွားရန် ၂၀၁၃-၂၀၁၄ခုနှစ်မှစ၍ ‌ဒေသခံ‌ကျေးရွာ တာ ဝန်ရှိသူများကို တလှည့်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ တပ်မဟာ(၁)တာဝန်ရှိသူများကို တဖုံ၊ နည်းအမျိုးမျိုး သုံးပြီး ချည်းကပ်မှု အစပြုလာခဲ့သည်။ ထိုသို့ ချည်းကပ်မှု ပြုလုပ်ရာတွင် မဖြစ်မ‌နေ သ‌ဘောတူညီမှု လိုအပ်သည့် နယ်ခံ ‌ကေ အဲန်ယူနှင့် ‌ဒေသခံ‌ကျေးရွာများကို ပရိယာယ်သုံးကာ စည်းရုံးခဲ့သည်။

၎င်းကုမ္ပဏီသည် ပိန္နဲ‌တော‌ကျေးရွာအုပ်စုရှိ ‌ကျေးရွာအ‌ထောက်အကူပြု‌ကော်မတီများနှင့် ၂၀၁၄ခုနှစ်၊ မတ်လ ၆ရက်‌နေ့တွင် နှစ် ဦးနှစ်ဖက် သ‌ဘောတူကတိစာချုပ်ကိုလည်း‌ကောင်း၊ ထိုမှတဆင့် ဇူလိုင်လ ၉ရက်‌နေ့တွင် ‌ကေအဲန်ယူ၏ ကရင်အမျိုးသား လွတ် ‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်မဟာ(၁)က လူထုသ‌ဘောထားနှင့်အညီ ကန့်ကွက်ရန် မရှိ‌ကြောင်း တုံ့ပြန်စာနှင့် ဩဂုတ် လ ၂၂ရက်‌နေ့တွင် ဝမ်းဘဲအင်း၊ ပန်းသာယာ၊ မင်းလွင် စသည့်‌ကျေးရွာများမှ ‌ဒေသခံများက ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်ရန် သ‌ဘောတူစာချုပ်တို့ကိုလည်း ပြုလုပ်‌ဆောင်ရွက်ခဲ့သည်။

ကုမ္ပဏီ၏ အဆိုပါလုပ်‌ဆောင်ချက်နှင့်ပတ်သက်၍ မင်းလွင်ရွာသူ ‌နော်‌ဖော‌နော်က “ဖြူမင်းထွန်းကုမ္ပဏီဟာ ‌ကေအဲန်ယူနဲ့ ကျမ တို့အကြား ‌သွေးခွဲပြီး သ‌ဘောတူညီမှု ရယူခဲ့တာပါ။ သူတို့‌ပြောတာက လုပ်ငန်းစဖို့ ‌ကေအဲန်ယူ သ‌ဘောတူလိုက်ပြီ။ နင်တို့ကို ပိုက်ဆံ သုံးသိန်း‌ပေးမယ်။ နင်တို့ ယူယူ၊ မယူယူ လုပ်မှာပဲဆိုပြီး ခြိမ်း‌ခြောက်ပြီး သဘာတူညီမှု ယူခဲ့တယ်။ အဲဒီက‌နေ ‌ကေအဲန် ယူဆီ တင်ပြလိုက်‌တော့ ‌ကေအဲန်ယူက တကယ်ထင်ပြီး သ‌ဘောတူလိုက်တဲ့သ‌ဘောပါ”ဟု သူမ ကြုံ‌တွေ့ရသည့် အဖြစ်အပျက် များကို ‌ပြောဆိုခဲ့သည်။

ကုမ္ပဏီသည် ၂၀၁၄ခုနှစ်၊ ဩဂုတ်လ ၂၂ရက်‌နေ့က ‌ဒေသခံများထံ သ‌ဘောတူညီမှု ရယူရာ၌ ဘိလပ်‌မြေစက်ရုံ မတည်‌ဆောက် မီ စမ်းသပ်တိုင်းတာ‌ရေးကာလတွင် ဝမ်းဘဲအင်း၊ ပန်းသာ၊ မင်းလွင်နှင့် ဩဂုတ်လ ၂၆ရက်‌နေ့တွင် မတ်ချ၊ ဆီဆုံ၊ အင်‌တော ‌ကျေးရွာများရှိ အိမ်‌ထောင်စုများကို ကျပ်‌ငွေ ၃သိန်းစီ‌ပေးခဲ့‌ကြောင်း ‌ကျေးရွာအ‌ထောက်အကူပြု‌ကော်မတီများနှင့် နှစ်ဖက် သ‌ဘောတူစာချုပ်တွင် ‌ဖော်ပြထားသည်။ စာချုပ်၌ ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်ခွင့်ရရှိပါက ‌ဒေသခံများကို ကျပ် ၁၂သိန်းစီ ထပ်မံ ‌ပေးအပ်သွားမည်ဟုလည်း ပါရှိသည်။
IMG_7010
ဖြူမင်းထွန်းကုမ္ပဏီသည် မင်းလွင်‌တောင်ကို ဓာတ်သတ္တု စမ်းသပ်တိုင်းတာ‌ရေးကာလအဖြစ် ၂၂-၄-၂၀၁၅မှ ၂၁-၄-၂၀၁၆ရက် ‌နေ့အထိ မြန်မာအစိုးရ၏ သတ္တုတွင်းဝန်ကြီးဌာနထံမှ ၂၀၁၅၊ ဧပြီလ ၂၃ရက်‌နေ့က ခွင့်ပြုမိန့်စာ ရရှိခဲ့သည်။ ထို့အတူဖြစ်‌မြောက် နိုင်စွမ်း‌လေ့လာ‌ရေးကာလအဖြစ် ၂၂-၄၂၀၁၆ရက်မှ ၂၁-၄၂၀၁၇ရက်‌နေ့အထိ ခွင့်ပြုချက် ရရှိခဲ့ပြီး‌နောက် ကုမ္ပဏီသည် ‌ဒေသခံ လယ်ယာ‌မြေများ‌ပေါ် လမ်း‌ဖောက်လုပ်ခြင်း၊ မင်းလွင်‌တောင် ထုံး‌ကျောက်များကို တူး‌ဖော်‌ဖောက်ခွဲကာ ကားကြီးများဖြင့် သယ် ယူခြင်းနှင့် ‌ကျောက်သယ်ရာမှ ထွက်ရှိ‌သော ဖုန်မှုန့်များ လွှင့်စင်ပြန့်နှံ့ခြင်းတို့‌ကြောင့် ‌ဒေသခံများအ‌ပေါ် မ‌ကျေနပ်မှုများ ရှိလာ ‌စေခဲ့သည်။

ထိုစမ်းသပ်မှုကာလ မင်းလွင်‌တောင်သား ‌ကျောက်များ အဖဲ့ထုတ်ခံရမှု ဆိုးရွားလာပြီး ‌ဒေသခံများ ခံစားရသည့် စိုးရိမ်ပူပန်မှုများ ကို သိရှိနားလည်‌သော လူထုအ‌ခြေပြုလှုပ်ရှားသူအချို့နှင့် သထုံမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ၊ Mata၊ ကရင် လူထုအ‌ရေး လိုက်လံ‌ဆောင်ရွက်သည့် လူငယ်များက အ‌ခြေအ‌နေများကို ကွင်းဆင်း‌လေ့လာခဲ့ကြသည်။ ၎င်း‌နောက် ‌ဒေသခံ များသည် မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မှုစီမံကိန်း လုံးဝ ရပ်တန့်ရန် တက်ကြွလှုပ်ရှားသူများနှင့် ‌ဒေသခံများ စု‌ပေါင်းကာ ၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၂၁ရက်‌နေ့စွဲဖြင့် ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်သို့ လိပ်မူပြီး စာတစ်‌စောင် ‌ပေးပို့ ခဲ့သည်။

ထို့အပြင် ‌ဒေသခံများ အပါအဝင် သထုံမြို့နယ် ကရင်စာ/ယဉ်နှင့် တက်ကြွလှုပ်ရှားသူများက မတ်လ ၁၂ရက်‌နေ့တွင် ‌ကေအဲန် ယူ ဗဟိုစီးပွား‌ရေး‌ကော်မတီ ဥက္ကဌ ပဒို‌စောတာဒိုမူးနှင့် ‌ကေအဲန်ယူ သထုံခရိုင် တာဝန်ရှိသူများကို မွန်ပြည်နယ် ‌မော်လမြိုင်တွင် ‌တွေ့ဆုံပွဲ ပြုလုပ်ကာ မင်းလွင်‌တောင် စမ်းသပ်တိုင်းတာကာလပြီးသည်နှင့် ဘိလပ်‌မြေစက်ရုံ စီမံကိန်း လုံးဝ ရပ်တန့်သွားရန် ထပ်မံ ‌တောင်းဆိုခဲ့ကြသည်။

ယင်းစီမံကိန်းရပ်တန့်‌ရေး လှုပ်ရှားမှု အရှိန်အဟုန်မြင့်လာပြီး ‌ဒေသခံနှင့် တက်ကြွလှုပ်ရှားသူတို့ ပူး‌ပေါင်းကာ မင်းလွင်‌တောင် ‌ဒေသရှိ မင်းလွင်၊ ပိန္နဲ‌တော၊ အလယ်ရွာ၊ အင်းရွာ၊ ထီးဖိုးသစ်၊ ဝမ်းဘဲအင်း၊ ပန်းသာ၊ ပအိုဝ်းစု၊ ‌မောကလိုး၊ ပုရိတ်ခို၊ ကုလားစု၊ အင်‌တော၊ စီဆုံနှင့် မတ်ချရွာများသို့ ကွင်းဆင်း၍ သု‌တေသန ပြုလုပ်ခဲ့သည်။ ထိုမှရရှိလာ‌သော အချက်အလက်များကို ၁၁ရက် ‌နေ့က မွန်ပြည်နယ်၊ သထုံမြို့တွင် ပြန်လည်ရှင်းလင်းကာ “မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး ‌ကော်မတီ”တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ဘိလပ်‌မြေစက်ရုံစီမံကိန်း လုံးဝ ရပ်ဆိုင်းနိုင်‌ရေးအတွက် သု‌တေသန အချက်အလက်များကို အစီရင်ခံစာ‌ရေးသားကာ ‌ကေအဲန်ယူ ဗဟို စီးပွား‌ရေး‌ကော်မတီသို့ စီမံကိန်းဖျက်သိမ်း‌ရေး တင်ပြချက်စာနှင့်အတူ ဧပြီလ ၂၁ ရက်‌နေ့က ‌ပေးပို့ခဲ့သည်။

‌ကေအဲန်ယူဘက်က အဆိုပါအစီရင်ခံစာကို စစ်‌ဆေးကာ ဧပြီလ ၂၂ရက်စွဲဖြင့် မင်းလွင်‌တောင်စီမံကိန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ် ‌ကြောင်း ဖြူမင်းထွန်းကုမ္ပဏီထံသို့ အ‌ကြောင်းကြားစာ ‌ပေးပို့ခဲ့သည်။ ‌ကေအဲန်ယူအ‌နေဖြင့် မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ ဖြစ်နိုင်‌ခြေဆန်းစစ်မှုကို ခွင့်ပြုခဲ့‌သော်လည်း ကုမ္ပဏီသည် ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက်‌နေ့က ‌ကေအဲန်ယူထံ အ‌ကြောင်းကြား ပြီးကတည်းက ပြန်လည်ဆက်သွယ်ရန် ပျက်ကွက်ခြင်း၊ လုပ်ငန်း‌ဆောင်ရွက်ရန် ‌ဒေသခံများ၏ သ‌ဘောတူညီမှု မရှိခြင်း၊ ‌ကေအဲန်ယူထံ ခွင့်ပြုချက်ရယူပြီး မဟုတ်မမှန်‌သော အ‌ကြောင်းအရာများ ‌ပြောကြားခြင်းနှင့် ‌ဒေသခံများ အထွဋ်အမြတ်ထားရာ ‘‌တောင်’ ဖြစ်ခြင်းတို့‌ကြောင့် ရပ်ဆိုင်းရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု အ‌ကြောင်းကြားစာတွင် ‌ဖော်ပြထားသည်။

၎င်း‌နောက် တက်ကြွလှုပ်ရှားသူနှင့် ‌ဒေသခံများစု‌ပေါင်းပြီး မင်းလွင်‌တောင်ကို ကာကွယ်ရန် ရည်ရွယ်၍ ဆု‌တောင်း‌မေတ္တာ ပို့သ ခြင်းနှင့် သတင်းအချက်အလက် မျှ‌ဝေခြင်း အခမ်းအနားတစ်ရပ်ကို ဧပြီလ ၂၉ရက်‌နေ့က မင်းလွင်‌တောင်‌ခြေ ဝမ်းဘဲအင်း (နို့ထို့ ‌ဒေ့)‌ကျေးရွာ ‌တောရ‌ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ရာ ‌ကေအဲန်ယူ သထုံမြို့နယ် ဥက္ကဋ္ဌ ‌စော‌ကော်သဘ‌လေး အပါအဝင် ‌ဒေသ ဆိုင်ရာ အစိုးရတာဝန်ရှိသူများလည်း တက်‌ရောက်ခဲ့သည်။

‌ကေအဲန်ယူ သထုံမြို့နယ် ဥက္ကဋ္ဌက “မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ စီမံကိန်းကိစ္စဟာ ‌ဒေသခံ‌ပေါ် အဓိက မူတည်ပါတယ်။ ကျ‌နော်တို့က‌တော့ ‌ဒေသခံ‌တွေရဲ့ သ‌ဘောထားကို တန်ဖိုးထားတယ်။ သူတို့ဆန္ဒအတိုင်း ရပ်တည်‌ပေးမှာ ဖြစ်ပါတယ်”ဟု ၎င်း ၏သ‌ဘောထားကို ‌ဒေသခံများအား ‌ပြောသည်။

မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး ‌နော်က‌ပေါ်‌စေးက “အဲဒီ‌ဒေသမှာရှိ တဲ့ ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်ကို ကျမ ‌ပြောတယ်‌လေ။ နင်တို့ ပြည်သူလူထုအတွက် အလုပ်လုပ်တယ်ဆိုရင် ပြည်သူလူထုရဲ့ မျက်နှာကို ကြည့်ရမယ်။ ဒီ‌တောင်ဟာ ‌ဒေသခံ‌ကော နင်တို့အတွက်ပါ အကျိုးပြုခဲ့တဲ့ ‌တောင် ဖြစ်လို့ပဲ”ဟု ‌ထောက်ပြ‌ပြောဆိုခဲ့ သည်။

မင်းလွင်‌တောင်သည် ‌ဒေသခံများ၏ အသက်‌မွေးဝမ်း‌ကျောင်းအတွက် မရှိမဖြစ် လိုအပ်သလို ကရင့်‌တော်လှန်‌ရေး နှစ်‌ပေါင်း (၆၀)‌ကျော်ကာလအတွင်း ‌ကေအဲန်ယူ၏ မှီခိုရာ ‌တောင် ဖြစ်သည်။ ‌ကေအဲန်ယူသည် မင်းလွင်‌တောင်စီမံကိန်းနှင့်ပတ်သက်၍ အစပိုင်း၌ ‌ဒေသခံ ကရင်လူထုများနှင့် နားလည်မှုလွဲကာ မသင့်မြတ်စရာ အ‌ကြောင်းဖန်လာခဲ့‌သော်လည်း ‌နောက်ဆုံးတွင် သ‌ဘော‌ပေါက် နားလည်သွားခဲ့သည်။

ဤစီမံကိန်းနှင့် စမ်းသပ်တိုင်းတာမှုကာလမှာ ၂၀၁၆ခုနှစ်၊ ဧပြီလ ၂၂ရက်တွင် ကုန်ဆုံးသွားပြီဖြစ်သလို ‌ကေအဲန်ယူကလည်း ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ သို့‌သော် မင်းလွင်‌တောင်‌ခြေတွင် ‌ဒေသခံအချို့ လုပ်ကိုင်‌နေ‌သေးသည့် အ‌သေးစား ‌ကျောက်ထုတ်လုပ်ငန်းများကိုပါ အဆုံးသတ်နိုင်ရန် ‌ဒေသခံများက လိုလားသည့်အတွက် ‌ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီတို့ ဆက်လက် ကြိုးပမ်းလျှက်ရှိသည်။
IMG_6891
ယခုနှစ် ‌မေလ ၆ရက်‌နေ့၌ အ‌သေးစား လက်လုပ်လက်စား ‌ကျောက်ထုတ်လုပ်ငန်း ရပ်ဆိုင်း‌ရေးကို ကြိုးပမ်း‌သောအားဖြင့် သထုံ မြို့နယ် ပိန္နဲ‌တော‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည့် အစည်းအ‌ဝေးသို့ တက်‌ရောက်သူ ဆိုင်ရာ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးအဖွဲ့များက လုပ်ငန်းရပ်ဆိုင်း‌ရေးအတွက် အများစု သ‌ဘောတူလက်မှတ်ထိုးထားပြီ ‌မေလ ၁၈ရက် ‌နေ့တွင် လုံးဝ ရပ်ဆိုင်းရန် သ‌ဘောတူထားပြီးဖြစ်သည်ဟုလည်း ပိန္နဲ‌တော‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စောလှမင်းဦးက ယခုလို ‌ပြောဆိုသည်။

“မင်းလွင်‌တောင်မှာ ‌ကျောက်ထုတ်လုပ်ငန်းအားလုံး ရပ်ဆိုင်းဖို့ ကျ‌နော်တို့ လက်မှတ်ထိုးရမယ့် ၁၇ဦးမှာ ‌ကေအဲန်ယူ ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး (‌မောင်‌လေး‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး) ‌စော‌ဌေးဝင်းပဲ လို‌တော့တယ်။ အဲဒီကိစ္စ အဆင်‌ပြေသွားရင် ‌ကျောက်လုပ် ငန်း လုပ်ကွက်ပိုင်ရှင်‌တွေကို ကျ‌နော်တို့ စာထုတ်ပြီး အ‌ကြောင်းကြားသွားဖို့ ရှိပါတယ်။ ‌လော‌လောဆယ် သူ့ကို ကျ‌နော်တို့ ‌စောင့်‌နေပါတယ်။ ဒီကိစ္စ‌ပြေလည်သွားတဲ့အထိ ကျ‌နော်တို့ ကြိုးစားသွားမှာပါ”ဟု ၎င်းက ဆိုသည်။

ဝမ်းဘဲအင်းရွာ မင်းလွင်‌တောင်‌ခြေ၌ ပြုလုပ်ခဲ့‌သော ဆု‌တောင်း ‌မေတ္တာပို့သခြင်းနှင့် သတင်းအချက်အလက် မျှ‌ဝေခြင်း အခမ်း အနားတွင် မင်းလွင်‌ဒေသခံ အားလုံးကိုယ်စား ‌ဆွေး‌နွေးခဲ့သူ မင်းလွင်ရွာ‌ဒေသခံ ‌နော်‌ဖော‌နော်က “ကျမတို့ မင်းလွင်‌တောင်ကို ကုမ္ပဏီကို စမ်းသပ်ကာလ ခွင့်ပြုထားတာလည်း ကုန်သွားပါပြီ။ ‌နောက်ဆို ဒီ‌တောင်ကို စီမံကိန်းလုပ်ဖို့ ဘယ်သူလာ‌ပြော‌ပြော ကျမတို့ နားမ‌ယောင်‌တော့ပါဘူး။ ကျမတို့ ‌ဒေသခံ‌တွေ အားလုံး ပူး‌ပေါင်းပြီး ကျမတို့ရဲ့‌တောင်ကို ထာဝရ ကာကွယ်သွားမှာ ဖြစ်ပါတယ်”ဟု ‌ပြောဆိုသည်။