Home သတင်း တယ်လီ‌နော ‌မြေမြှုပ်ဆက်သွယ်‌ရေးကြိုးများ ပြန်ထုတ်‌ပေးရန် ‌နောင်ကမြိုင်‌ဒေသခံများ လိုလား

တယ်လီ‌နော ‌မြေမြှုပ်ဆက်သွယ်‌ရေးကြိုးများ ပြန်ထုတ်‌ပေးရန် ‌နောင်ကမြိုင်‌ဒေသခံများ လိုလား

2407
Exif_JPEG_420

‌မေလ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား

ဖားအံမြို့နယ်၊ ‌နောင်ကမြိုင်‌ကျေးရွာ၌ မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်း MPT နှင့် Telenor ဆက်သွယ်‌ရေး ဖိုင်ဘာဆက်‌ကြောင်း တူး‌ဖော်ရာတွင် ‌မြေမြှုပ်ထား‌သော ဆက်သွယ်‌ရေးကြိုးများကို Fiber Optic Communication Network Co Lt.d မှ ပြန်လည် ရုပ်သိမ်းထုတ်‌စေလိုလား‌ကြောင်း လယ်‌မြေ၊ အိမ်‌မြေ ထိပါးခံရသည့် ‌ဒေသခံများက ‌မေလ ၂၇ရက်‌နေ့တွင် ‌ပြောဆိုသည်။

‌မေလ ၈ရက်‌နေ့က ‌နောင်ကမြိုင်အုပ်ချုပ်‌ရေးရုံးတွင် ဆက်သွယ်‌ရေး ဖိုက်ဘာဆက်‌ကြောင်း ‌မြောင်းတူး‌ဖော်ရာ၌ ဦး‌ဆောင်သူ ဒီဇိုင်းနာ ဗိုလ်မြင့်‌ထွေးတို့အဖွဲ့နှင့် ‌နောင်ကမြိုင်အုပ်ချုပ်‌ရေးမှူး ‌စော‌မောင်တုတို့က ‌ဒေသခံ ‌မြေပိုင်ရှင်အချို့နှင့် ‌တွေ့ဆုံပြီး ယင်း ကိစ္စအ‌ပေါ် ‌ဖြေရှင်း‌ပေးမည်ဟု ‌ပြောခဲ့‌သော်လည်း ယခုအချိန်ထိ လုပ်ငန်း ဆက်လက် လုပ်ကိုင်‌နေကြဆဲဖြစ်‌ကြောင်း ‌နောင်က မြိုင်‌ဒေသခံ ‌စောအနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ကို ‌ဖြေရှင်း‌ပေးမယ်လို့ ‌ပြော‌ပေမယ့် အခုထိ ‌ဒေသခံ‌တွေ မ‌တွေ့တဲ့အခါ ‌မြောင်း‌တွေ ဆက်တူး‌နေတုန်းပဲ။ အမြန်ဆုံး ‌ဖြေရှင်း‌ပေးတာ လိုချင်တယ်။ ‌ဒေသခံအများစုက‌တော့ ‌လျော်‌ကြေးထက် ကြိုး‌တွေကို ပြန်ထုတ်ဖို့ သ‌ဘောထားရှိကြတယ်။ သတ်မှတ်ချက်အတိုင်း လမ်း‌ဘေးမှာပဲ ဆက်လုပ်‌စေချင်တယ်”ဟု ‌စောအနိုင်က ‌ပြောဆိုသည်။

Fiber Optic Communication Network Colt.d မှ အလုပ်သမားအဖွဲ့သည် ‌နောင်ကမြိုင်‌ကျေရွာ လယ်ကွင်း တစ်ခုတွင် ယမန် ‌နေ့ကအထိ ဆက်သွယ်‌ရေး ဖိုင်ဘာဆက်‌ကြောင်း‌မြောင်းတူး‌ဖော်မှုများ ဆက်လက် လုပ်‌ဆောင်‌နေသည့်အ‌ပေါ် ‌ဒေသခံအချို့က သွား‌ရောက်တားမြစ်ရာတွင် အ‌ချေအတင်ဖြစ်ကာ မြို့နယ်အုပ်ချုပ်‌ရေးမှူးနှင့် တာဝန်ရှိသူ ရဲအချို့ သွား‌ရောက်‌ဖြေရှင်းခဲ့ရ‌သေး သည်ဟု သိရသည်။

ထို့အပြင် ‌နောင်ကမြိုင်‌ကျေးရွာအနီး မိုင်ကံ‌ကျေးရွာ ‌ဒေသခံပိုင် ‌မြေယာများ‌ပေါ်တွင် ဖြတ်သန်းတူး‌ဖော်ထား‌သော ဆက်သွယ် ‌ရေး ဖိုင်ဘာဆက်‌ကြောင်း တူး‌မြောင်းများတွင် “မထိရ”ဟု ‌ရေးထားသည့် ကွန်ဂရစ်တိုင် ‌ထောင်ထား‌ကြောင်းနှင့် ၎င်းတို့‌ကျေး ရွာတွင် ယင်းကဲ့သို အဖြစ်မခံနိုင်‌ကြောင်း ‌ဒေသခံ ရွာသူရွာသားများက ‌ပြောဆို‌နေကြသည်။

‌နောင်ကမြိုင်ရှိ ‌မြေယာများ‌ပေါ် ဆက်သွယ်‌ရေး ဖိုင်ဘာဆက်‌ကြောင်း တူး‌ဖော်မှုအ‌ပေါ် ဦး‌ဆောင်သူ ဒီဇိုင်းနာ ဗိုလ်မြင့်‌ထွေးကို ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်းသည့်အခါ ‌ဖြေဆိုရန် ငြင်းဆိုခဲ့ပြီး ၎င်းကိစ္စကို သွား‌ရောက်‌ဖြေရှင်းမည့် မိတ်‌ဆွေတစ်ဦးအား ‌မေး မြန်းရန်သာ ‌ပြောသည်။

‌နောင်ကမြိုင်‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စော‌မောင်တုက “ဒီဆက်သွယ်‌ရေး‌မြောင်း တူးတဲ့ကိစ္စက ‌နောင်ကမြိုင်မှာ သ‌ဘောမတူတဲ့ ‌ဒေသခံ‌တွေ တစ်‌ယောက်၊ နှစ်‌ယောက်စပဲ ရှိပါတယ်။ သူတို့နဲ့ ဘယ်လို‌ဖြေရှင်းရမှာကို‌တော့ ကျ‌နော်လည်း မသိပါဘူး”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

‌နောင်ကမြိုင်တွင် MPT နှင့် Telenor မြန်မာဖုန်းလိုင်းအတွက် ‌မြေ‌အောက် ဆက်သွယ်‌ရေး ဖိုင်ဘာဆက်‌ကြောင်း ‌ဖောက်လုပ်ရာ တွင် ‌ဒေသခံ ၄၂ဦး၏ ‌မြေယာ‌ပေါ်ကို ဖြတ်သန်းရ‌ကြောင်းနှင့် လက်ရှိ ကရင်ပြည်နယ်တွင် သွယ်တန်းမည့်လမ်း‌ကြောင်းမှာ ‌တောင်ငူ၊ ဖား‌ဆောင်း၊ ဖာပွန်နှင့် ဖားအံမြို့အထိ တူး‌ဖော်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ဖိုင်ဘာဆက်သွယ်‌ရေး ဆက်‌ကြောင်းနှင့်ပတ်သက်၍ ကားလမ်း ဝဲ၊ ယာ လမ်းနယ်နိမိတ်အဆုံးတွင် ပြုလုပ်မည်ဟု ၂၀၁၅ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၂၆ရက်စွဲဖြင့် ဖားအံခရိုင် အ‌ထွေ‌ထွေဦးစီးဌာနသို့ တင်ပြထားသည့် Fiber Optic Communication Network Co Ltd ၏ လုပ်ကိုင်ခွင့်စာတွင် ‌ဖော်ပြထား‌သော်လည်း လက်‌တွေ့တွင် ‌ဒေသခံများ ပိုင်ဆိုင်သည့် လယ်‌မြေ၊ အိမ်‌မြေဝင်းအတွင်း တူး‌ဖော်မှုများ ရှိ‌နေ‌ကြောင်း မ‌ကျေနပ်သည့် ‌ဒေသခံများက ‌ပြောသည်။