Home သတင်း ဆီအုန်းစိုက်ပျိုး‌ရေး စီမံကိန်း‌ကြောင့် ထိခိုက်နစ်နာမှုများကို ‌ဖြေရှင်း‌ပေးရန် ထားဝယ်ရှိ လူမှုအဖွဲ့နှင့် KNU တို့ ‌တွေ့ဆုံ

ဆီအုန်းစိုက်ပျိုး‌ရေး စီမံကိန်း‌ကြောင့် ထိခိုက်နစ်နာမှုများကို ‌ဖြေရှင်း‌ပေးရန် ထားဝယ်ရှိ လူမှုအဖွဲ့နှင့် KNU တို့ ‌တွေ့ဆုံ

1983

‌မေ ၈ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

တနသင်္ာရီတိုင်း‌ဒေသကြီး၊ တနသင်္ာရီမြို့နယ်အတွင်း လုပ်‌ဆောင်‌နေသည့် Myanmar Stark Prestige Plantation Company (MSPP)၏ ဆီအုန်းစိုက်ပျိုး‌ရေးစီမံကိန်း‌ကြောင့် ဖြစ်‌ပေါ်လာသည့် ‌ဒေသခံများ၏ ထိခိုက်နစ်နာမှုများကို ‌ဖြေရှင်း‌ပေးရန် ထားဝယ် ရှိ လူမှုအဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်များသည် ကရင်အမျိုးသားအစည်းရုံး-KNU ဗဟို ‌ခေါင်း‌ဆောင်အချို့ကို ‌မေလ ၆ရက် ‌နေ့က လာ‌ရောက်‌တွေ့ဆုံခဲ့သည်။

ထားဝယ်အ‌ခြေစိုက် လူမှုအဖွဲ့အစည်းများဖြစ်ကြသည့် Southern Youth Social Development Association အပါအဝင် ခိုင်မြဲ သစ္စာ သဘာဝပတ်ဝန်းကျင် ‌ရေရှည် တည်တံ့ခိုင်မြဲ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့မှ ကိုယ်စားလှယ် ၅ဦးက KNU တွဲဖက်အတွင်း ‌ရေးမှူး(၂) ပဒိုမန်းမန်းမန်း၊ သစ်‌တောဌာနတာဝန်ခံ ပဒိုမန်းဘထွန်း၊ စီးပွား‌ရေး‌ကော်မတီ တာဝန်ခံ ပဒို‌စောတာဒိုမှူးတို့ကို ထိုင်း- မြန်မာနယ်စပ်တစ်‌နေရာ၌ လာ‌ရောက်‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

၎င်း‌တွေ့ဆုံမှုအ‌ပေါ် ခိုင်မြဲသစ္စာ သဘာဝပတ်ဝန်း ကျင်‌ရေရှည် တည်တံ့ခိုင်မြဲ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့မှ တာဝန်ခံ ‌နော်ဘူ လားက “‌ဒေသခံ‌တွေရဲ့ထိခိုက်နစ်နာမှု‌တွေအတွက် KNU ဘိတ်-ထားဝယ်ခရိုင်ကို စာတင်ထားတယ်။ ‌ဒေသခံ‌တွေရဲ့ ထိခိုက်မှု ‌တွေ ခံစားရတဲ့ ဆိုးကျိုး‌တွေအတွက် ‌ဖြေရှင်း‌ပေးနိုင်ဖို့ ‌လော‌လောဆယ် ကုမ္ပဏီကို ရပ်ဆိုင်းပြီး အရင်က ဆုံးရှုံးသွားတဲ့ဟာ‌တွေ ကို ‌ဖြေရှင်းပြီးမှ ဆက်လုပ်‌စေချင်လို့ KNU ဗဟိုက ‌ခေါင်း‌ဆောင်‌တွေနဲ့ လာ‌ရောက်‌တွေ့ဆုံရခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့‌တွေ့ဆုံရာတွင် ကုမ္ပဏီ၏ စီမံကိန်းဧရိယာအတွင်း ‌ဒေသခံများ၏ ဥယျာဉ်၊ ခြံ‌မြေများ ပါဝင်‌နေခြင်း၊ ‌ဒေသခံများ၏ ကွမ်းသီး ပင်၊ သီဟိုဠ်ပင်များ ပျက်စီးဆုံးရှုံးခြင်း၊ ဆီအုန်းပျိုးပင်များပက်ဖျန်းသည့် ပိုးသတ်‌ဆေးများ ‌ချောင်းအတွင်းစီးဝင်ခြင်း၊ စီမံကိန်း လုပ်‌ဆောင်ရာတွင် ‌ဒေသခံများအား အသိ‌ပေးမှုမရှိခြင်း၊ သီးနှံစိုက်ပျိုးခြင်းထက် သစ်ထုတ်လုပ်‌နေခြင်း စသည့်ကိစ္စရပ်များကို တင်ပြ‌ဆွေး‌နွေးခဲ့‌ကြောင်း သိရသည်။

၎င်းအပြင် ထိခိုက်နစ်နာမှုများဖြစ်‌ပေါ်‌နေသည့် ‌ဒေသခံများအ‌နေဖြင့် စီမံကိန်းခွင့်ပြုချက်ရထားသည့် ဧရိယာများအား ပြန်လည် စိစစ်‌ပေး‌ရေး၊ မစိုက်ပျိုးနိုင်သည့် ဧရိယာများကို သိမ်းယူပြီး မူလပိုင်ရှင်များ ပြန်လည်ရရှိ‌အောင် လုပ်‌ဆောင်‌ပေး‌ရေးအပြင် နစ်နာ သူများအား ထိုက်တန်သည့် ‌လျော်‌ကြေး‌ပေး‌ရေး သစ်မခုတ်‌ရေးတို့ကိုလည်း ‌ဒေသခံများက လိုလား‌နေကြသည်။

KNU သစ်‌တောဌာန တာဝန်ခံ ပဒိုမန်းဘထွန်းက “ဗဟိုဘက်က ‌မြေယာ‌ဖြေရှင်း‌ရေး‌ကော်မတီ၊ စီးပွား‌ရေး‌ကော်မတီ ဥက္ကဌ‌တွေနဲ့ ‌တွေ့သွားတယ်။ ကျ‌နော်တို့ဘက်က‌တော့ KNU အ‌နေနဲ့‌ရော သူတို့‌ဒေသခံ‌တွေအ‌နေနဲ့‌ရော အစိုးရနဲ့ လွှတ်‌တော်ကိုတင်ဖို့ တစ်လမ်း၊ ‌ဒေသခံနဲ့ လူမှုအဖွဲ့အစည်း‌တွေက ‌နေတစ်ဆင့်လွှတ်‌တော်တင်ဖို့တစ်လမ်း ဆိုပြီး ပြန်‌ဆွေး‌နွေးအကြံ‌ပေးထားတယ်။ ‌နောက်ပြီး KNU ဗဟို၊ ခရိုင်နဲ့ နစ်နာတဲ့‌ဒေသခံ‌ရော CBO ‌တွေ‌ရော အမြန်ဆုံးပြန်‌တွေ့ဖို့ အစီအစဉ်လည်း ရှိပါတယ်״ဟု ‌ပြော သည်။

MSPP ကုမ္ပဏီမှ ခွင့်ပြုချက် ရထားသည့် ဆီအုန်းစိုက်ပျိုး‌ရေး စီမံကိန်းဧရိယာတွင် KNU ဘိတ်-ထားဝယ်ခရိုင် လယ်မူလားမြို့ နယ်အတွင်းရှိ စွယ်‌ချောင်း(တာမဲ)၊ ‌ဘောဆနွင်း(‌ဘောတ‌နော)၊ ကဝက်(ကဝဲ)၊ သိမ်ပြင်(တဖိုခီး) စသည့်‌ကျေးရွာများမှ ‌ဒေသခံ ၃၇ဦး ပိုင်ဆိုင်သည့် ‌မြေဧက ၁၂၂၇ဧက ပါဝင်‌နေ‌ကြောင်း ‌ဒေသခံများအား ကူညီ‌ပေး‌နေသည့် လူမှုအဖွဲ့အစည်းများက အချက် အလက်စာရင်းများကို ‌ကောက်ယူရရှိထားသည်။

MSPP ကုမ္ပဏီသည် မ‌လေးရှားနိုင်ငံရှိ Prestige Platform Sdn Bhd Co., Ltd နှင့် မြန်မာကုမ္ပဏီ Stark Industries Co., Ltd တို့၏ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှု‌ကော်မရှင်(MIC) ခွင့်ပြုချက် အမှတ် ၄၅၇/၂၀၁၁အရ တနသင်္ာရီမြို့နယ် ကဝက်-‌ကော့မပြင်း ဧရိယာတွင်းရှိ ‌မြေ‌နေရာဧက ၄၂၂၀ဝဧကဖြင့် နှစ် ၃ဝ လုပ်ကိုင်ခွင့်ရထား‌ကြောင်း သိရ သည်။

အဆိုပါ ဆီအုန်းစိုက်ပျိုး‌ရေး စီမံကိန်းများကို လုပ်ကိုင်ခွင့်ရသည့် ၂၀၁၁ခုနှစ်မှ စတင်ကာ ‌တောခုတ် ရှင်းလင်းမှုများပြုလုပ်ပြီး စိုက်ပျိုးလာခဲ့ရာ လက်ရှိတွင် ‌မြေဧက‌ပေါင်း ၆၀၀၀‌ကျော်မှာ ဆီအုန်းစိုက်ပျိုးထားပြီးဖြစ်‌ကြောင်း ‌ဒေသခံလူမှုအဖွဲ့အစည်းများ၏ စာရင်းအရ သိရသည်။