Home သတင်း ခလယ်ရွာ၌ ပထမဆုံးအကြိမ် အ‌ခြေခံ၊ အဆင့်မြင့် အဂင်္လိပ် သဒ္ဒါနှင့် စကား‌ပြော သင်တန်းပြီးဆုံး

ခလယ်ရွာ၌ ပထမဆုံးအကြိမ် အ‌ခြေခံ၊ အဆင့်မြင့် အဂင်္လိပ် သဒ္ဒါနှင့် စကား‌ပြော သင်တန်းပြီးဆုံး

2693

‌မေ ၃၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

အလယ်တန်းအဆင့်မှ တက္ကသိုလ်တက်‌ရောက်‌နေသည့် ‌ကျောင်းသူ‌ကျောင်းသားများ အဂင်္လိပ်စာကို မြန်မာဘာသာပြန်တတ် ရန်နှင့် သဒ္ဒါပိုင်းဆိုင်ရာ ပိုနားလည်လာရန် ရည်ရွယ်၍ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ရွာ ရာပြည့်ဓမ္မဗိမ္မာန်ဘုန်းကြီး‌ကျောင်း တွင် ပြုလုပ်ခဲ့သည့် အ‌ခြေခံ၊ အဆင့်မြင့် အဂင်္လိပ်သဒ္ဒါနှင့် စကား‌ပြောသင်တန်းကို ‌မေလ ၂၉ရက်‌နေ့တွင် ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။

ခလယ်‌ကျေးရွာ ဘဒ္ဒန္တပဏ္ဍိတ ဓမ္မပညာ‌ရေး‌ဖောင်‌ဒေးရှင်းမှ ဦးစီးပြီး ဧပြီလ (၁)ရက်မှ ‌မေလ (၂၈)ရက်‌နေ့အထိ ဖွင့်လှစ်သင် ကြားပို့ချ‌ပေးခဲ့‌သော သင်တန်းတွင် သင်တန်းသူ/သင်တန်းသား(၉၀)ဦးအား သင်တန်းဆရာ ၂ဦးတို့က သင်ကြားပို့ချ‌ပေးခဲ့ခြင်း ဖြစ်သည်။

သင်တန်းဆရာ ဦးသက္ကသာရက “အဂင်္လိပ်စာ‌တော့ ဖတ်တတ်တယ်။ မြန်မာလို သူတို့ဖာသာ မပြန်တတ်ဘူး။ အဲဒါ‌တွေကို သဒ္ဒါ ပိုင်းဆိုင်ရာမှာ‌ရော စာပိုဒ်ခွဲတဲ့‌နေရာမှာ‌ရော သင်‌ပေးရတယ်။ အဓိက ရည်ရွယ်ချက်က‌တော့ စကား‌ပြောနဲ့ သဒ္ဒါပိုင်းကို နားလည် လာဖို့အတွက်ပဲ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ မိန့်ကြားသည်။

သင်တန်းဆင်းပွဲတွင် ခလယ်‌ကျေးရွာအုပ်စုမှ အုပ်ချုပ်‌ရေးမှူး ‌စောဆန်းညွန့်‌မောင်၊ သင်တန်းသူသင်တန်းသားများ၊ ဆရာဆရာမ များနှင့် ရပ်မိရပ်ဖများ အပါအဝင် စုစု‌ပေါင်း(၁၀၀)နီးပါး တက်‌ရောက်ခဲ့ကြသည်။
Speaking training 2
သင်တန်းတက်‌ရောက်သူ ဖားအံတက္ကသိုလ် ဒုတိယနှစ်‌ကျောင်းသား ‌စောထွန်းဝင်းက “‌ကျောင်းမှာ အဓိကသင်‌ပေးတဲ့အပိုင်းမှာ ‌ရေးသားတဲ့အပိုင်းရယ်။ ကျက်‌ဖြေတဲ့အပိုင်း ပိုများတာ‌ပေါ့။ ဒီမှာက အဓိက စကား‌ပြောအပိုင်းရယ်၊ သဒ္ဒါပိုင်းရယ် ‌လေး‌လေးနက် နက် သင်‌ပေးတယ်။ အချိန်နည်းနည်း‌လေးနဲ့သင်ရ‌ပေမယ့် အဂင်္လိပ်စကား‌ပြောအပိုင်းမှာ‌တော့ ‌တော်‌တော်‌လေး ရသွားတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘဒ္ဒ န္တပဏ္ဍိတဓမ္မပညာ‌ရေး‌ဖောင်‌ဒေးရှင်းသည် တက္ကသိုလ်ဝင်တန်း‌အောင် ‌ကျောင်းသူ/‌ကျောင်းသားများကို ပညာသင်‌ထောက် ပံ့‌ပေးခြင်း၊ ‌နွေရာသီကရင်စာ‌ပေသင်တန်းများ၊ ယဉ်‌ကျေးလိမ္မာသင်တန်းများကို နှစ်စဉ်သင်ကြားသွားရန် ရည်ရွယ်ပြီး ၂၀၁၁ခု နှစ်တွင် ခလယ်ရွာတိုက်အုပ် ဆရာ‌တော် ဦးနိမလာစာရက တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။