Home သတင်း နိုင်ငံ‌တော် တာဝန်ထမ်း‌ဆောင်ရန် ကရင်ပြည်နယ် ဝန်ကြီးချုပ်သစ် နန်းခင်‌ထွေးမြင့် ကျမ်းသစ္စာကျိန်ဆို

နိုင်ငံ‌တော် တာဝန်ထမ်း‌ဆောင်ရန် ကရင်ပြည်နယ် ဝန်ကြီးချုပ်သစ် နန်းခင်‌ထွေးမြင့် ကျမ်းသစ္စာကျိန်ဆို

1663

ဧပြီ ၁ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဝန်ကြီးချုပ်သစ် ဖြစ်လာသည့် နန်းခင်‌ထွေးမြင့်သည် နိုင်ငံ‌တော်တာဝန်ထမ်း‌ဆောင်ရန်အတွက် ယ‌နေ့(ဧပြီ ၁ရက်) ပြုလုပ်သည့် ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်‌တော်၊ ပဉ်စမအကြိမ်ပုံမှန်အစည်း‌ဝေးတွင် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီဖြစ်သည်။

ယ‌နေ့ နံနက် ၁ဝ နာရီ၊ ကရင်ပြည်နယ် ဖားအံမြို့ ကရင်ပြည်နယ်လွှတ်‌တော်၌ စတင်သည့် ကျမ်းကျိန်ပွဲ အခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်‌တော် ဥက္ကဋ္ဌ ‌စောချစ်ခင်မှ ပြည်နယ်ဝန်ကြီးချုပ်သစ် နန်းခင်‌ထွေးမြင့်အား ကျမ်းသစ္စာကျိန်ဆိုရန် ‌ကြေညာပြီး ကျမ်းကျိန်ရွက်ဆို‌ရေးအတွက် ‌ရှေ့မှ တိုင်တည်‌ပေးခဲ့သည်။

ကျမ်းကျိန်ပွဲ အခမ်းအနားအပြီးတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်သစ် နန်းခင်‌ထွေးမြင့်က “ဒီ‌နေ့ ပြည်သူ‌တွေကို ‌ပြောချင်တာက‌တော့ အန်တီတို့ကို အရင်လိုပဲ ဝန်းရံကြပါလို့။ ဘာဖြစ်လဲဆို‌တော့ ပြည်သူ‌တွေ ‌ထောက်ခံလို့ ဒီ‌နေရာကို ‌ရောက်လာပြီ‌လေ။ ဒီက‌နေပြီး‌တော့ ပြည်သူ‌တွေအတွက် ကြိုးစားသွားမယ်။ အန်တီတို့ကို ပံ့ပိုး‌ပေးကြပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ဒုတိယအကြိမ် ပြည်နယ်လွှတ်‌တော်၊ ပဉ်စမအကြိမ်ပုံမှန်အစည်း‌ဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆိုပြီး‌နောက် အခမ်းအနားကို ၁ဝ နာရီ ၁၅ မိနစ်ခန့်တွင် ရုပ်သိမ်းခဲ့သည်။ လာမည့် ဧပြီ ၄ရက်‌နေ့တွင် ဒုတိယအကြိမ် ပြည်နယ်လွှတ်‌တော်၊ ဆဋ္ဌမအကြိမ် ပုံမှန်အစည်း‌ဝေးကို ပြန်လည်စတင်ရန် ရှိ‌ကြောင်း သိရသည်။