Home သတင်း ပြည်နယ် အစိုးရဝန်ထမ်းများ အဂတိလိုက်စားပါက ပြတ်ပြတ်သားသား အ‌ရေးယူမည်

ပြည်နယ် အစိုးရဝန်ထမ်းများ အဂတိလိုက်စားပါက ပြတ်ပြတ်သားသား အ‌ရေးယူမည်

1837

ဧပြီ ၅ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ အစိုးရသစ်အဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရဝန်ထမ်းများအ‌နေဖြင့် အဂတိလိုက်စားပါက ပြတ်ပြတ်သားသား အ‌ရေးယူသွားမည်ဟု ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဧပြီလ ၄ရက်‌နေ့က ပြုလုပ်သည့် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများ ‌တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ‌ပြောဆိုလိုက်သည်။

ဝန်ကြီးချုပ်က “အဂတိကင်းစင်‌အောင် ‌နေပါ။ ဖြစ်လာလို့က‌တော့ ရပ်တည်‌ပေးမှာ မဟုတ်ဘူး။ ‌ဒေါ်စုက အဲလို ‌ပြောထားတယ်။ ကျမပြည်နယ် အစိုးရအဖွဲ့ဝင်‌တွေကို အဲလို ‌ပြောထားမယ်။ ဒါ‌ပေမယ့် ‌ထောင်ဝင်စာ‌တော့ လမ‌တွေ့‌ပေးဘူး။ ကျမတို့က သူ့လူ ငါ့လူ မရှိပါဘူး။ ဒီအချိန်မှာ ပြတ်ပြတ်သားသား ‌ဆောင်ရွက်ရမှာဖြစ်လို့ ဝန်ထမ်း‌တွေ ကျမတို့ကို နားလည်‌ပေးပါ”ဟု ‌တွေ့ဆုံပွဲ တက်‌ရောက်သည့် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း၊ ဝန်ထမ်းများကို ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

အစိုးရအဖွဲ့သစ်သည် အဂတိကင်းစင်သည့် အစိုးရအဖြစ် လုပ်‌ဆောင်သွားမည် ဖြစ်သည့်အတွက် ပြည်နယ် အစိုးရအ‌နေဖြင့် လုပ်ချင်သလို လုပ်ခွင့်ပြုမည်မဟုတ်သလို ၆လတစ်ကြိမ် စိစစ်သွားပြီး တိုးတက်မှုမရှိသူများကို ‌ပြောင်းလဲသင့်က ‌ပြောင်းလဲကာ လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆက်‌ပြောသည်။

နံနက် ၉နာရီမှ ၁၁နာရီ‌ကျော်ထိပြုလုပ်သည့် ‌တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာအသီးသီးမှ ပြည်နယ်အဆင့် အရာထမ်း၊ ဝန်ထမ်းများ၊ ခရိုင်အုပ်ချုပ်‌ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်‌ရေးမှူးများနှင့် ရပ်ကွက်၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ အပါအဝင် စုစု‌ပေါင်း ၃၀၀‌ကျော် တက်‌ရောက်ကာ ဌာနအလိုက် လုပ်ငန်း‌ဆောင်ရွက်ထားမှုများ၊ ပြည်နယ်အတွင်း မူးယစ်‌ဆေးဝါးပြဿနာ၊ ကျန်းမာ‌ရေး၊ ပညာ ‌ရေးနှင့် ‌မြေယာသိမ်းဆည်းခံရမှု ပြဿနာများကို ပြည်နယ်ဝန်ကြီးချုပ်ထံ ရှင်းလင်း‌ဆွေး‌နွေးမှုများ ပြုလုပ်ခဲ့သည်။
111
ပြည်နယ်ဝန်ကြီးချုပ်ကလည်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် လွှတ်‌တော်ကိုယ်စားလှယ်များ၏ ‌ပြောဆို‌ဆောင်ရွက်မှုများကို ‌ကျေနပ်မှုမရှိပါက အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ထံ တိုင်ကြားနိုင်သည်ဟု ထပ်‌လောင်း ‌ပြောဆိုသည်။

‌တွေ့ဆုံပွဲ တက်‌ရောက်သည့် ဖားအံမြို့နယ်၊ ရဲမှူး ဦးမြင့်‌အေးက “ဝန်ကြီးချုပ်ကြီး ‌ပြောသွားတဲ့ အကျင့်ပျက် အဂတိလိုက်စားတဲ့ အစိုးရအဖွဲ့ဝင်‌တွေကို အ‌ရေးယူမယ်ဆိုတာ အင်မတန်‌ကောင်းပါတယ်။ လိုက်နာ‌ဆောင်ရွက်ဖို့ကလည်း ကျ‌နော်တို့ဝန်ထမ်း‌တွေ ဘက်က အဆင်သင့်ပါပဲ။ ပြီး‌တော့ ပြည်သူ‌တွေကို အသိ‌ပေးဖို့ လိုတယ်။ လာဘ်‌ပေးလာဘ်ယူဆိုတာ ‌ပေးတဲ့လူရှိလို့ ယူတဲ့လူ ရှိ တယ်။ လာဘ်‌ပေးတဲ့ လူကလည်း မလိုအပ်ဘဲ မ‌ပေးဖို့လိုတယ်”ဟု ‌ကေအိုင်စီသို့ မှတ်ချက်ပြု‌ပြောသည်။

မတ် ၃ဝရက်‌နေ့တွင် နိုင်ငံ‌တော်သမ္မတ တာဝန်လွှဲ‌ပြောင်းရယူလိုက်သည့် နိုင်ငံ‌တော်သမ္မတ ဦးထင်‌ကျော်က ဖားအံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်‌တော်အမတ် နန်းခင်‌ထွေးမြင့်ကို ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်‌ပေး ခန့်အပ်ခဲ့ ပြီး‌နောက် ဝန်ကြီးချုပ်သည် ပြည်နယ်အတွင်း ဌာနဆိုင်ရာများနှင့် ယခုလို ပထမဆုံးအကြိမ် ‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။