Home သတင်း ပန်းတ‌နော်မြို့နယ်တွင် ငရုတ်သီးခူး လုပ်သားရှားပါးမှုကြုံ

ပန်းတ‌နော်မြို့နယ်တွင် ငရုတ်သီးခူး လုပ်သားရှားပါးမှုကြုံ

1455

ဧပြီ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ငရုတ်သီးနှံကို အဓိက စိုက်ပျိုးကြသည့် ဧရာဝတီတိုင်း‌ဒေသကြီး ပန်းတ‌နော်မြို့နယ်ရှိ အနိမ့်ပိုင်း‌ဒေသ‌ကျေးရွာ အချို့၌ ‌နွေရာသီအချိန် မတ်လမှ ‌မေလအတွင်း ငရုတ်သီးနှံ‌ပေါ်ချိန်ဖြစ်‌သော်လည်း ခူးဆွတ်သည့် လုပ်သား ရှားပါးမှုအခက်အခဲ ကြုံ‌တွေ့‌နေကြရသည်ဟု ကိုယ်တိုင်လုပ်ကိုင်သူ ကိုင်းသမားများက ‌ပြောဆိုသည်။

မိရိုးဖလာ လယ်ယာ၊ ကိုင်းလုပ်ငန်းများထက် ဝင်‌ငွေ‌ကောင်းသည့် မြန်မာနိုင်ငံမြို့‌တော် ရန်ကုန်နှင့် အခြား မြို့ကြီးများအပြင် အိမ်နီးချင်း ထိုင်း၊ မ‌လေးရှား၊ စကင်္ာပူ နှင့် ဂျပန်နိုင်ငံများသို့ လူငယ်များ နှစ်စဉ်သွား‌ရောက် အလုပ်လုပ်ကိုင်မှု များပြားလာပြီး ‌ဒေသခံအလုပ်သားအရင်းအမြစ် နည်းလာခြင်း‌ကြောင့် လုပ်သားရှားပါးမှု ကြုံ‌တွေ့ရခြင်းဖြစ်သည်ဟု ငရုတ်စိုက်ခင်းပိုင်ရှင်တစ်ဦးဖြစ်သူ စ‌အောင်‌ဇော်က ယခုလို ‌ပြောသည်။

“ကျ‌နော်တို့မှာရှိတဲ့ ရွာသူရွာသားနဲ့ လုပ်ငန်း အ‌ခြေအ‌နေနဲ့က သိပ်ပြီး လူဦး‌ရေ မမျှဘူး။ အခုက နိုင်ငံခြားတို့ မြို့‌တွေမှာ အလုပ်သွားလုပ်တဲ့ သူ‌တွေများ လာ‌တော့ ကျဘမ်း အလုပ်လုပ်မဲ့သူ နည်းလားတယ်။ အဓိကက သီးနှံထွက်တဲ့ ဒီအချိန် ဒီရာသီ‌လောက်မှာပဲ ခူးရတာ ‌နေပူလှန်းရတာ ဖြစ်တဲ့အတွက် လူဦး‌ရေက မမျှဘူး ဖြစ်တာ‌ပေါ့”ဟု စ‌အောင်‌ဇော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌ဒေသများ၌ ငရုတ်များကို မိရိုးဖလာလုပ်ငန်းအဖြစ် တစ်နိုင်တစ်ပိုင်အပြင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ယခုနှစ်တွင် ရာသီဥတုပူပြင်းမှု‌ကြောင့် အလုပ်သမားများ အခက်အခဲများဖြစ်‌နေသလို ‌နေ့စား တစ်‌နေ့လုပ်ခ ၂၅၀ဝ ကျပ်သာ ရှိသည့်အတွက် ငရုတ်သီးခူးဆွတ်သူ လုပ်သားနည်းလာခြင်းဖြစ်သည်ဟု သိရသည်။

ယခင်နှစ်များတွင် သီးနှံ‌ပေါ်ချိန်၌ အထက်ကုန်းဘက်ပိုင်း‌ဒေသမှ လယ်သမားများမှာ စပါးရိတ်သိမ်းပြီး အလုပ် ပါးသွားချိန်၌ ပန်းတ‌နော်မြို့နယ်၏ ငရုတ်အများအပြားစိုက်ပျိုးသည့် အနိမ့်ပိုင်း‌ဒေဖြစ်‌သော‌ကျေးရွာအုပ်စု ၆အုပ်စုခန့်မှ ‌ကျေးရွာ‌ပေါင်း ၁၉ရွာ‌ကျော်သို့ ငရုတ်သီးများကို အိမ်တွင်းစားသုံးရန်နှင့် ‌နေ့စားအလုပ်သမားများ အဖြစ် နှစ်စဉ်အများအပြား လာ‌ရောက်ခူးဆွတ်ခဲ့ကြသည်။

ငရုတ်ပင် နှစ်‌သောင်းကျစိုက်ပျိုးသည့် သလပ်ခွာရွာက နမ့်‌အေးကြိုင်က “ဒီနှစ်က‌နေတအားပူတယ်။ ကျမတို့ အတွက် အလုပ်လုပ်ချိန်က တအားနည်းတယ်။ ငရုတ်သီးခူးဖို့လူ‌တွေလည်း ‌ခေါ်လို့မရဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကလည်း ငရုတ်စိုက်ချိန်မှာ မိုးရွာ‌တော့ ငရုတ်ပင်‌တွေ တအား‌သေပြီး ပြန်စိုက်ယူရ‌တော့ ကုန်ကျစရိတ် ပိုများ လာတယ်။ အခု အသီးသီးချိန်မှာလည်း ဂွသီးမခိုင်ဘဲ အဖျားသီးပဲရ‌တော့ အသီးအ‌တောင့် မ‌ကောင်းဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ငရုတ်‌ဈေးကွက်မှာ တစ်ပိဿာလျှင် နှစ်‌ထောင်‌ကျော်ပြီး ယခင်နှစ်ထက် ‌ဈေးအသင့်အတင့် ‌ကောင်း‌နေ‌သော်လည်း ငရုတ်သီးထွက်နှုန်း နည်း‌သော‌ကြောင့် ရင်းနှီးထားသည့် အရင်းအနှီးများ ပြန်မရမှာကို စိုးရိမ်းမိသည်ဟု နမ့်‌အေးကြိုင်က ဆက်‌ပြောသည်။

ငရုတ်သီးကို မိုးရာသီအကုန် ‌ဆောင်းရာသီအကူးဖြစ်သည့် နတ်‌တော်၊ ပြာသိုလဝန်းကျင်၌ ‌မြေနုပိုင်း‌ဒေသများ၌ သာ စိုက်ပျိုးနိုင်ပြီး အနိမ့်ပိုင်းစိုက်ခင်းများတွင် ‌ရေကျစိုက်နည်း၊ ကုန်ပိုင်းစိုက်ခင်းများတွင် ထွန်ယက် စိုက်နည်းနှင့် အ‌စေ့ချစိုက်နည်းများဖြင့် ‌ဒေသနှင့်အချိန်လိုက်၍ စိုက်ပျိုးကြကာ စပါး၊ ပဲသီးနှံများထက် အရင်းအနှီး ပိုကုန်ကျသည်ဟု ကိုင်းသမားများက ဆိုသည်။

ဧရာဝတီတိုင်း၌ လူဦး‌ရေး ၇ သန်း‌ကျော်ရှိသည့်အနက် အများစုမှာ အလုပ်သမား၊ လယ်သမားလူတန်းစား များဖြစ်ပြီး စိုက်ပျိုး‌ရေး၊ ‌ရေလုပ်ငန်းနှင့် ‌မွေးမြူ‌ရေးလုပ်ငန်းများဖြင့် အသက်‌မွေးဝမ်း‌ကျောင်းပြုကြကာ စပါးကို အဓိက စိုက်ပျိုးကြပြီး ပဲ၊ နှမ်း၊ ‌ပြောင်းနှင့် ငရုတ်များကို ‌မြေအ‌နေအထားအရ ‌ဒေသကိုလိုက်ပြီး ကွဲပြားစွာ စိုက်ပျိုးလုပ်ကိုင်ကြသည်။