Home သတင်း ပညာ‌ရေးဝန်ကြီးဌာနက တိုင်းရင်းသားပညာ‌ရေးဆိုင်ရာ ဦးစီးဌာနတစ်ခု ဖွဲ့စည်းရန် စီစဉ်‌နေ

ပညာ‌ရေးဝန်ကြီးဌာနက တိုင်းရင်းသားပညာ‌ရေးဆိုင်ရာ ဦးစီးဌာနတစ်ခု ဖွဲ့စည်းရန် စီစဉ်‌နေ

1581

ဧပြီ ၂၈ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

အစိုးရ ပညာ‌ရေးဝန်ကြီးဌနက တိုင်းရင်းသားပညာ‌ရေးဆိုင်ရာ ဦးစီးဌာနတစ်ခုကို ထပ်မံဖွဲ့စည်းရန် စီစဉ်‌နေပြီး မကြာမီ ထွက်‌ပေါ်လာရန်ရှိသည်ဟု မွန်ပြည်နယ် လွှတ်‌တော်၊ တိုင်းရင်းသား‌ရေးရာ‌ကော်မတီ အဖွဲ့ဝင် ‌စောဟိုး‌ရှေးက ‌ကေအိုင်စီသို့ ဧပြီ ၂၈ရက်‌နေ့(ယ‌နေ့)တွင် ‌ပြောသည်။

ပြည်နယ်လွှတ်‌တော်၌ ယ‌နေ့ နံနက် ၁ဝ နာရီတွင် မွန်ပြည်နယ်လွှတ်‌တော်၊ တိုင်းရင်းသား‌ရေးရာ‌ကော်မတီနှင့် ပြည်နယ် ပညာ‌ရေးဌာနတို့ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြပြီး ‌တွေ့ဆုံပွဲတက်‌ရောက်သည့် ပြည်နယ်၊ ပညာ‌ရေးဌာန လက်‌ထောက်ညွှန်ကြား‌ရေးမှူး ‌ဒေါ်ချိုချိုက တိုင်းရင်းသားပညာ‌ရေးဆိုင်ရာ ဦးစီးဌာနတစ်ခု ထပ်မံဖွဲ့စည်းခြင်းကို အသိ‌ပေး‌ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ‌စောဟိုး‌ရှေးက ယခုလို ‌ပြောသည်။

“လက်‌ထောက် ညွှန်ကြား‌ရေးမှူး ‌ဒေါ်ချိုချို ‌ပြောသွားတာက ပညာ‌ရေးဝန်ကြီးဌာန လက်‌အောက်မှာ တိုင်းရင်း သား ပညာ‌ရေးဆိုင်ရာ ဦးစီးဌာနတစ်ခု ‌ပေါ်လာဖို့ ရှိတယ်။ ဒီသတင်းကြားရတဲ့အတွက် ဝမ်းသာတယ်။ အခုက တိုင်းရင်းသားစာ‌ပေကို ‌ကျောင်းချိန်ပြင်ပ သင်ကြားတာက မထိ‌ရောက်ဘူး။ သင်ဖို့ကို တိကျတဲ့ ညွှန်ကြားချက်၊ ဥပ‌ဒေလည်း မရှိဘူး။ နာလည်မှု သ‌ဘောမျိုးနဲ့ သင်‌နေရတာ။ အခုလို ဦးစီးဌာန‌ပေါ်လာရင် တိုင်းရင်သား စာ‌ပေကို စနစ်တကျ သင်နိုင်‌အောင် စီစဉ်‌ပေး‌စေချင်တယ်။ အဲ့လို မဟုတ်ရင် သင်ကြား‌ရေးအတွက် တိကျတဲ့ ဥပ‌ဒေ ပြဌာန်းနိုင်ဖို့ ကြိုးပမ်းသွားမယ်”ဟု ‌စောဟိုး‌ရှေးက ‌ပြောသည်။

တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေးနှင့်ပတ်သက်၍ ပညာ‌ရေးဌာနတွင် သီးခြားဌာနခွဲတစ်ခု ဖွဲ့စည်းလုပ်‌ဆောင် သွားမည်ဆိုသည်မှာ ‌ကောင်းမွန်သလို အဆင့်မြင့် တက္ကသိုလ်များတွင်လည်း တိုင်းရင်းသား မြန်မာစာ၊ အဂင်္လိပ်စာ ဌာနခွဲများထားရှိပြီး တိုင်းရင်းသားဘာသာစကားဌာနခွဲများလည်း ထားရှိသင့်သည်ဟု ကျွမ်းကျင် ပညာရှင်များက သုံးသပ်‌ပြောဆိုထားသည်။

မွန်ပြည်နယ် လွှတ်‌တော်၊ တိုင်းရင်းသား‌ရေးရာ ‌ကော်မတီနှင့် ပြည်နယ် ပညာ‌ရေးဌာနတို့ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို နံနက် ၁ဝ နာရီမှ ‌နေ့လည် ၁ နာရီအထိ ပြုလုပ်ခဲ့ပြီး ပြည်နယ်အတွင်း ကရင်၊ မွန်နှင့် ပအိုဝ်း စာ‌ပေတို့ လာမည့် ပညာသင်နှစ်တွင် သင်ကြား‌ရေး ကိစ္စရပ်များ၊ သင်ကြား‌ရေးအတွက် လိုအပ်သည့် ဘဏ္ဍာ‌ငွေကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ‌ဆွေး‌နွေးခဲ့သည်ဟု ‌ကော်မတီတာဝန်ရှိသူများက ဆိုသည်။

ယခုလ ဧပြီ ၇ ရက်‌နေ့၌ ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်နယ်လွှတ်‌တော်အစည်းအ‌ဝေးတွင် မွန်ပြည်နယ် လွှတ်‌တော်၊ တိုင်းရင်းသား‌ရေးရာ‌ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ‌ကော်မတီဥက္ကဌအဖြစ် ‌ပေါင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ဦးထွန်းမင်း‌အောင်၊ အတွင်း‌ရေးမှူးအဖြစ် ‌ရေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ‌ဒေါက်တာ မင်းစိုးလင်းနှင့် ပြင်ပပညာရှင်များအပါအဝင် စုစု‌ပေါင်း ၁ဝ ဦးဖြင့် ဖွဲ့စည်းထားသည်။ ယင်း‌ကော်မတီ၏ ပထမအကြိမ် အစည်းအ‌ဝေးကို ဧပြီ ၂၅ ရက်‌နေ့တွင် စတင်ပြုလုပ်ခဲ့ပြီး ‌ကော်မတီ သက်တမ်းမှာ တစ်နှစ်ဖြစ်‌ကြောင်း ‌ကော်မတီဝင်များထံမှ သိရသည်။