Home သတင်း ခလယ်-တံခွန်တိုင် တိုက်နယ်၌ (BGF)တပ်ဖွဲ့ဝင် မိသားစုများ ‌နေထိုင်‌သော‌မြေ‌နေရာကို ပြန်လည်ရရှိရန် ‌မြေပိုင်ရှင်များ လိုလား

ခလယ်-တံခွန်တိုင် တိုက်နယ်၌ (BGF)တပ်ဖွဲ့ဝင် မိသားစုများ ‌နေထိုင်‌သော‌မြေ‌နေရာကို ပြန်လည်ရရှိရန် ‌မြေပိုင်ရှင်များ လိုလား

2084

ဧပြီ ၂၆ ရက်၊ ၂၀၁၆ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ် ဇီးဖြူကုန်းရပ်ကွက်တွင် အမှတ် (၁၀၂၁)နယ်ခြား‌စောင့်တပ်-BGF တပ်ဖွဲ့ဝင် မိသားစုများ အ‌ခြေချ‌နေထိုင်‌သော‌မြေ‌နေရာကို ပြန်လည်ရရှိရန် လိုလား‌ကြောင်း မူလ‌မြေပိုင်ရှင်များက ‌ပြောသည်။

မူလ‌မြေပိုင်ရှင်များဖြစ်သည့် ခလယ်ရွာမှ နန်း‌ရွှေသင်၊ နန်းပုလဲနှင့် နန်းမှုတူးတို့က ၎င်းတို့ ဘိုးဘွားပိုင် (၁.၂၀) ဧကရှိ ‌မြေ‌နေရာ‌ပေါ်တွင် နှစ်‌ပေါင်း(၂၀)‌ကျော်‌နေထိုင်လာသည့် ယခင် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မ‌တော် DKBA မှ (BGF)သို့ အသွင်း‌ပြောင်းတပ်ဖွဲ့ဝင် မိသားစုများ အ‌ခြေစိုက်‌နေထိုင်သည့် ‌မြေ‌နေရာကို ပြန်‌ပေးရန် ‌ဒေသခံများ လို‌နေကြခြင်းဖြစ်သည်ဟု မူလ‌မြေပိုင်ရှင်တစ်ဦးဖြစ်သူ နန်း‌ရွှေသင်က ဧပြီ ၂၃ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

သူမက “ကျမတို့ ဘိုးဘွားပိုင် အစဉ်ဆက် လုပ်ကိုင်စား‌သောက်လာတဲ့ ‌မြေဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်၊ ခံစားခွင့် ‌တွေ ပြန်ရ‌စေချင်တယ်‌ပေါ့။ ကျမတို့က ဒီဘိုးဘွားပိုင် ‌မြေ‌ပေါ်မှာလည်း နှစ်‌ပေါင်း(၂၀)‌ကျော်ကြာတဲ့အထိ နားလည်မှုများစွာ ကူညီ‌ဆောင်ရွက် ‌မြေ‌နေရာ‌ပေးထားခဲ့ပြီးပြီ‌လေ။ အခု ‌နေစရာ‌မြေ‌နေရာမရှိလို့ မိဘအိမ်မှာ စုပြီး‌နေထိုင်ရတဲ့ မိသားစု အိမ်‌ထောင်သည်‌တွေ အများကြီး ရှိတယ်။ လုပ်ကိုင်စား‌သောက်ဖို့ ‌မြေ‌နေရာမရှိ‌တော့ စီးပွား‌ရေး အများကြီး ချွတ်ခြုံကျခဲ့ရတယ်”ဟု ‌ပြောသည်။

လွန်ခဲ့သည့် ၁၉၉၅-၁၉၉၆ ခုနှစ်က (KNU)တပ်ဖွဲ့မှ အမှတ်(၉၀၆) DKBA တပ်ဖွဲ့သို့ ဘက်‌ပြောင်းခဲ့‌သော ဗိုလ်မှူး ‌စော‌အောင်ကြည်ဝင်းက တပ်ဖွဲ့ဝင်မိသားစုများနှင့် ဂိတ်စခန်းဖွင့်လှစ်ရန်အတွက် ၎င်းတို့၏ ဘိုးဘွားပိုင်‌မြေ‌နေရာ ‌ပေါ်တွင် ယာယီ‌ခေတ္တ ‌နေထိုင်ခွင့်ပြုရန်‌တောင်းဆိုခဲ့ရာတွင် ခလယ်‌တောင်ပ‌ကျောင်းထိုင်ဆရာ‌တော် (ဗဟို သံဃာဝန်‌ဆောင်) ဦးသုဇာတ၏ အကြံ‌ပေးမှုအရ ‌နေထိုင်ခွင့်ပြု‌ပေးခဲ့ခြင်းဖြစ်‌ကြောင်း၊ သင့်‌တော်မည့် ‌မြေ‌နေရာ အစားရရှိပါက ယင်း‌မြေ‌နေရာကို ပြန်လည်‌ပေးအပ်သွားမည်ဟု နှုတ်ကတိဖြင့် ‌ပြောထားခဲ့‌ကြောင်းလည်း မူလ‌မြေပိုင်ရှင်များက ‌ပြောသည်။

ဗိုလ်မှူး ‌စော‌အောင်ကြည်ဝင်းသည် ၂၀၀၁ ခုနှစ်တွင် ‌သေဆုံးသွားခဲ့ရာ ဗိုလ်မှူး ‌စောဉာဏ်မင်းက ၎င်း၏ တာဝန်ကို ပြန်လည်လွှဲ‌ပြောင်းတာဝန်ယူခဲ့သည်။ ထို့‌နောက် ၂၀၁ဝခုနှစ်တွင် မြန်မာအစိုးရမှ DKBA ဖွဲ့ကိုု BGF အဖြစ် အသွင်‌ပြောင်းခဲ့စဉ် ဗိုလ်မှူး ‌စောဉာဏ်မင်းမှာ ရာထူးမှ အနားယူခံပြီး‌နောက် လက်ရှိ (BGF)မှ ဗိုလ်မှူး မန်းဝင်းယုံ တာဝန်ယူအချိ်န်တွင် ယင်း‌မြေ‌နေရာကိုု ပြန်လည်ရန် မူလ‌မြေပိုင်ရှင်မိသားစုများက ယခုလို ‌တောင်းဆိုလာခြင်းလည်း ဖြစ်သည်။

လက်ရှိ ‌မြေ‌နေရာ‌ပေါ်တွင်‌နေထိုင်သူ အမှတ်(၁၀၂၁)နယ်ခြား‌စောင့်တပ်(BGF)မှ ဗိုလ်မှူး မန်းဝင်းယုံက “ကျ‌နော် ပြန်လာတဲ့အချိန်မှာ တပ်ဖွဲ့ဝင်အိမ်‌တွေ၊ ရုံး‌တွေ၊ ဂိတ်‌တွေ တည်‌ဆောက်ထားခဲ့ပြီးပြီ၊ (၂၀၁၀)မှာ ကျ‌တော်တို့က (DKBA)မှ (BGF)အသွင်‌ပြောင်းတဲ့ အချိန်မှသာ ဒီ‌နေရာကို ကျ‌နော်တာဝန်လွှဲအပ်‌ပေးခြင်း ခံရတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျ‌နော်တစ်‌ယောက်တည်း ဆုံးဖြတ်ခွင့်မရှိပါဘူး။ ကျ‌နော်အထက်က လူကြီး‌တွေနဲ့ တိုင်ပင်ညှိနှိုင်း ပြီးမှသာ ဆုံးဖြတ်ချက်ချနိုင်မယ်”ဟု ဧပြီ ၂၄ ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်း‌မြေ‌နေရာကို ပြန်လည်ရရှိရန် မူလ‌မြေပိုင်ရှင်မိသားစုများက ယခင်နှစ် ၂၀၁၅ခုနှစ်ကတည်းက သမ္မတရုံး၊ ကာကွယ်‌ရေးဝန်ကြီးဋ္ဌာန၊ အ‌ရှေ့‌တောင်တိုင်း စစ်ဋ္ဌာနချုပ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ကြာအင်းဆိပ်ကြီးမြို့၊ ‌မြေယာစီမံခန့်ခွဲ‌ရေး‌ကော်မတီတို့ထံ တင်ပြခဲ့ရာတွင် ၄ကြိမ်ခန့် ‌တွေ့ဆုံ‌ဖြေရှင်းခဲ့‌သော်လည်း တိကျသည့် အ‌ဖြေတစုံတရာ မရရှိ‌ကြောင်း မူလ‌မြေပိုင်ရှင်များက ‌ပြောသည်။

“‌မြေပိုင်ရှင်‌တွေက သမ္မတရုုံး၊ ကာကွယ်ရုံး၊ နိုင်ငံ‌တော်အဆင့်ဆင့်မှ စာတင်‌ပေးပို့ထားပြီးသားဖြစ်တဲ့အတွက် ကျ‌နော်တို့ ‌အောက်‌ခြေမှာ ကြားဝင်ညှိနှိုင်း‌ဖြေရှင်း‌ပေးဖို့ကလည်း လုံးဝ အခက်ခဲဖြစ်တယ်။ ဒါ‌ပေမယ့် ကျ‌နော်တို့ က ပြည်သူ့ဝန်ထမ်းဖြစ်‌နေတဲ့အတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်က တာဝန်ရှိ်သူ‌တွေ ညွှန်ကြားချက်ထုတ်ပြန်‌ပေး မယ်ဆိုရင် ကျ‌နော်အ‌နေဖြင့် ကြားဝင်ညှိနှိုင်း‌ပေးဖို့ အဆင်သင့်ပဲ”ဟု ခလယ်‌ကျေးရွာအုပ်စု ‌မြေယာစီမံခန့်ခွဲ‌ရေး ‌ကော်မတီ ဥက္ကဋ္ဌ ‌စောဆန်းညွန့်‌မောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

(ဟူးဖိုက‌ပေါ်) ညီညွတ်‌ရေးအလင်း‌ဆောင်အဖွဲ့မှ အကြံ‌ပေး ‌စောဖိုကဲကလည်း “ဒီခလယ်မှာ ဖြစ်‌နေတဲ့ ‌မြေယာ ပြဿနာကို ကျ‌နော်တို့က မူလ‌မြေပိုင်ရှင်က‌နေ‌မေးမြန်ချက်အရဆိုရင် ‌မြေကိုလုံးဝမယူပါဘူးလို့ ကတိ‌ပေး ထားလျှက်သားနဲ့ အ‌ပြောနဲ့အလုပ် မညီဘဲ မတရား ရယူလိုပြီး အမှုအခင်းဖြစ်လာတဲ့အတွက်‌ကြောင့် သက်ဆိုင်ရာမှ ကူညီ‌ဆောက်ရွက်‌ပေဖို့ ‌တောင်းဆိုပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ယခင်အစိုးရအဆက်ဆက်မှ ‌ကျေးရွာအုပ်ချုပ်သူ အချို့နှင့် ပူး‌ပေါင်းကာ ‌ကျေးရွာပိုင် လယ်‌မြေခြံများကို သိမ်းဆည်းထားသည့် အမှု‌ပေါင်း (၁၀)ခုဝန်းကျင် ရှိသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အရပ်ဘက် လူမှုအဖွဲ့စည်းအများ၏ မှတ်တမ်းပြုစုစာရင်းအရ သိရသည်။