Home သတင်း ခရစ်ယာန်ဘုရား‌ကျောင်းဝင်း ‌စေတီတည်ခြင်းကိစ္စ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ လက်တွဲ‌ဖြေရှင်းမည်

ခရစ်ယာန်ဘုရား‌ကျောင်းဝင်း ‌စေတီတည်ခြင်းကိစ္စ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ လက်တွဲ‌ဖြေရှင်းမည်

2259
ဧပြီ ၇ ရက်၊၂၀၁၆ ခုနှစ်။ နန့်သွာ‌ဖောင်

ကရင်ပြည်နယ်အတွင်း ခရစ်ယာန်ဘုရား‌ကျောင်းဝင်း၌ ‌စေတီတည်ခြင်းကိစ္စအ‌ပေါ် ကရင်ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များ လက်တွဲ‌ဖြေရှင်းသွားမည်ဟု ဧပြီ ၆ ရက်‌နေ့၊ ဖားအံမြို့၊ ‌တော်ဝင်ရတနာ ဟိုတယ်၌ ပြုလုပ်သည့် ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များနှင့် ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး ‌ကော်မတီတို့ ‌တွေ့ဆုံပွဲအပြီး ထုတ်ပြန်ချက်ရလဒ်တွင် ‌ဖော်ပြထားသည်။

‌တွေ့ဆုံပွဲ တက်‌ရောက်သည့် ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်းချမ်း‌ရေး‌ကော်မတီ (KUPC) ‌ကော်မတီ ဝင်ဖြစ်သူ ဆရာ‌စော‌ကျော်စွာက “မိဇိုင်း‌ကျေးရွာ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရား‌ကျောင်းဝင်းအတွင်း ဘုရား တည်တဲ့ကိစ္စက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ‌ဖြေရှင်းပြီးပြီ။ အခု လှိုင်းဘွဲမြို့နယ် ကွမ်း‌တောမှာ ဘုရားတည်ဖို့ ထပ်ဖြစ် လာတယ်။ ဒါကို ကျ‌နော်တို့ အတူတကွ လက်တွဲ‌ဖြေရှင်းဖို့ ‌ဆွေး‌နွေးထားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ဆွေး‌နွေးပွဲအပြီး ထုတ်ပြန်သည့် ရလဒ်ငါးချက်ထဲ၌ လက်ရှိ ကရင်ပြည်နယ်အတွင်း ခရစ်ယာန်ဘုရား ‌ကျောင်းဝင်းတွင် ‌စေတီတည်ခြင်းနှင့် ဆက်လက်တည်‌ဆောက်မည့် ကိစ္စရပ်များသည် စည်းလုံးမှုကို ပျက်ပြား ‌စေနိုင်‌သော‌ကြောင့် ‌အေးချမ်းစွာ ‌ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအ‌နေဖြင့် လက်တွဲသွားမည် ဖြစ်သလို ငြိမ်းချမ်း‌ရေးတည်‌ဆောက်ရာတွင်လည်း သက်ဆိုင်ရာ ‌အောက်‌ခြေလူထုအဖွဲ့စည်းများအထိ ပူး‌ပေါင်းပါဝင်သွားမည်ဟု ‌ဖော်ပြထားသည်။

ယုံကြည်ကိုးကွယ်မှု ကွဲပြား‌သော်လည်း အမျိုးသား‌ရေးမှာ တစ်စုတစည်းထဲ စည်းစည်းလုံးလုံး ‌ဆောင်ရွက်သွား ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် တရက်တာနီးပါးကြာ ယင်း‌တွေ့ဆုံပွဲသို့ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ ဖြစ်သည့် သံဃာ‌တော်များ၊ ခရစ်ယာန် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များနှင့် ‌မေတ္တာဗြဟ္မဆိုဆရာ‌တော်များနှင့် KUPC ‌ကော်မတီဝင် ၆ ဦး အပါအဝင် စုစု‌ပေါင်း ၆၇ဦး တက်‌ရောက်ခဲ့ကြသည်။

‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သည့် သိက္ခာ‌တော်ရဆရာ‌တော် မက်သယူ‌အေးက “ကျ‌နော်တို့က ကရင်လူမျိုး‌တွေ ဘာသာမတူ‌ပေမယ့် ‌ပေါင်းစည်းနိုင်တယ်။ စည်းလုံးနိုင်တယ်။ ညီညွတ်နိုင်တယ်ဆိုတာ ဒီ‌နေ့လုပ်တဲ့ပွဲက မီး‌မောင်းထိုးပြ‌ပေးတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌တွေ့ဆုံပွဲမှ ‌နောင်ကာလများသို့ ပိုမိုကျယ်ကျယ်ပြန့်ပြန့်‌တွေ့ဆုံ၍ နားလည်မှုတည်‌ဆောက်ယူပြီး မတူညီမှု များကို ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမှတဆင့် အ‌ဖြေရှာသွားမည်ဖြစ်‌ကြောင်း၊ ငြိမ်းချမ်း‌ရေးနှင့် စည်းလုံး ညီညွတ်‌ရေးတွင် ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များအ‌နေဖြင့် တိုက်ရိုက်မပါဝင်‌သော်လည်း ဆက်လက်တွန်းအား‌ပေးသွားမည် ဖြစ်‌ကြောင်းလည်း သိက္ခာ‌တော်ရဆရာ‌တော် မက်သယူး‌အေးက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဩဂုတ် ၂၁ ရက်‌နေ့တွင် ဖားအံမြို့နယ်၊ မိဇိုင်း‌ကျေးရွာ ကရင်နှစ်ခြင်း ခရစ်ယာန်ဘုရား ‌ကျောင်းဝင်းပိုင်‌မြေအတွင်း မြိုင်ကြီးငူဆရာ‌တော် ဦးသုဇန၏ အစီအစဉ်ဖြင့် ‌စေတီတဆူနှင့် သိမ်‌ကျောင်း‌ဆောင် ‌ဆောက်လုပ်မှုများ ဖြစ်ပွားခဲ့သည်