Home သတင်း ကရင့်‌ရေးရာ ကိစ္စရပ်များကို သကြင်္န်အပြီး စလုပ်မည်ဟု ဧရာဝတီ‌ရေးရာဝန်ကြီး ‌ပြောဆို

ကရင့်‌ရေးရာ ကိစ္စရပ်များကို သကြင်္န်အပြီး စလုပ်မည်ဟု ဧရာဝတီ‌ရေးရာဝန်ကြီး ‌ပြောဆို

1569
ဧပြီ ၆ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်လူမျိုးသားဖွံ့ဖြိုး‌ရေး ကိစ္စရပ်များ၊ စာ‌ပေနှင့်ယဉ်‌ကျေးမှုလုပ်ငန်များ စသည့် ကရင့်‌ရေးရာကိစ္စရပ်များကို ယခုလ သကြင်္န်အပြီးတွင် စတင်လုပ်‌ဆောင်သွားမည်ဟု ယင်းတိုင်း‌ဒေသကြီး ကရင်‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ဧပြီ ၆ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

သူမက “‌လော‌လောဆယ် ကျမစီမံကိန်းဆွဲထားတာက ကရင်လူမျိုးဘယ်‌လောက်ရှိလည်း ပြန်စိစစ်မယ်။ ‌နောက်ပြီး‌တော့ စာ‌ပေယဉ်‌ကျေးမှုနဲ ့ ဖွံ့ဖြိုးတိုးတက်‌ရေး‌တွေ လုပ်မယ်။ အားလုံးနဲ့ပူး‌ပေါင်း ‌ဆောင်ရွက်ရမှာပဲ။ အခု သကြင်္န်အပြီးမှာ အစည်းအ‌ဝေး‌ခေါ်မယ်။ တိုင်း‌ဒေသကြီးအတွင်းက စာယဉ်အဖွဲ့‌တွေ၊ ကရင်သာသနာက အသင်းအုပ်ဆရာ၊ ဘုန်း‌တော်ကြီး‌တွေနဲ့ ချိတ်ဆက်ပြီး မျက်နှာစုံညီ‌တွေ့မယ်”ဟု ‌ပြောသည်။

ထို့အပြင် ကရင်လူမျိုးအချို့မှာ ‌အောက်‌ခြေသိမ်းအလုပ်များ လုပ်ကိုင်‌နေရမှုများရှိ‌နေပြီး မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ ခံယူချက်များ ‌ပြောင်းလဲ‌ရေးအတွက်လည်း လိုအပ်‌နေပြီး စိတ်ပိုင်းဆိုင်ရာ ခံယူချက်များ ‌ပြောင်းလဲ လာ‌စေ‌ရေးကို လုပ်ကိုင်သွားရန်ရှိသည်ဟု သူမက ဆက်‌ပြောသည်။

ထိုသို့ စာ‌ပေယဉ်‌ကျေးမှုနှင့် လူမှုဘဝဖွံ့ဖြိုး‌ရေးအတွက် အမှန်တကယ်ဦး‌ဆောင်လုပ်ကိုင်သွားမည်ဆိုပါက မိမိ တို့အ‌နေဖြင့် လက်တွဲလုပ်‌ဆောင်သွားမည်ဟု အ‌နောက်ပိုးကရင် စာ‌ပေလူငယ်များအဖွဲ့၊ အတွင်း‌ရေးမှူး စ‌ကျော်စိုးကလည်း ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ စာ‌ပေယဉ်‌ကျေးမှု ပြန်‌ဖော်ထုတ်ဖို့ လုပ်ကိုင်တဲ့အခါမှာ ဘယ်သူမှ တိုက်တွန်းလို့ မဟုတ်ဘူး။ လိုအပ်ချက်ရှိတာကို လူငယ်‌တွေ ဝိုင်းလုပ်မယ်ဆိုပြီး လုပ်‌ပေး‌နေတာ ဖြစ်တယ်။ အခုလို ‌ရှေ့က ဦး‌ဆောင်လုပ် ကိုင်မဲ့သူရှိရင် ကျ‌နော်တို့ ပံ့ပိုးလုပ်ကိုင်သွားဖို့ အဆင်သင့်ပါပဲ”ဟု စ‌ကျော်စိုးက ‌ပြောသည်။

လက်ရှိတွင် တိုင်း‌ဒေသကြီးအတွင်း ယခင်အစိုးရလက်ထက်ကတည်းက မပြီးပြတ်‌သေးသည့် ‌မြေယာသိမ်းဆည်းခံရမှုများကို ကရင့်‌ရေးရာဝန်ကြီးထံ လာ‌ရောက်တိုင်ကြားခြင်းများရှိ‌နေပြီး ဆိုင်ရာ‌မြေယာဌာန တာဝန်ရှိသူနှင့် ချိတ်ဆက်‌ဖြေရှင်းသွားမည်ဟု သိရသည်။

၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် အ‌ရွေးခံရသည့် ဧရာဝတီတိုင်း‌ဒေသကြီး ကရင်‌ရေးရာကိုယ်စားလှယ် ဂါ့မိုးမြတ်မြတ်သူကို မတ် ၃ဝ ရက်‌နေ့တွင် နိုင်ငံ‌တော်သမ္မတ ဦးထင်‌ကျော်က အမိန့်အမှတ် ၇/၂၀၁၆ ထုတ်ပြန်ကာ ဧရာဝတီတိုင်း‌ဒေသကြီး ကရင့်‌ရေးရာဝန်ကြီးအဖြစ်ခန့် အပ်တာဝန်‌ပေးခဲ့ခြင်းဖြစ်သည်။