Home သတင်း ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် DKBA စစ်ဦးစီးချုပ်ကို အတည်ပြုခန့်အပ်

ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် DKBA စစ်ဦးစီးချုပ်ကို အတည်ပြုခန့်အပ်

2690

ဧပြီ ၂ဝ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောလားပွယ် ကွယ်လွန်ပြီး‌နောက် သူ့၏ ‌နေရာကို ဆက်ခံရန် ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးကို ဧပြီ ၁၉ ရက်‌နေ့က ဆုံဆည်းမြိုင်၌ စတင်ကျင်းပသည့် DKBA တပ်မှူးများ၏ အ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် အတည်ပြုခန့်အပ်လိုက်ပြီဖြစ်သည်။

အစည်းအ‌ဝေးတက်‌ရောက်သည့် DKBA တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ကြီး ‌စောစိုးမြင့်က “စစ်ဦးစီးချုပ်က‌တော့ အရင်က ဒုစစ်ဦးချုပ်ပဲ။ ဒါက‌တော့ ပုံ‌သေပဲ။ အခု စစ်ဦးစီးချုပ်က‌တော့ ဖူးလားပွယ် ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်းပဲ ပိုပြီး ‌ကောင်းမွန်‌အောင် ဆက်လုပ်သွားဖို့ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဧပြီ ၁၉ ရက်မှ ၂၁ ရက်‌နေ့အထိ သုံးရက်ကြာ ကျင်းပမည့် DKBA တပ်မှူးများ၏ အ‌ရေး‌ပေါ်အစည်းအ‌ဝေး၌ တက်‌ရောက်သူ တပ်ပိုင်းဆိုင်ရာ‌ခေါင်း‌ဆောင် ၇ဝ ‌ကျော်က ဗိုလ်ချုပ်ကြီး ‌စောလားပွယ် မကွယ်လွန်မီ နာမကျန်းဖြစ်‌နေစဉ်ကာလအတွင်း ဒုဗိုလ်ချုပ်ကြီးရာထူးဖြင့် ဒုစစ်ဦးစီးချုပ်နှင့် တွဲဖက်စစ်ဦးစီးချုပ်တာဝန် ထမ်း‌ဆောင်ခဲ့သည့် ‌စောမို‌ရှေးအား စစ်ဦးစီးချုပ်အဖြစ် တညီတညွှတ်တည်း ဘ‌ဘောတူခန့်အပ်ခဲ့ခြင်းဖြစ်သည်။

DKBA စစ်ဦးစီးချုပ် အတည်ပြုခန့်အပ်ခြင်းအ‌ပေါ် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)မှ စစ်‌ထောက်ချုပ် ဗိုလ်ချုပ်‌စောအိုင်းဇက်က “သူ့(ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေး)အ‌နေနဲ့ အခုလို တာဝန်ယူလာရတဲ့အ‌ပေါ်မှာ ‌လော‌လောဆယ် ရှိပြီးသား အ‌နေအထားအရ ‌ရှေ့ဆက်ပြီး ပူး‌ပေါင်းလုပ်‌ဆောင်ရမယ့် လုပ်ငန်း‌တွေမှာ သိပ်ပြီး အခက်အခဲမရှိလှဘူးလို့ ကျ‌နော်ယူဆပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အဆိုပါ အစည်းအ‌ဝေးတွင် DKBA ၏ အမှတ် ၁ စစ်ကွပ်ကဲ‌ရေးမှူး ဗိုလ်မှူးချုပ် ရာထူးဖြင့် တာဝန် ထမ်း‌ဆောင်‌နေသူ ‌စောစတီးကိုလည်း ဒုစစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်လိုက်သည်ဟု သိရသည်။

သုံးရက်ကြာ ကျင်းပမည့် DKBA အ‌ရေး‌ပေါ်အစည်းအ‌ဝေး၌ ကျန်ရှိသည့် ရက်များတွင် တပ်ပိုင်းဆိုင်ရာဖွဲ့စည်းမှု၊ ပြုပြင်‌ပြောင်းလဲမှုများနှင့် တာဝန်အပ်နှင်းမှုများကို အဓိကထား ဆက်လက်‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း သိရသည်။