Home သတင်း KNU ထိန်းချုပ်နယ်‌မြေနှင့် နယ်စပ်ဒုုက္ခသည်စခန်းတုို့တွင် နုိုင်ငံတကာအမျိုးသမီးများ‌နေ့ ကျင်းပ

KNU ထိန်းချုပ်နယ်‌မြေနှင့် နယ်စပ်ဒုုက္ခသည်စခန်းတုို့တွင် နုိုင်ငံတကာအမျိုးသမီးများ‌နေ့ ကျင်းပ

1505

မတ် ၈ရက်၊ ၂၀၁၆ခုုနှစ်။ ‌စောသိန်းမြင့်

ကရင်အမျိုးသမီးအစည်းအရုုံး KWOက ဦး‌ဆောင်ပြီး မတ်လ (၈)ရက်‌နေ့တွင် ကျ‌ရောက်သည့် ၂၀၁၆ ခုုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးများ‌နေ့ကို ကရင်အမျိုးသားအစည်းအရုုံး-KNU ထိန်းချုပ် နယ်‌မြေနှင့် ထုိုင်း-မြန်မာနယ်စပ်ရှိ ဒုုက္ခသည်စခန်းအချို့တွင် ကျင်းပခဲ့ကြသည်။

နုိုင်ငံတကာ အမျိုးသမီးများ‌နေ့ အထိမ်းအမှတ်အတွက် KNU ထိန်းချုပ်နယ်‌မြေများဖြစ်ကြသည့် ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဖာပွန်၊ ဖားအံခရုိုင်နှင့် မယ်ရာမုို၊ အုုန်းဖျန်၊ ထမ့်ဟင်၊ အီတုိုးထနှင့် နုို့ဖုိုး စသည့် နယ်စပ်ရှိ ဒုုက္ခသည်စခန်းတုို့တွင် လမ်း‌လျှောက်ချီတက်ပွဲနှင့် ‌ဟော‌ပြောပွဲများအပြင် စကားရည်လုုပွဲနှင့် စာစီစာကုုံးပြိုင်ပွဲများ ကျင်းပခဲ့ခြင်းဖြစ်သည်ဟုု KWO က ‌ပြောသည်။

KWO တွဲဘက် အတွင်း‌ရေးမှူး (၂) ‌နော်စီးယုို‌ဖောက “အမျိုးသမီးဆုိုတာ ‌နေရာတုိုင်း၊ ‌ဒေသတုိုင်း မှာ ရှိတယ်။ ‌နေရာများများလုုပ်‌ပေးနုိုင်ရင် အမျိုးသမီးလှုပ်ရှားမှု၊ အခွင့်အ‌ရေး နဲ့ပတ်သက်ပြီး ပုိုပြီးနားလည်လာလိမ့်မယ်။ ပုိုပြီး‌တွေ့မြင် ရမယ်ဆုိုတဲ့ ရည်ရွယ်ချက်နဲ့ ကျမတုို့ ပြုလုုပ်ကျင်းပ တာဖြစ်ပါတယ်”ဟုု ‌ကေအုိုင်စီသုို့ ‌ပြောသည်။

ယခုုလုို ကျင်းပခြင်းဖြင့် အမျိုးသမီးများ၏ ရုုန်းကန်လှုပ်ရှားမှု အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အမျိုးသမီးသာမကဘဲ အမျိုးသားများပါ ပုိုမုိုသိရှိနားလည် အသိမှတ်ပြုလာလိမ့်မည်ဟုု ယုုံကြည်‌ကြောင်း ‌နော်စီးယုို‌ဖောက ဆက်‌ပြောသည်။

ထုိုင်းနုိုင်ငံ၊ ဖုုတ်ဖရမြို့နယ်ရှိ အုုန်းဖျန်ဒုုက္ခသည်စခန်း၌ KWO နှင့် အစုိုးရမဟုုတ်‌သော အဖွဲ့အစည်း (အန်ဂျီအုို)တုို့ စုု‌ပေါင်းကျင်းပသည့် နုိုင်ငံတကာအမျိုးသမီးများ‌နေ့ကိုု ဒုုက္ခသည် ၃၀၀‌ကျော် ပူး‌ပေါင်း ခဲ့ရာ လမ်း‌လျှောက်ချီတက်ပွဲ၊ နုိုင်ငံတကာအမျိုးသမီးများ‌နေ့ ဖြစ်‌ပေါ်လာပုုံ၊ ကရင်အမျိုးသမီးများ၏ လှုပ်ရှားမှု၊ ထုုတ်ပြန်‌ကြေညာချက်များကိုု ဖတ်ကြားခြင်းအပြင် လက်ကမ်း စာ‌စောင်များ ဖြန့်‌ဝေခဲ့သည်ဟုု KWO အဖွဲ့ဝင် ‌နော်‌ဘော့‌ညောက ‌ပြောသည်။

သူမက “စခန်းထဲက အချို့ ‌သော အမျိုးသမီး‌တွေဟာ စာမတတ်လုို့ဆုိုပြီး အားငယ်မှု‌တွေရှိ‌ပေမယ့် အမျိုးသမီး‌တွေရဲ့ ဆန္ဒ‌တောင်းဆိုချက်၊ လုိုးလားချက်၊ အမျိုးသမီး‌တွေရဲ့ လှုပ်ရှားမှု‌တွေကိုု ကျမတုို့ ချပြ‌ပေးသွားတဲ့အ‌ပေါ်မှာ သူတုို့ လုုပ်နုိုင်တဲ့အပုိုင်းဆုိုတာ အများကြီးရှိတယ်ဆိုတဲ့အ‌ကြောင်းကိုု သူတုို့ နားလည်သ‌ဘော‌ပေါက်လာတယ်ဆုိုတာ ‌တွေ့မြင်ရတယ်”ဟု ‌ကေအုိုင်စီသုို့ ‌ပြောသည်။

‘ကျား⁄မတန်းတူ‌ရေးအတွက် စွမ်းစွမ်းတမံလှုပ်ရှားကြစုို့ ’‌ဆောင်ပုုဒ်ဖြင့် ကျင်းပသည့် ၂၀၁၆ခုုနှစ်၊ နုိုင်ငံတကာ အမျိုးသမီးများ‌နေ့ကိုု ကမ္ဘာ့နုိုင်ငံ အသီးသီးအပြင် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ၊ နယ်စပ်‌ဒေသ ဒုုက္ခသည်စခန်းများနှင့် ကရင်ပြည်နယ်၏မြို့‌တော် ဖားအံမြို့အပါအဝင် မြန်မာနုိုင်ငံ၌ ‌နေရာ‌တော်‌တော်များများတွင် ကျင်းပခဲ့ကြသည်ဟု သိရသည်။

၁၉၀၈ ခုနှစ်၊ မတ်လ ၈ရက်‌နေ့တွင် အ‌မေရိကန်၊ နယူး‌ယော့ခ်မြို့ရှိ အထည်ချုပ်စက်ရုံမှ အမျိုးသမီးများက အလုပ်ချိန်များ ‌လျှော့‌ပေး‌ရေး၊ လစာတိုး‌ပေး‌ရေးနှင့် မဲ‌ပေးခွင့်ရရှိရန်အတွက် ဆန္ဒပြ‌တောင်းဆုိုသည့်‌နေ့ကိုု အစွဲပြု၍ နိုင်ငံတကာအမျိုးသမီးများ‌နေ့(International Women Day) အဖြစ် သတ်မှတ်လာခဲ့ခြင်းဖြစ်သည်။