Home သတင်း နိုင်ငံ‌ရေးပြဿနာ‌ဖြေရှင်းပြီးမှ အကြီးစားဖွံ့ဖြိုး‌ရေးစီမံကိန်းများ ‌ဖော်‌ဆောင်ရန် နိုင်ငံတကာကရင်အဖွဲ့ ‌ပြောဆုို

နိုင်ငံ‌ရေးပြဿနာ‌ဖြေရှင်းပြီးမှ အကြီးစားဖွံ့ဖြိုး‌ရေးစီမံကိန်းများ ‌ဖော်‌ဆောင်ရန် နိုင်ငံတကာကရင်အဖွဲ့ ‌ပြောဆုို

1479

မတ် ၁၆ရက်၊၂၀၁၆ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူအ‌နေဖြင့် နိုင်ငံ‌ရေးပြဿနာများကို ‌ဖြေရှင်းပြီးမှသာ ကရင်ပြည်နယ်အတွင်း အကြီး စားဖွံ့ဖြိုး‌ရေးစီမံကိန်းများကို ပြည်သူ့ဆန္ဒနှင့်အညီ ‌ဖော်‌ဆောင်‌ပေးရန် နိုင်ငံတကာ ကရင်အမျိုးသားအဖွဲ့-IKO က ယ‌နေ့ ‌ပြောဆို လိုက်သည်။

မတ်လ ၁၂ရက်‌နေ့စွဲဖြင့် IKO က ထုတ်ပြန်လိုက်သည့် ‌ဘောကထာ‌ရေအားလျှပ်စစ် စီမံကိန်း သ‌ဘောထား ထုတ်ပြန်ချက်အ ‌ပေါ် ‌ပြောခွင့်ရသူ မန်း‌အော်လဲဒိုအား ‌ကေအုိုင်စီက ဆက်သွယ်‌မေးမြန်းစဉ် ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာ အပြီးအပိုင်‌ဆွေး‌နွေးပြီးမှသာလျှင် ဌာနီပြည်သူလူထုနှင့် ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး‌တော့မှ စီမံ ကိန်းကြီး‌တွေကို အ‌ကောင်အထည်‌ဖော်တဲ့‌နေရာမှာ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီတဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘဲ ပြည် သူလူထု အကျိုးရှိမယ်ဆိုတဲ့အ‌ပေါ်မှာ မူတည်ပြီး‌တော့မှ ပြည်သူလူထုသ‌ဘောတူပြီးမှလုပ်ဖို့ပါ”ဟု ‌ပြောသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိ‌နေဆဲ ကရင်ဒုက္ခသည်များအ‌ပေါ် နိုင်ငံတကာ၏ ကူညီ‌ပေးမှု ရပ်စဲသွားမည့် ဖိအား များ ရင်ဆိုင်‌နေရသည်နှင့်ပတ်သက်ပြီး KNU အ‌နေဖြင့် ဒုက္ခသည်များအား အ‌ကြောက်တရားကင်းစွာ မိမိ‌နေရပ်ပြန်နိုင်‌ရေးအ တွက် ၎င်းတို့၏‌ဒေသရှိ အစိုးရစစ်တပ်များကို ‌နေရာမှဖယ်‌ပေးရန် လုပ်‌ဆောင်‌ပေးရန်လည်းလိုအပ်သည်ဟု မန်း‌အော်လဲဒိုက ဆက်‌ပြောသည်။

IKO ၏ ‌ဘောကထာ‌ရေအားလျှပ်စစ်စီမံကိန်း သ‌ဘောထားထုတ်ပြန်ချက်၌ ‌ဖေ‌ဖော်ဝါရီလ ၈ရက်‌နေ့က KNUသူး‌လေ ကုမ္မဏီ လီမိတက်နှင့် အစိုးရလျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာ(MOU) ‌ရေးထိုးသည့် ‌ဘောကထာ့‌ရေအားလျှပ်စစ် စီမံကိန်းအ‌ပေါ် KNU အဖွဲ့အတွင်းနှင့် ထိုမှတဆင့် အရပ်ဖက်နှင့် ပြည်သူလူထုများအ‌ပေါ် ပွင့်လင်းမြင်သာမှုရှိ‌စေ‌ရေးကို ‌ဝေဖန် ‌ထောက်ပြ၍ သုံးသပ်‌ပြောဆိုထားသည်။

ထို့အပြင် ‌ရေရာမှုမရှိ‌သေးသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်များနှင့်အတူ ဦးသိန်းစိန်အစိုးရ၏ အုပ်ချုပ်‌ရေး၊ စီးပွား‌ရေး၊ စစ်‌ရေးဆိုင်ရာ နယ်‌မြေချဲ့ထွင်ခြင်းများကို ခံ‌နေရသည့်အပြင် စီမံကိန်းများ‌ကြောင့် အသစ်တက်လာမည့် NLD အစိုးရအ‌ပေါ် အခက်ကြုံ‌စေမည့် လုပ်ရပ်များကိုပါ ပါရမီဖြည့်လုပ်‌ဆောင်‌ပေးရာ‌ရောက်‌နေသည်ဟုလည်း ထုတ်ပြန်ချက်၌ ‌ဖော်ပြပါရှိသည်။
250186_480074692183799_7581806728108814632_n
IKO သ‌ဘောထားအ‌ပေါ် KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောကွယ်ထူးဝင်းက “ငြိမ်းချမ်း‌ရေးလုပ်တာ အကုန်လုံး ‌သေ ချာမှ လုပ်ရမယ်ဆိုတာက တစ်ဖက်က ပြန်စဉ်းစားတဲ့အခါ သ‌ဘောက အဲ့လို‌တော့ ဖြစ်‌ပေမယ့်လို့ တကယ့်လက်‌တွေ့မှာ လူသား ‌တွေက ဖွံ့ဖြိုးတိုးတက်မှုကို ရတဲ့‌နေရာမှာပဲ ‌နေချင်တာပဲဗျာ့။ ဒုက္ခသည်စခန်းမှာပဲ‌နေ‌နေ၊ ‌တောထဲမှာပဲ‌နေ‌နေ အဆင်‌ပြေတဲ့ဘဝ ‌တော့ ‌နေချင်ကြတာချည်းပဲ။ ပြည်သူလူထုနဲ့ ညှိနှိုင်းပြီး‌တော့မှ‌ဆောင်ရွက်သွားမှာပါပဲ။ ဘာဖြစ်လို့လဲဆို‌တော့ ပြည်သူလူထုရဲ့အ ကျိုးကို ‌မျှော်ကိုးပြီး‌တော့မှ လုပ်ရမဲ့တာဝန် ကျ‌နော်တို့ဆီမှာရှိတယ်။ မျက်စိမှိတ်ပြီး‌တော့ လူထုအကျိုးကိုမကြည့်ဘဲနဲ့‌တော့ လုပ် သွားမှာ မဟုတ်ပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ထိန်းချုပ်နယ်‌မြေဖြစ်သည့် ‌ညောင်‌လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်‌မြေရှိ ‌ဘောကထာ‌ရေအားလျှပ်စစ်စီမံကိန်းအတွက် အစိုးရနှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်‌ရေးထိုးခြင်းအ‌ပေါ် ကရင်လူထုအ‌ခြေပြု အဖွဲ့အစည်းများ၊ ကရင်ပြည်သူလူ ထုများအကြား ‌ဝေဖန်မှုများရှိခဲ့ခြင်းအ‌ပေါ် ယခင်လ ၂၆ရက်‌နေ့က KNU မှ သ‌ဘောထား‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့ သည်။

ကရင်အမျိုးသားတို့၏ တန်ဘိုးကို မြှင့်တင်ရန်၊ ကရင်ဘာသာစကား၊ စာ‌ပေနှင့် ရိုးရာယဉ်‌ကျေးမှုတို့ကို ထိန်းသိမ်း‌စောင့်‌ရှောက် ရန် ရည်ရွယ်၍ နိုင်ငံတကာ ကရင်အဖွဲ့အစည်း IKO ကို Asia Pacific Region, European Region နှင့် US/ Canada Region တုို့မှ နိုင်ငံ‌ပေါင်း ၃၀‌ကျော်ရှိ ကရင်အဖွဲ့အစည်းများဖြင့် ၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့သည်။