Home သတင်း နိုင်ငံ‌ရေးတွင် အမျိုးသမီးပိုမိုပါဝင်လာ‌ရေး ကရင်ပြည်နယ်ဝန်ကြီးချုပ်သစ်မှ လုပ်‌ဆောင်‌ပေးရန် ကရင်အမျိုးသမီးထု လိုလား

နိုင်ငံ‌ရေးတွင် အမျိုးသမီးပိုမိုပါဝင်လာ‌ရေး ကရင်ပြည်နယ်ဝန်ကြီးချုပ်သစ်မှ လုပ်‌ဆောင်‌ပေးရန် ကရင်အမျိုးသမီးထု လိုလား

2183
မတ် ၃၁ ရက်၊ ၂၀၁၆ ခုနှစ်။ စအိုင်ဆူး

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်လာသည့် နန်းခင်‌ထွေးမြင့်အ‌နေဖြင့် နိုင်ငံ‌ရေးလုပ်ငန်းစဉ်နှင့်ငြိမ်းချမ်း‌ရေး ဖြစ်စဉ်များ၌ အမျိုးသမီးများ ပိုမိုပါဝင်လာ‌စေရန် အား‌ပေးအား‌မြှောက်ပြု လုပ်‌ဆောင်‌ပေး‌စေလို‌ကြောင်း ကရင်အမျိုးသမီး‌ခေါင်း‌ဆောင်များက မတ်လ ၃၁ရက်‌နေ့တွင် ‌ပြောဆိုလိုက်သည်။

မတ် ၂၈ရက်‌နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ကရင်ပြည်နယ်၊ လွှတ်‌တော်တတိယ‌နေ့ အစည်းအ‌ဝေး၌ ဖားအံမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်‌မြေ ပြည်နယ်လွှတ်‌တော်အမတ် နန်းခင်‌ထွေးမြင့်အား ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အတည်ပြုခန့်အပ်ခဲ့ပြီး‌နောက် ‌ကေအိုင်စီမှ ကရင်အမျိုးသမီး‌ခေါင်း‌ဆောင်များကို ‌မေးမြန်းရာတွင် ထိုသို့ ‌ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

ကရင်အမျိုးသမီးအစည်းအရုုံး(KWO) အတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောက “ကရင်လူမျိုး‌တွေ အကြားမှာ တည်‌ဆောက်‌နေတဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေမှာ သူ့(နန်းခင်‌ထွေးမြင့်)ကို ပါဝင်‌စေချင်တယ်။ ဒီထက်မက သူ့အ‌နေနဲ့ အမျိုးသမီး‌တွေကို နိုင်ငံ‌ရေးလုပ်ငန်းစဉ်‌တွေဖြစ်တဲ့ ဒီငြိမ်းချမ်း‌ရေးတည်‌ဆောက်မှုအပိုင်း‌တွေမှာ လူမှုအသိုင်းအဝိုင်း‌တွေမှာ ပိုမိုပါဝင်လာ‌စေဖို့ အား‌ပေးအား ‌မြောက်ပြု‌စေလိုတယ်”ဟု ‌ပြောသည်။

အမျိုးသမီးများ၏ ပါဝင်လုပ်‌ဆောင်မှုကို ကန့်သတ်ထားချက်များနှင့် အမျိုးသမီးများ၏ လုပ်ပိုင်ခွင့် မှန်ကန်သည့် ဥပ‌ဒေများကို ခိုင်မာ‌အောင် ပြဋ္ဌာန်း‌စေလိုပြီး ‌နောက်ပိုင်းကာလများတွင် KWO အ‌နေဖြင့် သူမနှင့်‌တွေ့ဆုံနိုင်ရန် စီစဉ်သွားမည်ဟုလည်း ‌နော်က‌ညော‌ဖောက ဆက်‌ပြောသည်။

ကရင်ပြည်နယ် အစိုးရဖွဲ့ပြီး ရက်‌ပေါင်း ၁၀ဝ အတွင်း ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများအတွက် အကျိုးပြု‌စေမည့် ထူးထူးခြားခြား ‌ပြောင်းလဲမှုဖြစ်‌အောင် လုပ်‌ဆောင်သွားမည်ဟု ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က မတ်လ ၂၅ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောဆုိုထားသည်။

ကရင့်‌ရေးရာ‌ကော်မတီ-KAC မှ လူငယ်အမျိုးသမီး‌ခေါင်း‌ဆောင် ‌နော်အယ်‌ဖောဝါးက “မြန်မာနိုင်ငံရဲ့ယဉ်‌ကျေးမှု အရပဲ‌ပြော‌ပြော ဘာသာ‌ရေးအရပဲ‌ပြော‌ပြော အမျိုးသမီး‌တွေအ‌ပေါ်မှာ မြင်တဲ့အမြင်‌တွေ ‌ပြောချင်တာက အမျိုးသမီး‌တွေ မလုပ်နိုင်ပါဘူး။ ဘုန်းကံ မရှိဘူး။ မသင့်‌တော်ပါဘူးဆိုတဲ့အမြင်‌တွေကို ‌ပြောင်းလဲ‌အောင်နဲ့ အမျိုးသမီး‌တွေ ကိုယ်၌ကလည်း အထင်အမြင်ခံရတဲ့ ပုံစံအတိုင်းရှိမ‌နေဘဲ ကိုယ့်ရဲ့လုပ်နိုင်စွမ်းအား‌တွေကို ‌ဖော်ထုတ်ပြသခွင့်ရ‌အောင် ဝန်ကြီးချုပ်အ‌နေနဲ့က အထူးပြုလုပ်‌ဆောင်‌ပေး‌စေချင်တယ်”ဟု ‌ပြောသည်။

လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း‌ဆောင်‌တော့မည့် နန်းခင်‌ထွေးမြင့်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် လာမည့် ဧပြီ ၁ရက် ‌နေ့တွင် အစိုးရသစ်အဖြစ် စတင်တာဝန်ထမ်း‌ဆောင်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ၁၉၅၂ ခုနှစ်က သမ္မတ ဦးနု ဦး‌ဆောင်သည့် ပါတီစုံ ဒီမိုက‌ရေစီ အစိုးရလက်ထက်တွင် မစ္စဘ‌မောင်ချိန်ကို ကရင်ပြည်နယ်၏ ပထမဦးဆုံး ဥက္ကဌ(အစိုးရအဖွဲ့ဝင်ဝန်ကြီး)အဖြစ် ခန့်အပ်ပြီး ပထမဦးဆုံး‌သော ကရင်ပြည်နယ် အမျိုးသမီးဝန်ကြီး ဖြစ်ခဲ့ဖူးသည်။