Home သတင်း မြို့နယ်သမဝါယမ လယ်ထွန်စက် မဲ‌ဖောက်မည့်အစီအစဉ် ထီလက်မှတ်‌ရောင်းချမှုအ‌ပေါ် အသင်းဝင်များ‌ဝေဖန်

မြို့နယ်သမဝါယမ လယ်ထွန်စက် မဲ‌ဖောက်မည့်အစီအစဉ် ထီလက်မှတ်‌ရောင်းချမှုအ‌ပေါ် အသင်းဝင်များ‌ဝေဖန်

2448

မတ် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်၊ သမဝါယမဝန်ကြီးဌာနမှ အသင်းဝင်လယ်သမားများကို လယ်ထွန်စက်တစ်စီး မဲ‌ဖောက်‌ပေးမည့် အစီ အစဉ်ကို ထီလက်မှတ်ပုံစံဖြင့် တစ်ဦး ၅၀၀ဝကျပ်ဖြင့် ‌ရောင်းချလိုက်ခြင်းအ‌ပေါ် ‌ဒေသခံ အသင်းဝင်များက ‌ဝေဖန်မှုများလာ ‌ကြောင်း သိရသည်။

ခလယ်ရွာမှ သမဝါယမအသင်းသား ‌စောဝင်းနိုင်က “အခုချိန်က ရွာမှာ ရာဘာ‌ဈေးနူန်းကလည်းကျ၊ စပါး‌ဈေးနူန်းကလည်း မရှိ တဲ့အချိန်၊ သမဝါယမက ချ‌ပေးတဲ့ လယ်ထွန်စက်ဝယ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အခု အဲဒီလယ်ထွန်စက်ကို အသင်းဝင် ‌တွေအားလုံး ထီလက်မှတ် တစ်‌ယောက် (၅၀၀၀)ဖိုး ထိုးပြီး မဲ‌ဖောက်‌ပေးမယ်ဆို‌တော့ လုံးဝ အခက်ခဲဖြစ်‌နေတယ်”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

၎င်းအ‌နေဖြင့် စီးပွား‌ရေးအရင်းအနှီးမရှိသည့်အတွက် ‌ငွေ‌ချေး၍ရ‌အောင် သမဝါယမအသင်းဝင်တစ်ဦးအ‌နေဖြင့် ဝင်ခဲ့‌ကြောင်း၊ တစ်နှစ်မှာ ‌ချေး‌ငွေ(၂)သိန်းသာ ရရှိသည့်အတွက် လုပ်ငန်းအ‌ကောင်ထည်‌ဖော် မလည်ပတ်နိုင်‌ကြောင်း ‌စောဝင်းနိုင်က ဆက် ‌ပြောသည်။

ယင်းသို့‌ဝေဖန်‌ပြောဆုိုမှုအ‌ပေါ် ကြာအင်းဆိပ်ကြီးမြို့နယ် သမဝါယမအသင်းဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းကို ‌ကေအိုင်စီက ‌မေးမြန်းရာ ၎င်းက “‌ချေး‌ငွေထုတ်‌ချေး‌ပေး ထားတုန်းက ဒီလယ်ထွန်စက်ရဲ့ ပြဿနာကို အသင်းသား‌တွေကို ချပြရှင်းလင်းထားပြီးပြီ။ အသင်းသား‌တွေရဲ့ အများဆန္ဒ သ‌ဘောထားရာခိုင်နှုန်း‌တွေနဲ့ ‌ဆောင်ရွက်ခြင်းဖြစ်တယ်။ သုို့‌သော် ပြည်သူ‌တွေကိုု ဖိအားဖြစ်‌စေ မယ့်အလုပ်မျိုးကို ရပ်နားထားမှာ ဖြစ်ပါတယ်။ လာမယ့် ၂ဝရက်‌နေ့မှာ ဘယ်လိုပုံစံနဲ့ လုပ်သွားမလဲဆိုတာနဲ့ပတ်သက်ပြီး အားလုံး တိုင်ပင်ညှိနှိုင်းသွားဖို့ ဆုံးဖြတ်ထားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ခလယ်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး မန်းဆန်းညွန့်‌မောင်ကလည်း “ဗဟိုသမဝါယမအသင်းမှ အရစ်ကျစနစ်နဲ့ တစ် မြို့နယ်ကို လယ်ထွန်စက်ကြီးတစ်လုံး ချထား‌ပေးတယ်။ လယ်သမား‌တွေ လက်လှမ်းမမှီနိုင်တဲ့ ‌ဈေးနှုန်းဖြစ်‌နေ‌တော့ မဝယ်နိုင် ကြဘူး‌ပေါ့။ ဒီထွန်စက်ကို မြို့နယ်သမအဖွဲ့က အ‌ပေါ်က ဌာနကို ပြန်သွင်းဖို့ လက်မခံတဲ့အတွက် မဖြစ်မ‌နေ ထီပုံစံနဲ့ဖန်တီးပြီးမှ လုပ်လိုက်ရတာဖြစ်တယ်”ဟု ရှင်းပြသည်။

သို့‌သော် ‌ဒေသခံအများစုမှာ ယခုကဲ့သို့ ထီလက်မှတ်ဖြင့် တဦး (၅၀၀၀-ကျပ်) ထိုးရမည့်အ‌ပေါ် သက်တမ်းနု‌သေးသည့် အသင်း သားများအ‌နေဖြင့် သမဝါယမအသင်းအ‌ပေါ် ယုံကြည်မှုနည်းလာမည်ဖြစ်ပြီး လက်ရှိစီးပွား‌ရေးကျဆင်း‌နေချိန်တွင် အသင်းသား များကို ဒုက္ခမ‌ပေးဘဲ လယ်ထွန်စက်ကြီးကို ပြန်သွင်း‌စေချင်ကြသည်ဟု အသင်းသားအချို့က ‌ထောက်ပြ‌ဝေဖန်မှုလည်း ရှိသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သမဝါယမအသင်းဝင် (၃၃‚၀၀၀)‌ကျော်ရှိပြီး အသင်းဝင်တစ်ဦးလျှင် (၆)လတစ် ကြိမ် ‌ချေး‌ငွေ(၁)သိန်း ထုတ်‌ချေးနိုင်ပြီး အတိုးနှုန်းကိုု (၁)ကျပ်ခွဲဖြင့် အရင်းနှင့် အတိုး‌ပေါင်းပြီး (၆)လပြည့်လျင် ပြန်သွင်း‌ပေးရ ‌ကြောင်း သိရသည်။