Home အမြင်သဘောထား ၂၀၁၅‌ရွေး‌ကောက်ပွဲတွင် တက်လာသည့် မြန်မာအစိုးရသစ်အ‌ပေါ် အမြင်သ‌ဘောထား

၂၀၁၅‌ရွေး‌ကောက်ပွဲတွင် တက်လာသည့် မြန်မာအစိုးရသစ်အ‌ပေါ် အမြင်သ‌ဘောထား

1857

၂၀၁၅ နိုဝင်ဘာလ ၈ရက်‌နေ့က ကျင်းပပြီးစီးခဲ့သည့် ပါတီစုံအ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) က မဲအ‌ရေအတွက်များစွာဖြင့် အနိုင်ရရှိခဲ့သည်။ ၂၀၁၆၊ ‌ဖေ‌ဖော်ဝါရီနှင့် မတ်လအတွင်း၌ လွှတ်‌တော်ဒုဥက္ကဋ္ဌ၊ ဥက္ကဋ္ဌများ၊ ဒု သမ္မတ၊ သမ္မတများကို တိုင်းရင်းသားကိုယ်စားပြုမှု ပါဝင်သည့် အစိုးရသစ်အဖွဲ့ ‌ရွေး‌ကောက်တာဝန်ယူ‌စေခဲ့သည်။ ထိုအ ‌ခြေအ‌နေအ‌ပေါ် လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီး‌ရေးလှုပ်ရှားသူများ၊ လူမျိုးစုအ‌ခြေခံသည့် နိုင်ငံ‌ရေးပါတီများကို ကိုယ်စားပြု သူများ၏ အမြင်သ‌ဘောထားကို ‌မေးမြန်း ‌ဖော်ပြထားခြင်းဖြစ်သည်။

ဂျူးလီယာ (အတွင်း‌ရေးမှူး အမျိုးသမီးများအဖွဲ့ချုပ် – မြန်မာနိုင်ငံ)
Julia (KWAT copy
NLD အစိုးရသစ်မှာဆိုရင် ‌တော်‌တော်များများ ‌ပြောင်းလဲလာပြီလို့ ‌ပြောရမယ်ထင်တယ်။ သမ္မတကအစ ဒုသမ္မတအ ဆုံး တိုင်းရင်းသား‌တွေ ပါလာတယ်။ တစ်နည်းအားဖြင့် ကိုယ်စားပြုမှု‌တွေ ပါလာတယ်။ ကျမတို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာ နိုင်ငံ)အ‌နေနဲ့ကလည်း တိုင်းရင်းသားအမျိုးသမီးအဖွဲ့အစည်း‌တွေ ပါဝင်ဖွဲ့စည်းထားသလို တိုင်းရင်းသားအခွင့်အ‌ရေး၊ အမျိုးသမီး အခွင့်အ‌ရေး‌တွေအတွက် လှုပ်ရှား‌နေတာမို့ အခုလို အစိုးရသစ်ရဲ့ အ‌ရေးပါတဲ့‌နေရာ‌တွေမှာ တိုင်းရင်းသား‌တွေ၊ ‌နောက်ပြီး ပါဝင် သင့် ပါဝင်ထိုက်တဲ့‌နေရာမှာ အမျိုးသမီး‌တွေ အများကြီး ပါဝင်လာတယ်။ လွှတ်‌တော်ထဲမှာဆိုရင် ပြီးခဲ့တဲ့ အစိုးရသက်တမ်းက ထက် အမျိုးသမီးအမတ်‌တွေ ၁၃ရာခိုင်နှုန်းအထိ ပိုမိုပါဝင်လာတာ ‌တွေ့ရတဲ့အတွက်‌ကြောင့် ကျမတို့ အများကြီး ဝမ်းသာကြိုဆို ပါတယ်။
ဒီလို ကြိုဆို‌ပေမယ့် အဲဒီပါဝင်မှုဟာ ဟန်ပြသက်သက်မဟုတ်ဘဲ တကယ်အ‌ရေးပါ အရာ‌ရောက်တဲ့‌နေရာ၊ ဆုံးဖြတ် ချက် ချနိုင်တဲ့‌နေရာကဏ္ဍတိုင်းမှာ အမျိုးသမီး‌တွေ ပိုမိုပါဝင်လာဖို့ကို ကျမတို့ ‌ပြောချင်ပါတယ်။ အစိုးရသစ်အ‌နေနဲ့ တကယ်လုပ် နိုင်မလုပ်နိုင်ဆိုတာက‌တော့ ‌စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ကျမတို့ နိုင်ငံဟာ ဒီမိုက‌ရေစီဆိတ်သုဉ်း‌နေတာ တစ်ခုတည်း မဟုတ် ဘဲ တိုင်းရင်းသားအခွင့်အ‌ရေး‌တွေ ဆုံးရှုံး‌နေတာ နှစ်‌ပေါင်း ၆၀‌ကျော်လာပြီ။ ပြည်တွင်းစစ်ကလည်း မရပ်‌သေးဘူး။ NCA ကို လည်း အဖွဲ့ ၈ဖွဲ့ကပဲ လက်မှတ်ထိုးထား‌သေးတယ်။ လက်မှတ်မထိုးနိုင်‌သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေအ‌ပေါ်မှာ ထိုးစစ်ဆင်မှု‌တွေ ရှိ‌နေ‌သေးတယ်။ အစိုးရသစ်ကို တိုက်ပွဲဖြစ်ပွားမှု‌တွေ အမြန်ဆုံးရပ်‌စေချင်တယ်။
‌နောက်ပြီး အစိုးရသစ်အ‌နေနဲ့ ပုံစံအသစ်ဖြစ်တဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ဝိုင်းဝန်းအ‌ဖြေရှာပြီးမှ ပြန်လည်လုပ်‌ဆောင်‌ပေး ဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆို‌တော့ လက်ရှိငြိမ်းချမ်း‌ရေးဖြစ်စဉ်ဟာ အားလုံးပါဝင်နိုင်‌သေးတဲ့ အ‌နေအထားမဟုတ်သလို လက် မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေက နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေမှာ ပါဝင်နိုင်ဖို့ အကန့်အသတ်ဖြစ်‌နေတယ်။ အဲဒီ‌တော့ အစိုးရသစ်အ‌နေနဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေမှာ တိုင်းရင်းသား‌တွေရဲ့အခွင့်အ‌ရေးနဲ့ တန်းတူ‌ရေး‌တွေကို ဦးစား‌ပေးပြီး အားလုံးပါဝင်‌အောင် လုပ်‌ဆောင်နိုင်မှသာလျှင် ကျမတို့‌မျှော်မှန်းတဲ့ ပြည်‌ထောင်စုကြီးဖြစ်လာမှာပဲလို့ ကျမတို့ မြင်ပါတယ်။

‌စော‌ကျော်စွာ (အတွင်း‌ရေးမှူး၊ ကရင်‌ရေးရာ‌ကော်မတီ)
Saw Kyaw Zwar
ကျ‌နော်တို့အ‌နေနဲ့က‌တော့ အစိုးရသစ်ဟာ ပြည်သူက ‌ရွေးချယ်တင်‌မြှောက်လိုက်တဲ့ အစိုးရဖြစ်တယ်ဆို‌တော့ ယခင် စစ်တစ်ပိုင်း ပြည်သူတစ်ပိုင်း ‌ရွေးချယ်တင်‌မြှောက်တဲ့ အစိုးရထက်‌တော့ ကျ‌နော်တို့‌မျှော်လင့်တာ‌ပေါ့။ ယခင် အစိုးရလက်ထက် ‌တောင်မှ တိုင်းရင်းသားအ‌ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်နိုင်ခဲ့တဲ့အတွက်‌ကြောင့် အစိုးရသစ်လက်ထက်မှာ အများကြီး လုပ်နိုင်မယ်လို့ အများကြီး‌မျှော်လင့်တယ်။
ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ပတ်သက်လို့က‌တော့ နည်းနည်း‌ပြောရခက်တယ်။ နိုင်ငံ‌တော်တည်‌ဆောက်‌ရေးနဲ့ ငြိမ်းချမ်း‌ရေး တည်‌ဆောက်‌ရေး‌ပေါ့။ ယခင်အစိုးရလက်ထက်တုန်းက နိုင်ငံ‌တော်တည်‌ဆောက်‌ရေးနဲ့ ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌ရေးကို ကြိုး နှစ်ပင်လိမ်ပြီး လုပ်တဲ့အခါကျ‌တော့ ‌တော်‌တော်‌လေးခက်ခဲတယ်။ ဘာဖြစ်လို့လဲဆို‌တော့ တပ်မ‌တော်နဲ့ တိုင်းရင်းသား‌တော်လှန် ‌ရေးလက်နက်ကိုင်‌တွေ ‌ဆွေး‌နွေးရမယ့်ကိစ္စ‌တွေကို သီးသန့်မ‌ဆွေး‌နွေးဘဲနဲ့ ‌ရောပြွမ်းပြီး လုပ်သွားတဲ့အခါကျ‌တော့ အခက်အခဲ အများကြီး ‌တွေ့ရတယ်။
အစိုးရသစ်က အပစ်ခတ်ရပ်စဲ‌ရေးနဲ့ပတ်သက်လို့ စစ်ဖက်ဆိုင်ရာ လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်း‌တွေ နယ်‌မြေသတ် မှတ်မှု စတဲ့ကိစ္စ‌တွေမှာ သ‌ဘောတူလက်မှတ်ထိုးပြီးမှ ဒုတိယအဆင့်အ‌နေနဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေကို ဆက်သွားဖို့ကို ကျ‌နော် တို့ ဖြစ်‌စေချင်ပါတယ်။ ကျ‌နော်တို့လိုချင်တာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဖြစ်ပါတယ်။ အဲဒါရပြီးမှသာ နိုင်ငံ‌ရေး ပြုပြင် ‌ပြောင်းလဲမှု လာမယ်။ ကျ‌နော်တို့အစိုးရိမ်ဆုံးက တကယ်လို့ ယခင်အစိုးရလက်ထက် ‌ဖော်‌ဆောင်တဲ့ပုံစံမျိုးဆိုရင်‌တော့ သူတို့ ‌တွေက ဂွင်ဆင်ပြီးသား။ တိုင်းရင်းသားလက်နက်ကိုင်‌ခေါင်း‌ဆောင်‌တွေက အဲဒီဂွင်ထဲဝင်သွားမိရင် ကိုယ်လိုချင်တဲ့ ပန်းတိုင် ‌ရောက်မှာ မဟုတ်ဘူး။
အဲဒီ‌တော့ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်း‌ရေးကိစ္စကို အရင် ‌ဆွေး‌နွေး‌စေချင်တယ်။ ငြိမ်းချမ်း‌ရေးကိစ္စ‌ဆွေး‌နွေးပြီး ခိုင်မာတဲ့ ငြိမ်းချမ်း‌ရေး သ‌ဘောတူညီချက်တစ်ခုရထားပြီး‌တော့မှ နိုင်ငံ‌တော်တည်‌ဆောက်‌ရေးအတွက် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်‌ထောင်စု ဖြစ်‌ပေါ်လာဖို့အတွက် ဘယ်လိုလက်တွဲမလဲဆိုတာ ဆက်လက် ညှိနှိုင်း‌ဖော်‌ဆောင်သင့်တယ်လို့ မြင်ပါတယ်။

မန်း‌ကျော်ငြိမ်း (အ‌ထွေ‌ထွေအတွင်း‌ရေးမှူး၊ ကရင်အမျိုးသားပါတီ-KNP)
မန်း‌ကျော်ငြိမ်း
အစိုးရသစ်မှာ တိုင်းရင်းသား‌တွေ ‌တော်‌တော်များများပါလာတာ ဟိုးတုန်းကလည်း ရှိခဲ့ပါတယ်။ ဥပမာ – သမ္မတ စဝ်‌ရွှေ သိုက်(သျှမ်း)၊ ဆမားဒူးဝါး ဆင်ဝါး‌နောင်(ကချင်)၊ မန်းဝင်း‌မောင်(ကရင်) စတဲ့ သမ္မတကြီး‌တွေ ရှိခဲ့ဖူးပါတယ်။ ဒါ‌ပေမယ့် သူတို့ ‌ခေတ်က သမ္မတ ‌နေရာ‌ပေးလိုက်တာလည်း တိုင်းရင်းသားအခွင့်အ‌ရေး‌တွေ၊ တိုင်းရင်းသား‌တွေ လိုလားတဲ့ အမျိုးသားတန်းတူ ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာမျိုး တခါတည်း ရသွားတာ၊ ‌နေရာ‌ပေး‌ပေမယ့် ဒီ‌နေရာ‌တွေက သူ့သ‌ဘောနဲ့သူ လုပ်ခွင့်ရတဲ့ဟာ ‌တွေ မဟုတ်ဘူး။ အဲဒါကို ‌ရော‌ထွေးပြီး‌တော့ မမြင်ဖို့ လိုတယ်။ တိုင်းရင်းသား‌ခေါင်း‌ဆောင်‌တွေကို ‌နေရာ‌ပေးတဲ့အခါ တိုင်းရင်း သားအခွင့်အ‌ရေး‌တွေ ရပြီလို့ ဟို‌ခေတ်က ဟန်ပြလုပ်ခဲ့တာ ‌တောက်‌လျှောက်ပါပဲ။ ပြီး‌တော့ တိုင်းရင်းသား‌ရေးရာဝန်ကြီး(ဌာန) ဆိုပြီး‌တော့ ‌နောက်ထပ် ဝန်ကြီး(ဌာန) အသစ်တစ်ခု ထပ်ဖွဲ့လိုက်တဲ့ကိစ္စ။ တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နေရာ‌ပေးတာနဲ့ တိုင်းရင်း သား အခွင့်အ‌ရေးရတယ်လို့ သွားတွက်လို့‌တော့ မရဘူး။ ဖက်ဒရယ်ပြည်‌ထောင်စုကိုသွားဖို့ ကျ‌နော်တို့ လိုလားတာက ပြည်နယ်နဲ့ ဗဟိုအစိုးရရဲ့ အုပ်ချုပ်မှုထဲမှာ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့် အပြည့်အဝရဖို့ အ‌ရေးကြီးတယ်။
အခု အစိုးရအ‌နေနဲ့ တကယ် တိုင်းရင်းသား‌တွေအ‌ပေါ်မှာ သူတို့ရဲ့ စိတ်‌နေသ‌ဘောထား အမှန်ဆိုရင်‌တော့ အ‌ကောင်း ဆုံးပဲ‌ပေါ့။ အစိုးရသစ်အ‌နေနဲ့ အဓိကကျတာက ဒီအရပ်ဖက်၊ စစ်ဖက် ဆက်ဆံ‌ရေး‌တွေ ‌ပြောလို့ရတဲ့ကိစ္စ‌ပေါ့‌နော်။ အခု တစ်မတ် သား ပါ‌နေတဲ့ကိစ္စက ဘယ်နိုင်ငံမှ မရှိခဲ့ဘူး။ ကွန်စတီကျူးရှင်း(ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ)လည်း ပြင်ဖို့ လိုတယ်။ ‌နောက်တစ်ချက် က စစ်ဖက်ဆက်ဆံ‌ရေး ဒီ ၂၅ရာခိုင်နှုန်းကလည်း ကမ္ဘာ‌ပေါ်မှာ ဘယ်နိုင်ငံမှ မရှိခဲ့ဘူး။ အခု တက်လာတဲ့ အစိုးရက အဲဒီကိစ္စကို ‌အောင်မြင်‌အောင် လုပ်ဖို့ လိုတယ်။ ပိုပြီး ‌အောင်မြင်‌အောင် မလုပ်နိုင်ရင်‌တောင်မှ ဒီလိုအ‌ရေးကို ထိထိ‌ရောက်‌ရောက် လုပ်‌ဆောင် ‌ပေးနိုင်မှပဲ ဖြစ်မယ်။ အခု ဒီဖွဲ့စည်းပုံနဲ့ ဘာမှလုပ်လို့ မရဘူး ဖြစ်‌နေတယ်။ အဲဒီ‌တော့ ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေကိုပြင်ဖို့ ရ‌အောင်လုပ်ဖို့‌တော့ လိုမယ်။ ‌နောက်တစ်ချက်က စစ်တပ်နဲ့ ပတ်သက်တာ၊ စစ်တပ်ဆိုတာက သူ့‌နေရာနဲ့သူ ပြန်‌နေတာ အ‌ကောင်းဆုံးပဲ။ ‌နောက်တစ်ချက်က တိုင်းရင်းသား‌တွေအားလုံး လိုလားတဲ့ အမျိုးသားတန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်‌ထောင်စု ‌ပေါ်ထွန်းလာဖို့အတွက်ကို‌တော့ ဒီအစိုးရမှာ အုတ်မြစ်ချ‌ပေးနိုင်ဖို့ လိုတယ်။

ပဒို‌နော်စီဖိုးရာစိန် (ဒုဥက္ကဋ္ဌ၊ ‌ကေအဲန်ယူ)
DSC_0066
မြန်မာနိုင်ငံရဲ့အစိုးရသစ်အ‌ပေါ် ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ သ‌ဘောထားက‌တော့ ပူး‌ပေါင်း‌ဆောင်ရွက်မှု ‌တွေ လုပ်သွားမယ်။ ဒီအစိုးရသစ်အဖွဲ့ဟာဆိုရင် စစ်ဘက်က တက်လာတဲ့ အစိုးရ မဟုတ်တဲ့အတွက် ‌ကောင်းတဲ့အရာတခု ဖြစ် တယ်။ အရပ်သား အစိုးရဖြစ်‌နေ‌ပေမယ့်လို့ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ ကို ပြင်လို့မရရင် စစ်တပ်ရဲ့အာဏာက အရင်အတိုင်းပဲ ရှိ‌နေ ပါ‌သေးတယ်။ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အထူးသဖြင့် တိုင်းရင်းသားအားလုံး ပါဝင်ပြီး ‌ရှေ့ဆက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ သွားနိုင်ဖို့က အစိုးရသစ်အ‌နေနဲ့ ကြိုးပမ်းလုပ်‌ဆောင်သွားလိမ့်မယ်လို့ ယုံကြည်တယ်။ ငြိမ်းချမ်း‌ရေးဖြစ်စဉ်က NCA ထိုးထားတဲ့ တိုင်းရင်းသား ၈ဖွဲ့နဲ့ သွားလို့ မရပါဘူး။ တိုင်းရင်းသားအဖွဲ့ အားလုံးပါဝင်မှ နိုင်ငံ‌ရေးပြဿနာကို ‌ဖြေရှင်းနိုင်မယ်ဆိုတာ အစိုးရသစ် အ‌နေနဲ့လည်း သိရှိနားလည်ထားရမယ်။
လက်ရှိမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးလို့ ‌ပြော‌နေ‌ပေမယ့် ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်‌နေတယ်။ ပြည် တွင်းငြိမ်းချမ်း‌ရေးရှိဖို့ဆိုရင် အစိုးရသစ်အ‌နေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ ကြိုးပမ်း‌စေချင်တယ်။ ဒါ‌ပေမယ့် စစ်တပ်ဘက် က ဘယ်‌လောက်အတိုင်းအတာအထိ လက်ခံနိုင်မလဲဆိုတာ ကျမတို့ စိုးရိမ်တယ်။ အ‌ရေးကြီးတာက စစ်တပ်အာဏာရဲ့ လွှမ်းမိုး မှုက အရင်အတိုင်းပဲ ရှိ‌နေတယ်။ စစ်တပ်ဘက်က နိုင်ငံ‌ရေးပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဘယ်လို‌ဖြေရှင်းသွားမလဲဆိုတာ စဉ်း စားစရာဖြစ်‌နေတယ်။ စစ်တပ်အ‌နေနဲ့ အစိုးရသစ်နဲ့ သ‌ဘောထားမှန်မှန် ပူး‌ပေါင်းလုပ်‌ဆောင်သွားမယ်ဆိုရင် ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး အ‌ပြောင်းအလဲတခု ဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်။
အစိုးရသစ်ဟာ ပြည်သူလူထု ‌ရွေးချယ်တင်‌မြှောက်ထားတဲ့အတွက် လူထု‌တွေက မြန်မာနိုင်ငံ တိုးတက်‌ပြောင်းလဲဖို့ ‌မျှော်လင့်‌နေကြတယ်။ အုပ်ချုပ်‌ရေးစနစ် ‌ပြောင်းလဲဖို့၊ စစ်တပ်ရဲ့ အာဏာ‌တွေကို ‌ပြောင်းလဲဖို့နဲ့ ဒီမိုက‌ရေစီအစိုးရ ထူ‌ထောင်ဖို့ ဖြစ် ပါတယ်။ ဒီမိုက‌ရေစီဖြစ်ဖို့ဆိုရင် မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား‌တွေ အားလုံး ပါဝင်ခွင့်ရှိရမယ်။ တန်းတူညီမျှခွင့် ရှိရမယ်။ အဲဒါ ‌ကြောင့် အစိုးရသစ်အ‌နေနဲ့ တိုင်းရင်းသားလက်နက်ကိုင်‌တွေရဲ့ ပြဿနာ‌တွေ၊ လုပ်ငန်းစဉ်‌တွေကို စဉ်းစား‌ပေး‌စေချင်တယ်။ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့‌တွေနဲ့အတူ ဖြစ်တည်‌နေတဲ့ နိုင်ငံ‌ရေးပြဿနာ‌တွေကို ‌ဖြေရှင်းပြီး မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုက‌ရေစီ နိုင်ငံ‌တော်ကြီး တည်‌ဆောက်သွားဖို့ ‌ပြောချင်ပါတယ်။