Home ထိပ်တန်းသတင်း ပြန်လည်ထူ‌ထောင်‌ရေးစီမံကိန်းလုပ်ရန် ဂျပန်နီပွန်‌ဖောင်‌ဒေးရှင်းနှင့် ကရင်လက်နက်ကိုင်အဖွဲ့များ သ‌ဘောတူ

ပြန်လည်ထူ‌ထောင်‌ရေးစီမံကိန်းလုပ်ရန် ဂျပန်နီပွန်‌ဖောင်‌ဒေးရှင်းနှင့် ကရင်လက်နက်ကိုင်အဖွဲ့များ သ‌ဘောတူ

1744

မတ် ၄ ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်း စစ်‌ဘေး‌ရှောင်ပြည်သူများ ပြန်လည်အ‌ခြေချ‌ရေးအတွက် ပြန်လည်ထူ‌ထောင်‌ရေး စီမံကိန်းလုပ်ငန်းစဉ်(၁)ကို ပထမအကြိမ်ဖြင့် လုပ်သွားရန် နီပွန်‌ဖော‌ဒေးရှင်းနှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ မတ်လ ၂ရက်‌နေ့က ဖားအံမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် စီမံကိန်း‌ဖော်‌ဆောင်မှုညှိနှိုင်း အစည်းအ‌ဝေးတွင် လက်ခံသ‌ဘောတူခဲ့‌ကြောင်း သိရသည်။

စီမံကိန်းလုပ်ငန်း‌ဖော်‌ဆောင်မှုညှိနှိုင်းအစည်း‌ဝေးတွင် ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ KNU/KNLA-PC၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)တို့အပြင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် နီပွန်‌ဖောင်‌ဒေးရှင်း ဥက္ကဌ Yohei Sasakawa နှင့်အဖွဲ့၊ မြန်မာ့ငြိမ်းချမ်း‌ရေးစင်တာ MPC တာဝန်ရှိပုဂ္ဂိုလ်များ၊ ကရင်ပြည်နယ် အစိုးရ စသည့်အဖွဲ့များက ‌ဆွေး‌နွေးသ‌ဘောတူခဲ့ကြခြင်းဖြစ်သည်။

‌ဆွေး‌နွေးပွဲ တက်‌ရောက်သည့် KNU ဖားအံ ဆက်ဆံ‌ရေးတာဝန်ခံ ဗိုလ်မှူး ‌စောရှီးရှိုက “ပထမဦးဆုံးအကြိမ်က ပြည်နယ်အစိုးက‌နေ ပြုလုပ်တဲ့ တန်ဖိုးနည်း အိမ်ယာ အဲဒါက (နတလ) နယ်စပ်‌ဒေသဖွံ့ဖြိုး‌ရေး ဘတ်ဂျက်နဲ့။ အခု ဂျပန်အစိုးရအကူ‌ငွေနဲ့ ‌ပေးမှာက နီပွန်‌ဖောင်‌ဒေးရှင်းရဲ့ အ‌ထောက်အပံ့‌တွေနဲ့ ‌ဆောင်ရွက်မယ့် တန်ဖိုးနည်း အိမ်ယာဖြစ်တယ်။ အရင်တုန်းက အစိုးရပြည်နယ် ဘတ်ဂျက်နဲ့ လုပ်ထားတဲ့ဟာ‌တွေကို သူတို့လာ‌တွေ့ပြီး‌တော့ နီပွန်‌ဖောင်‌ဒေးရှင်းက ကူညီစိတ်‌ပေါ်လာတယ်”ဟု ‌ပြောသည်။

နီပွန်‌ဖောင်‌ဒေးရှင်းသည် မြန်မာပြည်တွင်းရှိ တရားဝင် ဝင်လာသည့် အဖွဲ့ဖြစ်သလို စီမံကိန်းနှင့် အ‌ထောက်အပံ့ ‌ပေးရာတွင် အစိုးရမှတဆင့် ‌ပေးရသည့်အတွက် တိုင်းရင်းသားလက်ကိုင်အများအ‌နေဖြင့် မယူလိုသည့် အဖွဲ့အချို့ရှိ‌ကြောင်းနှင့် ယခု‌ဆွေး‌နွေးပွဲအရ အတည်ပြုလက်ခံထားသည့် အချက်များသည် အများပြည်သူ သိရှိရန် ပူးတွဲ‌ကြေညာချက် တစ်‌စောင်ထုတ်ပြန်သွားမည်ဟုလည်း ‌ကေအဲန်ယူက ‌ပြောသည်။

အဆိုပါ ‌ဆွေး‌နွေးရာတွင် ပြန်လည်ထူ‌ထောင်‌ရေးအတွက် စီမံကိန်းလုပ်ငန်းစဉ်(၁)ကို အ‌ကောင်အထည် ‌ဖော်သွားရန် လိုအပ်သည့် ပြန်လည်‌နေရာ ချထား‌ရေး အိမ်ယာစီမံကိန်း၊ ဖွံဖြိုး‌ရေးအတွက် လမ်း၊ တံတား စာသင်‌ကျောင်း စီမံကိန်းများ၊ ‌ရေရရှိ‌ရေး စီမံကိန်းနှင့် ဆိုလာမီးသွယ်တန်းနိုင်‌ရေးစီမံကိန်းတို့ကိုလည်း သ‌ဘောတူခဲ့ပြီး နီပွန်‌ဖောင်‌ဒေးရှင်းမှ အ‌မေရိကန်‌ဒေါ်လာ ၇ သန်းခန့် လျာထားသည်ဟု သိရသည်။

၎င်းစီမံကိန်းလုပ်‌ဆောင်ရန် သ‌ဘောတူအတည်ပြုလိုက်ခြင်းအ‌ပေါ် ‌ကော့ကရိတ်မြို့နယ်အ‌ခြေစိုက် သွီးကရင် အရပ်ဖက်အဖွဲ့မှ မန်းသိန်း‌ဇော်က “စီမံကိန်း‌တွေလုပ်ဖို့ နီပွန်‌ဖောင်‌ဒေးရှင်းနဲ့ လက်ခံလိုက်တာ သိရတယ်။ ဒါ‌ပေမယ့် KNU နယ်‌မြေအတွင်းမှာရှိတဲ့‌ဒေသခံနဲ့ ကရင်အရပ်ဖက်အဖွဲ့တို့သ‌ဘောထား‌တွေ‌တော့မဟုတ်ဘူး။ ကြိုတင်သတင်းထုတ်ပြန်မှု မလုပ်တဲ့အ‌ပေါ်မှာလည်း ဒါ သူတို့ကပွင့်လင်းမြင်သာမှုမရှိဘူး”ဟု ‌ကေအိုင်စီသို့ မှတ်ချက်ပြု ‌ပြောဆိုသည်။

ထို့အပြင် နီပွန်‌ဖောင်‌ဒေးရှင်းဘက်မှ မည်သို့ လုပ်သွားမည်ကို တိတိကျကျမသိလို ပြည်လူထု၏ ဆန္ဒဘက်မှ တိတိကျကျမသိဘဲ လက်ခံအတည်ပြုလိုက်ခြင်းသည် လူထုဆန္ဒမဟုတ်ဘဲ တက်‌ရောက်သူများ၏ ဆန္ဒသာ ဖြစ်‌ကြောင်းနှင့် ပွင့်လင်းမြင်သာမှုအရှိသည့်အတွက် ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်း၊ ‌ဒေသခံလူထုများ အတွက် အခက်အခဲဖြစ်လာနိုင်သည်ဟု မန်းသိန်း‌ဇော်က ‌ပြောသည်။

နီပွန်‌ဖောင်‌ဒေးရှင်းသည် လူသားချင်းစာနာ ကူညီ‌ထောက်ပံ့မှုအတွက် မြန်မာ့ငြိမ်းချမ်း‌ရေးစင်တာ MPC မှ တဆင့် ဝင်လာပြီး နယ်စပ်‌ဒေသ စစ်‌ဘေး‌ရှောင်စခန်းနှင့် တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်သည့် နယ်‌မြေ အချို့တွင် ပညာ‌ရေး၊ ကျန်းမာ‌ရေးနှင့် စားနပ်ရိက္ခာများကို ၂၀၁၂ခုနှစ်‌နောက်ပိုင်းတွင် စတင်‌ထောက်ပံ့မှုများ‌ပေးခဲ့သည်ဟု သိရသည်။