Home သတင်း ပြည်နယ် လွှတ်‌တော်အစည်းအ‌ဝေး မတ်လ ‌နောက်ဆုံးအပတ်တွင် ပြန်လည်ပြုလုပ်မည်

ပြည်နယ် လွှတ်‌တော်အစည်းအ‌ဝေး မတ်လ ‌နောက်ဆုံးအပတ်တွင် ပြန်လည်ပြုလုပ်မည်

1556

မတ် ၁၁ ရက်၊ ၂၀၁၆ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်လွှတ်‌တော်၊ ဒုတိယအကြိမ်ပုံမှန်အစည်းအ‌ဝေးများကို မတ်၂၂ မှ ၂၄ ရက်‌နေ့အတွင်း ပြန်လည် ပြုလုပ်သွားမည်ဖြစ်သည်ဟု ကရင်ပြည်နယ်လွှတ်‌တော် ဥက္ကဌ အသစ်ဖြစ်လာသူ လှိုင်းဘွဲမဲဆန္ဒနယ် အမှတ်-၂၊ ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ် ‌စောချစ်ခင်က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

အဆိုပါ မတ်လကုန်ပိုင်းတွင် ပြုလုပ်မည့် ပြည်နယ်လွှတ်‌တော်အစည်းအ‌ဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ‌ရွေးချယ်ခန့် အပ်အတည်ပြုခြင်း၊ ပြည်နယ်လွှတ်‌တော်‌ရေးရာ ‌ကော်မတီနှင့် ‌ကော်မရှင်များအပြင် ‌ကော်မတီ ၈ခုကို ဖွဲ့စည်းတာဝန်‌ပေးအပ်ရန် အစီအစဉ်ရှိသည်ဟု ပြည်နယ်လွှတ်‌တော် ဥက္ကဌ ‌စောချစ်ခင်က ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ မတ်‌နောက်ဆုံးအပတ်မှာ ပြန်စမယ့် လွှတ်‌တော်အစည်းအ‌ဝေးမှာ ဒီလမှာဆိုရင် ‌ရေးရာ ‌ကော်မတီနဲ့ ‌ကော်မရှင်အဖွဲ့‌ရွေးတာကိုဘဲ ၃ရက်‌ကျော်‌လောက်လုပ်ဖို့ ရှိတယ်။ ‌နောက်ပြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ‌တွေ ပြန်‌ရွေးရင်းနဲ့ ဒီတစ်လ‌တော့ ကုန်သွားပြီး။ လက်ရှိ‌တော့ အဲဒီအစီအစဉ်‌တွေပဲ ‌ပြောထားလို့ ရ‌သေးတယ်”ဟု ‌စောချစ်ခင်က ‌ပြောသည်။

ပြည်နယ်လွှတ်‌တော်အစည်းအ‌ဝေးများ ပြန်လုပ်သည့်အခါ နိုင်ငံ‌တော်သမ္မတက ခန့်အပ်တာဝန်‌ပေးမည့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ကို လွှတ်‌တော်တွင် ပြန်လည်အတည်ပြုသွားရန်ရှိသလို လက်ရှိတွင် ဖားအံမြို့နယ်၊ အမှတ် ၁ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်နန်းခင်‌ထွေးမြင့်ကို ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ရန်ရှိသည်ဟု သတင်းများ‌ပေါ်ထွက်လျှက်ရှိသည်။

ပြီးခဲ့သည့် ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်‌တော် ပထမပုံမှန်အစည်းအ‌ဝေးကို ‌ဖေ‌ဖော်ဝါရီ ၈ ရက်‌နေ့တွင် စတင်ပြုလုပ်ခဲ့ပြီး‌နောက် အစည်းအ‌ဝေးများဆက်ပြုလုပ်ရန် ‌နောက်ကျ‌နေရခြင်းမှာ ‌နေပြည်‌တော်ရှိ ပြည်‌ထောင် စုလွှတ်‌တော်တွင် သမ္မတ‌ရွေးချယ်ခြင်းနှင့် အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းများ မပြီးပြတ်‌သေး၍ဖြစ်‌ကြောင်း ပြည်နယ် လွှတ်‌တော် တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်‌တော် ပထမပုံမှန်အစည်းအ‌ဝေးတွင် ပြည်နယ် လွှတ်‌တော်ဥက္ကဌ၊ ဒုဥက္ကဌ နှစ်ဦးကို ‌ရွေး‌ကောက်တင်‌မြှောက်ခြင်း၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာပြုခြင်း အစီ အစဉ်တို့ကို ပြုလုပ်ခဲ့သည်။