Home သတင်း ‌ဘောကထ ‌ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ လူထုကိုယ်စား ညှိနှှိုင်း‌ရေး‌ကော်မတီဖွဲ့စည်း

‌ဘောကထ ‌ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ လူထုကိုယ်စား ညှိနှှိုင်း‌ရေး‌ကော်မတီဖွဲ့စည်း

2344

မတ် ၁၈ ရက်၊ ၂၀၁၆ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျောက်ကြီးမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်‌မြေရှိ ‌ဘောကထ ‌ရေအားလျှပ်စစ်စီမံကိန်းအတွက် အကြိုစမ်းသပ်ကာလအတွင်း လူထုထိခိုက်နစ်နာမှုမရှိ‌စေရန် စီမံကိန်း အ‌ကောင်အထည်‌ဖော်မည့်သူများနှင့် ‌ဒေသခံတို့အကြား ဝင်‌ရောက်ညှိနှိုင်း‌ပေးရန် လူထုကိုယ်စားညှိနှိုင်း‌ရေး ‌ကော်မတီတစ်ရပ်ကို မတ် ၁၄ ရက်‌နေ့တွင် ယင်းမြို့နယ် အစည်းအ‌ဝေးခန်းမ၌ ဖွဲ့စည်းခဲ့သည်။

‌ဒေသခံများနှင့် လူမှုအဖွဲ့အစည်း ၁၇ ဖွဲ့တက်‌ရောက်သည့် ၎င်းအစည်းအ‌ဝေး၌ အစိုးရနှင့် စီမံကိန်းပူးတွဲ လုပ်‌ဆောင်မည့် သူး‌လေကုမ္ပဏီက ‌ကော်မတီကို ‌ဒေသခံများအား ဖွဲ့စည်းခိုင်းခြင်းဖြစ်ပြီး ‌ကော်မတီ ဥက္ကဌ အဖြစ် ‌စောဘီလီယံ၊ ‌စော‌နေမျိုး၊ အတွင်း‌ရေးမှူးများအဖြစ် ‌စောအယ်‌နေဆဲ၊ ‌နော်တဘီးသာတို့ပါဝင်ကာ အဖွဲ့ဝင်သုံးဦးစီ ပါဝင်သည့် ‌ကော်မတီနာယကနှင့် အကြံ‌ပေးအဖွဲ့တို့ကိုလည်း ဖွဲ့စည်းခဲ့သည်ဟု ‌ကော်မတီ တာဝန်ရှိသူများက ‌ပြောသည်။

‌ကော်မတီအတွင်း‌ရေးမှူး ‌နော်တဘီးသာက “ဒီစီမံကိန်းကို ‌ဒေသခံလူထု‌တွေ လုံးဝ သ‌ဘောမတူဘူး။ ဒါ‌ပေမယ့် ဒီစမ်းစစ်ကာလကို ‌ပေးလုပ်လိုက်မယ်။ ကျမတို့ ‌ကော်မတီအဖွဲ့ဝင်‌တွေလည်း ကွင်းဆင်း‌စောင့်ကြည့်မယ်။ လူထု‌တွေ ကိုယ်တိုင်ကလည်း သု‌တေသနလုပ်မယ့် အပိုင်းရှိတယ်။ ဒါ‌ပေမယ့် ဆုံးဖြတ်တဲ့ အပိုင်းမှာ ကျမတို့ ‌ကော်မတီနဲ့ လူထုလက်ထဲမှာ ရှိတယ်ဆိုတာ သူး‌လေကုမ္ပဏီကို ‌ပြောထားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ဘောကထ‌ရေအားလျှပ်စစ်‌ရေကာတာ စီမံကိန်းတည်‌ဆောက်ရန် လျာထားသည့် ‌နေရာအနီးနားတွင် ‌ဒေသခံပြည်သူစိုက်ထားသည့် နှစ်ရှည်ခံသီးပင်နှင့် စားပင်များရှိပြီး ‌ဘောကထ‌ချောင်း အ‌ပေါ်ပိုင်းတွင် ခဲဒို‌ကျေးရွာအုပ်စုရှိ ‌ကျေးရွာ ၁၂ ရွာ ရှိသည်ဟု ‌ဒေသခံများထံမှ သိရသည်။

စီမံကိန်းအတွက် ‌လေ့လာစမ်းစစ်မည့်ကိစ္စအ‌ပေါ် ကရင်မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့မှ ‌စောသာဘိုးက “အကယ်လို့ ပူး‌ပေါင်းပါဝင်ခွင့်ရမယ်ဆိုရင် သူတို့ ‌လေ့လာစမ်းသပ်ချက်ဘယ်လိုမျိုး အ‌ခြေအ‌နေရှိလည်း ဆိုတာကို တိုင်ပင်ချင်တယ်။ ဖြစ်နိုင်ရင် ကျ‌နော်တို့ မြစ်‌ချောင်း‌စောင့်ကြည်‌ရေး အဖွဲ့ကိုယ်တိုင် ‌လေ့လာ ဆန်းစစ်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ၊ တပ်မဟာ ၃ နယ်‌မြေအတွင်း ယခင် ‌ကျောက်နဂါး‌ရေကာတာရှိထားသလို ယင်း‌ကျောက်နဂါး ‌ရေကာတာစီမံကိန်း‌ကြောင့် ဌာ‌နေ‌ဒေသခံများ လယ်၊ ယာ‌မြေ ဆုံးရှုံးခဲ့ဖူးသလို စာဝတ်‌နေ‌ရေးအတွက် ‌ဒေသခံ ရွာသားများပြဿနာ ရှိခဲ့သည်ကို သင်ခန်းစာယူသင့်ပြီး ‌ဘောကထ‌ရေကာတာ တည်‌ဆောက်ဖြစ်ပါက အလားတူ ပြဿနာမျိုး ထပ်ဖြစ်နိုင်သည်ဟု ‌စောသာဘိုးက ဆက်‌ပြောသည်။

KNU ထိန်းချုပ်နယ်‌မြေ တပ်မဟာ ၃ ‌ညောင်‌လေးပင်ခရိုင် ‌ကျောက်ကြီးမြို့နယ်တွင် ယခင်က သတ္တုအစမ်း ထုတ်သည့် စီမံကိန်းများ‌ကြောင့် ‌ဒေသခံများ လယ်၊ ယာခြံ‌မြေများဆုံးရှံးနစ်နာမှုများကို ယခုအချိန်အထိ ‌လျော်‌ကြေး‌ပေးခြင်း မရှိသည့်အပြင် ‌နောက်ထပ်‌ရေကာတာတစ်ခုထပ်မံတည်‌ဆောက်ပါက ဆုံးရှုံးနစ်နာမှု ပိုများလာမည်ကို ‌ဒေသခံများက စိုးရိမ်‌နေကြသည်။

‌ဘောဂထ‌ရေအားလျှပ်စစ်စီမံကိန်းကို အကြိုစမ်းသပ်လုပ်‌ဆောင်ရန် သူး‌လေကုမ္ပဏီလီမီတက်မှ ဥက္ကဌ ‌စောတာဒိုမှူးနှင့် လျှပ်စစ်စွမ်းအားစီမံကိန်း ဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦး‌အေးဆန်းတို့က ယခင်လ ‌ဖေ‌ဖော်ဝါရီ ၁၈ ရက်‌နေ့၊ ‌နေပြည်‌တော်တွင် စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) ‌ရေးထိုးခဲ့သည်။ ယင်းကိစ္စအ‌ပေါ် စီမံကိန်းဖြစ်‌မြောက်နိုင်စွမ်း အကြိုစူးစမ်း‌လေ့လာမှု အစီရင်ခံစာရရှိ‌ရေးအတွက် MOU ထိုးခြင်းသာဖြစ်သည်ဟု ‌ဖေ‌ဖော်ဝါရီ ၂၆ ရက်‌နေ့တွင် ‌ကေအဲန်ယူက ထုတ်ပြန်‌ပြောဆိုထားသည်။