Home သတင်း ‌ကေအဲန်ယူ သထုံခရိုင် ကရင်‌ကျောင်းဆရာများ ‌နွေရာသီရက်တိုသင်တန်း တက်‌ရောက်သူများပြားလာ

‌ကေအဲန်ယူ သထုံခရိုင် ကရင်‌ကျောင်းဆရာများ ‌နွေရာသီရက်တိုသင်တန်း တက်‌ရောက်သူများပြားလာ

1695
မတ် ၃၁ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောခါးစူးညား

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပညာ‌ရေးဌာနမှ ကြီးမှူးပြီး မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ တာအူခီး‌ကျေးရွာအနီး တစ်‌နေရာတွင် ကရင်‌ကျောင်းဆရာများ ‌နွေရာသီရက်တိုသင်တန်း တစ်ခုကို မတ် ၁၆ မှ ဧပြီ ၃ရက်‌နေ့အထိ ကျင်းပရာ တက်‌ရောက်သူဦး‌ရေ ယခင်နှစ်ကထက် များပြားလျှက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ‌ကျောင်းဆရာများ ‌နွေရာသီရက်တိုသင်တန်းတွင် တက်‌ရောက်သည့် သင်တန်းသူ/သား ဦး‌ရေ ၁၄ဝ ခန့်သာ ရှိခဲ့ရာမှ ယခုနှစ်မှာမူ ၁၇၄ ဦးအထိ တိုးမြှင့်လာကာ အနာဂါတ် ပညာ‌ရေးအတွက် အလားအလာ‌ကောင်း ဖြစ်သည်ဟု ‌ကေအဲန်ယူ ဘီးလင်းမြို့နယ် ပညာ‌ရေးဌာန တာဝန်ခံ ‌စောသန်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “သင်တန်းက နှစ်စဉ်လုပ်လာတာ ဒီနှစ် လူဦး‌ရေများလာတာ ဝမ်းသာစရာ‌ပေါ့။ အခုသင်တန်းမှာ အထူးသဖြင့် စာသင်ကြားမှု‌တွေကို ‌ကျောင်းဆရာ/မ‌တွေက ဘယ်လိုစီမံခန့်ခွဲသွားမလဲ။ ‌နောက်တစ်ခုက ဒီ‌ကျောင်းဆရာ/မ‌တွေ စာသင်ကြားမှုပညာ ပိုတတ်‌မြောက်ဖို့နဲ့ သူတို့‌တွေဟာ သက်ဆိုင်ရာ သူတို့ရပ်ရွာ‌တွေမှာ ပြန်ပြီး ဦး‌ဆောင်မှုလုပ်‌ဆောင်‌ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီသင်တန်းကို လုပ်တာဖြစ်ပါတယ်”ဟု ‌ပြောသည်။

ထိုသို့ သင်တန်းပြုလုပ်ရာ၌ ကရင်ပညာ‌ရေးဌာန (ဗဟို)၏ Area Teacher Trainer-ATT နှင့် Karen Teacher Working Group-KTWG ၏ Mobile Teacher Trainer တို့မှ ဆရာ ၄ဦးတို့က ၎င်းတို့ပို့ချရသည့် ကဏ္ဍများကို တာဝန်ယူကာ ‌ကျောင်းသင်ခန်းစာ အစီအစဉ်‌ရေးဆွဲမှု(lesson planning)၊ စာသင်ခန်းစီမံခန့်ခွဲမှု (Class room management) အပါအဝင် အခြားသင်ကြားမှုပိုင်းဆိုင်ရာ စသည်တို့ကို သင်ကြားပို့ချလျှက်ရှိသည်။
20160329_0955 copy
ထို့အပြင် သင်တန်းမှာ ယခင်နှစ်က သင်တန်းကဲ့သို့ သင်ကြားပို့ချမှုပုံစံ မတူ‌ကြောင်း၊ ယခင်နှစ် သင်ကြားပို့ချမှု၌ သင်တန်းသူ/သား အုပ်စုခွဲ၍ အဖွဲ့လိုက် သင်ခန်းစာများကို တိုင်ပင်‌ဆွေး‌နွေးပြီး အ‌ဖြေရှာခြင်း၊ ပြန်လည် ရှင်းလင်းချပြခြင်းများ ပါဝင်ပြီး ယခုနှစ်မှာမူ သင်တန်းသူ/သား အားလုံး ပူး‌ပေါင်း‌ဆွေး‌နွေးခြင်း ပုံစံဖြင့် သင်ကြား ပို့ချလျှက်ရှိ‌ကြောင်း သင်တန်းတက်‌ရောက်သည့် ‌ကျောင်းဆရာမတစ်ဦးဖြစ်သူ ‌နော်ဝါဝါလွင်က ‌ပြောသည်။

သင်တန်းဆရာတစ်ဦးဖြစ်သည့် ‌စော‌ဒေးခုကလည်း “ဒီသင်တန်းက ‌ကျောင်းဆရာ/မ‌တွေကို စွမ်းရည် မြှင့်တင်ဖို့ လုပ်‌ဆောင်တာပဲ ဖြစ်ပါတယ်။ ကျ‌နော်တို့က‌တော့ တတ်နိုင်သ‌လောက် သူတို့ကို ပံ့ပိုး‌ပေးနိုင်ဖို့ အခုလို လာ‌ရောက်ပို့ချတာ ဖြစ်ပါတယ်။ ‌တွေ့ရသ‌လောက်‌တော့ အားလုံး အဆင်‌ပြေပါတယ်”ဟု ‌ပြောသည်။

‌ကေအဲန်ယူ သထုံခရိုင်၌ နတ်ကြီး၊ မယ်‌နော့‌ဝေါ်ထာ့၊ မယ်‌နော့သဲ၊ ပီတိခီး၊ မဲ့ပ‌ရေးခီး၊ အီးကျူခီး၊ တာအူခီး၊ ကြိုးဝိုင်း၊ ထီး‌မော်ခီး၊ နို့ဘယ်‌ဘော၊ ယိုကလား၊ ထီးဖာ့ဒို့ထာ့၊ ‌ခေါဖိုးပလယ်၊ ‌ကော်ဟဲ၊ ‌ရွှေအုပ်၊ တာ‌ပေါနှင့် ပယာ‌ရော စသည့် ‌ကျေးရွာအုပ်စုများရှိ စာသင်‌ကျောင်း‌ပေါင်း ၆၉ ‌ကျောင်းမှ ‌ကျောင်းဆရာ/မများက ယင်းသင်တန်းကို တက်‌ရောက်ခဲ့ကြခြင်းဖြစ်သည်။

‌ကေအဲန်ယူ သထုံခရိုင်တွင် ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်မှစ၍ အလားတူ ကရင်‌ကျောင်းဆရာများ ‌နွေရာသီရက်တို သင်တန်းကို ကျင်းပလာခဲ့သည်မှာ ယခုအချိန်အထိ ဖြစ်‌ကြောင်း သိရသည်။