Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

1775

တိုင်းရင်းပြည်သူ အကျိုးတူ‌သော ဖက်ဒရယ်ဒီမိုက‌ရေစီပြည်‌ထောင်စုဆီသို့

၂၀၁၅ ‌ရွေး‌ကောက်ပွဲရလဒ်အရ ဧပြီလ ၁ရက်‌နေ့သည် အစိုးရသစ် စတင် တာဝန်ထမ်း‌ဆောင်သည့် အခါသမယဖြစ်သည်။ ပြည်‌ထောင်စုလွှတ်‌တော် အစည်းအ‌ဝေး မတ်လ ၁၇ရက်‌နေ့ ပြီးဆုံးချိန်တွင် ဝန်ကြီးဋ္ဌာန (၂၁)ဋ္ဌာန အမည်စာရင်း တရားဝင် ထွက်ရှိလာခဲ့သည့်အထဲတွင် ထူးခြားသည်မှာ တိုင်းရင်းသား‌ရေးရာဝန်ကြီးဋ္ဌာန တိုးလာခြင်းပင် ဖြစ်သည်။ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ အပြီး အစိုးရသက်တမ်းကာလ၌ တိုင်း‌ဒေသကြီးနှင့် ပြည်နယ်‌ဒေသကြီးများတွင် တိုင်းရင်းသား‌ရေးရာဝန်ကြီးများ ခန့်အပ်ခဲ့‌သော် လည်း ယင်းတို့နှင့် သက်ဆိုင်သည့် ဝန်ကြီးဋ္ဌာနကိုမူ ယခု NLD အစိုးရလက်ထက်မှသာ ထားရှိလာခြင်း ဖြစ်သည်။

မတ်လ ၁၅ရက်‌နေ့တွင် လွှတ်‌တော်အမတ်‌ပေါင်း ၆၅၂ဦး၏ မဲ‌ပေးစနစ်ဖြင့် နိုင်ငံ၏ သမ္မတနှင့် ဒုသမ္မတများကို ‌ရွေး‌ကောက်တင် ‌မြှောက်ခဲ့ကြသည်။ မဲ‌ပေါင်း ၃၆ဝဖြင့် သမ္မတရာထူး ခန့်အပ်ခြင်းခံရသည့် ဦးထင်‌ကျော်က မတ်လ ၂၇ရက်‌နေ့တွင် တိုင်း‌ဒေသ ကြီးနှင့် ပြည်နယ်‌ဒေသ အသီးသီးသို့ ၎င်းခန့်အပ်လိုက်‌သော ဝန်ကြီးချုပ်များစာရင်းကို ‌ပေးပို့ခဲ့သည်။ ထိုစာရင်းအရ ကရင်ပြည် နယ်နှင့် တနသင်္ာရီတိုင်း‌ဒေသကြီးများတွင် အမျိုးသမီးဝန်ကြီးချုပ်များဖြစ်‌နေသည်မှာ သမိုင်းအစဉ်အလာ‌ကောင်းတစ်ခုပင် ဖြစ် သည်။

တိုင်းရင်းသားကိုယ်စားပြုမှုများနှင့် အမျိုးသမီးများ ဦး‌ဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်လာသည့် ဤကဲ့သို့‌သော နိုင်ငံ‌ရေး အခင်း အကျင်းမှာ တန်းတူအခွင့်အ‌ရေးနှင့် ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စု တည်‌ဆောက်‌ရေးအတွက် အ‌ရေးပါသည့် ‌ခြေလှမ်း တစ်ခုဟု ‌မျှော်လင့်ရဖွယ် ရှိသည်။ နိုင်ငံ့အနာဂတ်သည် နှစ်‌ပေါင်း ၆ဝအတွင်း လူထုဆန္ဒဖြင့် တာဝန်ယူမည့် အစိုးရသစ်အ‌ပေါ် အ‌ပြောင်းအလဲတစ်ခုကို ‌ဆောင်ကြဉ်း‌ပေးမည်လားဟူ၍ တိုင်းရင်းသားပြည်သူများက အားကိုးအားထား ငံ့လင့်‌စောင့်စား‌နေကြ သည်။ အချို့က အာဏာရှင်အစိတ်အပိုင်း အများစု ကျဆုံးသွားသည့် သ‌ဘော‌ဆောင်သလိုလို ‌မျှော်လင့်ချက် ကြီးမားစွာ ယူဆ ‌နေကြ‌သော်လည်း စစ်တပ်အုပ်ချုပ်မှု‌အောက်က ကာကွယ်‌ရေး၊ ပြည်ထဲ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးဋ္ဌာနသုံးခုကိုမူ ‌မေ့‌ပျောက် ထား၍ မရ‌ပေ။ ဝန်ကြီးဋ္ဌာန ၂၁ခုကို ဝန်ကြီး ၁၈ဦးဖြင့် စီမံအုပ်ချုပ်သွားမည့်ပုံစံ ဖြစ်သည်။

လက်ရှိ NLD ဦး‌ဆောင်မည့် အစိုးရသစ်တွင် ပညာရှင်များ၊ တိုင်းရင်းသားများ ပါဝင်မှုမှာ ရုပ်လုံး‌ပေါ်လာပြီးဖြစ်ရာ တိုင်းရင်းသား ပြည်သူများ အားရ‌ကျေနပ်မှုရှိသည်ကို ‌တွေ့ရမည်ဖြစ်သည်။ သို့‌သော် နှစ်ငါးဆယ်‌ကျော် အာဏာရှင်တို့ အုပ်စိုးပြီး အဖက်ဖက်မှ ပြုပြင်စရာများ ရှိ‌နေသည့်နိုင်ငံတွင် အစိုးရသစ်အ‌နေဖြင့် တိုင်းပြည်ဖွံ့ဖြိုး‌ရေးအတွက် အရှင်‌မွေး ‌နေ့ချင်းကြီးသည့်သ‌ဘော မဟုတ်ဘဲ အဖက်ဖက်မှ အချိန်ယူ တည်‌ဆောက်ရ‌ပေမည်။ ထိုသို ့တည်‌ဆောက်ရာတွင် လူထုအစိုးရက ဦး‌ဆောင်ကာ တိုင်း ရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲလုပ်‌ဆောင်မှသာ ‌ရေရှည် တည်တံ့ခိုင်မာ‌သော ‌အောင်မြင်မှုကို ရနိုင်မည်ဖြစ်သည်။

အမှန်စင်စစ် မြန်မာ့နိုင်ငံ‌ရေးပြဿနာသည် ဒီမိုက‌ရေစီစနစ် ကျင့်သုံးရုံမျှဖြင့် ‌ပြေလည်မည့်အ‌ခြေအ‌နေ မရှိ‌သေး‌ကြောင်း လွတ် လပ်‌ရေးရပြီး ကျင့်သုံးခဲ့သည့် ပါလီမန်ဒီမိုက‌ရေစီစနစ် မ‌အောင်မြင်ခဲ့သည်က သက်‌သေပြခဲ့ပြီး ဖြစ်သည်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်း ပုံအ‌ခြေခံဥပ‌ဒေသည် ဖက်ဒရယ်ဒီမိုက‌ရေစီစနစ် မဆိုထားနှင့် ဒီမိုက‌ရေစီအနှစ်သာရ ပြည့်ဝသည့်သ‌ဘော မရှိ‌သေး‌ပေ။ ဖွံ့ဖြိုး တိုးတက်ပြီး သာယာဝ‌ပြောသည့် တိုင်းပြည်အဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်‌ရေးအတွက် တစ်ခုတည်း‌သောနည်းလမ်းမှာ တိုင်းရင်းသားပြည်သူများ လိုလား‌သော တန်းတူအခွင့်အ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုက‌ရေစီစနစ် တည် ‌ထောင်မှသာ ‌ပြေလည်နိုင်မည် ဖြစ်သည်။

တိုင်းရင်းသားများ၏ တန်းတူအခွင့်အ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ‌ပြောဆိုမှုကို အစွန်း‌ရောက် အမျိုးသား‌ရေးဝါဒီများဟု ယခင့် ယခင် အာဏာရ အစိုးရများနှင့် နိုင်ငံ‌ရေးကစားသူများအကြား တံဆိပ်ကပ် သတ်မှတ်လာခဲ့ကြသည်ကိုလည်း အစိုးရသစ်အ‌နေ ဖြင့် ခွဲခြမ်းစိတ်ဖြာသုံးသပ်ရန် လို‌ပေမည်။ NLD အ‌နေဖြင့် ‌ရွေး‌ကောက်ပွဲ‌ကြေငြာစာတမ်းတွင် ဖက်ဒရယ် ဒီမိုက‌ရေစီ ပြည် ‌ထောင်စုတည်‌ထောင်မည်ဟု ‌ဖော်ပြထားရာ ယင်းအ‌ပေါ် တိုင်းရင်းသားပြည်သူများက မိမိတို့အကျိုး ‌မျှော်ကိုးချက် ကြီးမား‌နေ ကြသည်။ ထို‌မျှော်ကိုးချက် ပြည့်ဝ‌စေရန် အစိုးရတစ်ရပ်အ‌နေဖြင့်ဖြစ်‌စေ၊ နိုင်ငံ‌ရေးပါတီများအ‌နေဖြင့်ဖြစ်‌စေ တိုင်းရင်းသားပြည် သူအားလုံးနှင့် လက်တွဲညီညီဖြင့် လုပ်‌ဆောင်မည်ဆိုပါက ဓား‌တောင်ကို‌ကျော်၍ မီးပင်လယ်ဖြတ်ရ‌စေကာမူ အကျိုးတူ‌သော ‌အောင်မြင်မှုရရှိမည်ဟု မှတ်ယူ‌ကြောင်း အတာနှစ်ကူးနှင့်အတူ လာမည့်အစိုးရသစ်ကို ကြိုဆိုနှုတ်ခွန်းဆက်အပ်ပါသည်။