Home သတင်း အမျိုးသမီးများ မိမိအရည်အချင်းကို မြှင့်တင်ရန်နှင့် တန်းတူအခွင့်အ‌ရေးသိ‌အောင် ကြိုးစားရန် KNU ဝင်း‌ရေးမြို့နယ် ဥက္ကဌတုိုက်တွန်း

အမျိုးသမီးများ မိမိအရည်အချင်းကို မြှင့်တင်ရန်နှင့် တန်းတူအခွင့်အ‌ရေးသိ‌အောင် ကြိုးစားရန် KNU ဝင်း‌ရေးမြို့နယ် ဥက္ကဌတုိုက်တွန်း

2024

မတ် ၁၃ရက်၊ ၂၀၁၆ခုုနှစ်၊ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဝင်း‌ရော်‌ဒေသရှိ ကရင်အမျိုးသမီးများအ‌နေဖြင့် မိမိအရည်အချင်း ကို မြှင့်တင်‌ပေးရန်နှင့် တန်းတူ‌ရေး အခွင့်အ‌ရေးကိုုလည်း သိ‌အောင် ကြိုးစားကြရန် ကရင်အမျိုးသားအစည်း အရုံး(KNU) ဒူးပလာယာခရုိုင်မှ ဝင်း‌ရေးမြို့နယ်ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက တုိုက်တွန်း‌ပြောဆုိုလုိုက်သည်။

၎င်းက “ဝင်း‌ရော်‌ဒေသမှာ အမျိုးသမီး‌တွေအများစုက နိုင်ငံ‌ရေး ဖြစ်ဖြစ်၊ ငြိမ်းချမ်း‌ရေးမှာပဲ ဖြစ်ဖြစ်၊ စီးပွား‌ရေး ကအစ အ‌ရေအတွက်‌သော်လည်‌ကောင်း၊ အရည်အချင်း‌သော်လည်‌ကောင်း၊ အရမ်းအားနည်း‌နေ‌သေးတယ်။ မိမိအရည်အချင်းကို မြှင့်တင်‌ပေးပါ။ ကျား/မတန်းတူအခွင့်‌ရေးကိုလည်း သိ‌အောင်ကြိုးစားပြီး စွမ်းစွမ်းတမံ လုပ်‌ဆောင်ကြပါ”ဟု မတ်လ ၁၂ရက်‌နေ့က ‌တောင်ဒီး‌ကျေးရွာ၌ ကျင်းပသည့် နိုင်ငံတကာအမျိုးသမီးများ‌နေ့ အခမ်းအနားတွင် တိုက်တွန်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးများအ‌နေဖြင့် အမျိုးသားများနှင့်အတူ ထဲထဲဝင်ဝင် ပါဝင်လာပါက ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းကိုု ‌အောင်မြင်မှာဖြစ်‌ကြောင်း၊ အမျိုးသမီးများပါဝင်ခြင်းဖြင့် အမျိုးသမီးများ၏ အခန်းဏ္ဍကိုလည်း မြှင့်တင်‌ပေးနိုင်လိမ့်မည်ဟုု ယုံကြည်‌ကြောင်း ပဒို‌စော‌မောင်‌ရွှေက ဖြည့်စွက်‌ပြောဆိုသည်။

‌တောင်ဒီး‌ကျေးရွာတွင် ပထမဦးဆုံးအကြိမ် ကျင်းပသည့် နိုင်ငံတကာ အမျိုးသမီးများ‌နေ့ အခမ်းအနားကို ‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ်ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေ၊ မြို့နယ် တရားသူကြီး မန်းလှ‌အောင်၊ ကရင်အမျိုးသမီး အ စည်းအရုံး(KWO)၊ (Myanmar Institute of Gender Studies)အဖွဲ့တို့အပြင် ‌ကျေးရွာ‌ပေါင်း(၁၄)ရွာမှ အမျိုးသမီးများ စုစု‌ပေါင်း (၁၀၀)ခန့် တက်‌ရောက်ခဲ့ကြသည်။

(Myanmar Institute of Gender Studies) အဖွဲ့ဒါရိုက်တာ ‌နော်မာမာချိုက “ဒီ‌ဒေသမှာ နှစ်‌ပေါင်း(၆၀)‌ကျော် စစ်‌ဘေးဒဏ်ခံခဲ့ရတဲ့ အမျိုးသမီး‌တွေ အခြားမြို့နယ်က အမျိုးသမီး‌တွေနည်းတူ အသိပညာ‌တွေ ‌နောက်ကျ မကျန်ရ‌အောင် အမျိုးသမီးများ‌နေ့ရှိတယ်ဆိုတာ အားလုံးသိ‌စေချင်ပြီး အသိပညာဖွံ့ဖြိုးမှု‌တွေ သိလာ‌အောင် လာလုပ်‌ပေးရခြင်းဖြစ်တယ်”ဟုု ‌ကေအိုင်စီသုို့ ‌ပြောသည်။

ထို‌နေ့ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့ဖြစ်‌ပေါ်လာပုုံ၊ ကျား/မ တန်းတူအခွင့်အ‌ရေး၊ အမျိုးသမီးများ အမျိုးသားများနှင့်အတူ လက်တွဲ‌ဆောင်ရွက်သွား‌ရေး၊ အမျိုးသမီးနှင့်ငြိမ်းချမ်း‌ရေး၊ အမျိုးသမီးနှင့် နိုင်ငံ‌ရေးစသည့် အ‌ကြောင်းအရာများကို ရှင်းလင်း‌ပြောကြားခဲ့သည်။

အခမ်းအနားသို့ တက်‌ရောက်လာသူ ကြာအင်း‌ကျေးရွာမှ ‌နော်အဲစည် “နိုင်ငံ‌ရေးမှာ‌ရော၊ ငြိမ်းချမ်း‌ရေး အခန်းကဏ္ဍမှာ‌ရော၊ စီပွား‌ရေးအပိုင်းမှာ‌ရော၊ ‌ယောက်ျား‌တွေနဲ့ တန်းတူလုပ်ဖို့ အခွင့်အ‌ရေးရှိတယ်ဆိုပြီး သူတို့လာ‌ပြောပြသွား‌တော့ ကိုယ့်မှာ သိမ်ငယ်မှု‌တွေ နည်းလာတယ်”ဟု ‌ပြောသည်။

၁၉၀၈ခုနှစ်၊ အ‌မေရိကန်ပြည်နယ် နယူး‌ယောက်မြို့ရှိ အထည်ချုပ်စက်ရုံမှ အမျိုးသမီးများက အလုပ်လုပ်ချိန်၊ လစာ၊ မဲ‌ပေးပိုင်ခွင့်ရရှိ်ရန် ဆန္ဒပြ‌တောင်းဆိုခဲ့ကြသည့် မတ်လ ၈ရက်‌နေ့ကို အ‌ကြောင်းပြုပြီး နိုင်ငံတကာ အမျိုးသမီးများ‌နေ့အဖြစ် သတ်မှတ်ခဲ့သည်။