Home သတင်း အစိုးရသစ်လက်ထက် အခွင့်အလမ်းနှင့် ‌ရေးရာဝန်ကြီးသစ်များ ပါဝင်‌ရေးကိစ္စ KUPC ‌ဆွေး‌နွေးမည်

အစိုးရသစ်လက်ထက် အခွင့်အလမ်းနှင့် ‌ရေးရာဝန်ကြီးသစ်များ ပါဝင်‌ရေးကိစ္စ KUPC ‌ဆွေး‌နွေးမည်

1784

မတ် ၂၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသား စည်းလုံးညီညွှတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ (KUPC)အ‌နေဖြင့် အစိုးရသစ်လက်ထက်တွင် ရနိုင်ဖွယ်ရှိ သည့် အခွင့်အလမ်းများနှင့် ‌ကော်မတီမူဝါဒပိုင်းဆိုင်ရာများ၊ ကရင်‌ရေးရာဝန်ကြီးသစ်များ ‌ကော်မတီဝင်အဖြစ် ပါဝင်ခွင့်‌ပေး‌ရေး ကိစ္စရပ်များကို လာမည့် ဧပြီလ ၆ရက်မှ ၈ရက်‌နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့၊ Peace Hotel ၌ KUPC ‌ကော်မတီဝင်များ ‌တွေ့ဆုံ‌ဆွေး‌နွေးသွားမည်ဟု ယင်း‌ကော်မတီဝင်များက ‌ပြောသည်။

“အခု KUPC ‌ကော်မတီဝင်အစည်းကို ဖားအံမှာလုပ်ဖို့ စီစဉ်ထားပါတယ်။ အစည်းအ‌ဝေးမှာ အစိုးရသစ် လက်ထက်ကျရင် KUPC က ဘယ်လို မူဝါဒ‌တွေ ချမှတ်လုပ်ကိုင်သွားမယ် ဆိုတာထက်၊ ဘယ်လို အခွင့်အလမ်း‌တွေ ရှိလာမလဲဆိုတာကို ‌ဆွေး‌နွေးမယ် ဆို ပိုမှန်တယ်”ဟု KUPC အဖွဲ့ဝင် ကရင့်‌ရေးရာ‌ကော်မတီ အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

သုံးရက်တာ ကျင်းပမည့် KUPC အစည်းအ‌ဝေးပထမ‌နေ့ ဧပြီ ၆ရက်‌နေ့၌ ဘာသာ‌ပေါင်းစုံမှ ကရင်ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များ နှင့် KUPC ‌ကော်မတီဝင်များ သီးခြား‌တွေ့ဆုံ‌ဆွေး‌နွေးရန်ရှိပြီး ဧပြီလ ၇ရက်နှင့် ၈ရက်‌နေ့တို့တွင် ‌ကော်မတီဝင်များ အစည်းအ ‌ဝေးကို သီးခြား ဆက်ပြုလုပ်သွားမည်ဟု ရန်ကုန်တိုင်း‌ဒေသကြီးမှ ‌ကော်မတီဝင်တစ်ဦးဖြစ်သူ မန်းသန်းဝင်းဦးကလည်း ‌ပြော သည်။

အစည်းအ‌ဝေးတွင် ‌ကော်မတီဝင်များဖြစ်သူ ကရင့်‌ရေးရာဝန်ကြီးများ‌နေရာတွင် ကရင်‌ရေးရာဝန်ကြီးအသစ် ဖြစ်လာမည့်သူများ ကို အစားထိုး‌ရေးကိစ္စ၊ ယခင် ကရင်လွှတ်‌တော်အမတ်များ‌နေရာတွင် ကရင်လွှတ်‌တော်အမတ် ဖြစ်လာသူများဖြင့် အစားထိုး မည့်ကိစ္စနှင့် အစိုးရသစ်လက်ထက် ‌ကော်မတီမူဝါဒပိုင်းဆိုင်ရာ မည်သို့ထားရှိသွားမည် စသည်တို့ကို ‌ဆွေး‌နွေးသွားရန် ရှိသည် ဟု ‌ကော်မတီဝင်များက ‌ပြောသည်။

ယခုကဲ့သို့ ကရင့်‌ရေးရာဝန်ကြီးသစ်များကို ‌ကော်မတီတွင် ပါဝင်ရန် ဖိတ်‌ခေါ်လာပါက အစိုးရအဖွဲ့သစ် မူဝါဒများနှင့် ကိုက်ညီ လျှင် ပါဝင်လုပ်ကိုင်သွားမည်ဟု မွန်ပြည်နယ်၊ ကရင်တိုင်းရင်းသား‌ရေးရာ ကိုယ်စားလှယ် (အစိုးရသစ်လက်ထက် ကရင့်‌ရေးရာ ဝန်ကြီး)ဖြစ်သူ ‌စော‌အောင်မြင့်ခိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“အတတ်နိုင်ဆုံး‌ပေါ့ လုပ်‌ဆောင်လို့ ရသ‌လောက် ဘယ်အဖွဲ့အစည်းမဆို လက်တွဲလုပ်‌ဆောင်သွားဖို ့ရှိတယ်။ ဒါ‌ပေမဲ့ အစိုးရ သစ်လက်ထက် ‌ပြောင်းလာမဲ့ ‌ပေါ်လစီမူဝါဒ‌တွေနဲ ့ လွဲ‌ချော်မှု မရှိဘူးဆိုရင်‌တော့ အကုန်လုံးနဲ့ လက်တွဲသွားဖို ့ရှိပါတယ်။ ‌သေချာတာ‌တော့ ကျ‌နော်တို ့အစိုးရလက်ထက်မှာ တိုင်းရင်းသား‌ရေးရာကိစ္စ‌တွေကို အားထည့်ပြီး အစွမ်းကုန်လုပ်သွားဖို့ ရှိပါ တယ်”ဟု ‌စော‌အောင်မြင့်ခိုင်က ‌ပြောသည်။

KUPC ကို ၂၀၁၃ခုနှစ်၊ မတ်လတွင် ဖားအံမြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး ကရင်ဘာသာ‌ရေး‌ခေါင်‌ဆောင်များ၊ ကရင်လက်နက်ကိုင်အဖွဲ့ များ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်‌ရေးရာဝန်ကြီးနှင့် ကရင်လွှတ်‌တော်အမတ်များ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ စာ‌ပေယဉ် ‌ကျေးမှု‌ကော်မတီများနှင့် ‌ဒေသအလိုက် ထင်ရှားသည့် ကရင်အမျိုးသားများ စသည့်အလွှာစုံ ပါဝင်‌သော ၃၇ဦးပါ‌ကော်မတီကို စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ‌ကော်မတီဝင် ၅၇ဦးရှိပြီးဖြစ်‌ကြောင်း သိရသည်။