Home သတင်း အစိုးရသစ်လက်ထက် တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနထားခြင်းအ‌ပေါ် ပအိုဝ်းတိုင်းရင်းသားများကြိုဆို

အစိုးရသစ်လက်ထက် တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနထားခြင်းအ‌ပေါ် ပအိုဝ်းတိုင်းရင်းသားများကြိုဆို

1889

မတ် ၂၄ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနတစ်ခု ဖြစ်ရှိလာခြင်းသည် တိုင်းရင်းသားများ၏ လိုအပ်ချက်များနှင့် တိုင်းရင်းသား၏အ‌ရေးကို ထိ‌ရောက်စွာ လုပ်ကိုင်နိုင်‌ပေးရန် ‌မျှော်လင့်သည့်အတွက် ယင်းကို ကြိုဆို‌ထောက်ခံ‌ကြောင်း မတ်လ ၂၃ရက် (တ‌ပေါင်းပြည့်‌နေ့)တွင် ကျ‌ရောက်သည့် ဖားအံမြို့နယ် သာမည‌ကျေးရွာ၏ ပအိုဝ်းအမျိုးသား‌နေ့ အခမ်းအနားတွင် ကရင်ပြည်နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများက ‌ပြောဆိုခဲ့သည်။

၎င်းအခမ်းအနားတက်‌ရောက်သည့် နန်းခင်မာချိုက “တိုင်းရင်းသား‌ရေးရာ ဝန်ကြီးဌာနတစ်ခု ရှိလာတာ ကျမတို့ တိုင်းရင်းသား အ‌နေနဲ့ ကြိုဆိုတယ်။ ဘာဖြစ်လဲဆို‌တော့ တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနရှိရင် တိုင်းရင်းသားအ‌ရေး‌တွေကို ကြည့်‌ပေးနိုင်မယ် ကျမတို့ ပအိုဝ်းဆိုရင် မြန်မာပြည်မှာ အများကြီးရှိတယ်။ ဒါ‌ပေမယ့် ပြည်နယ် မရှိ‌သေးဘူး။ မဖြစ်နိုင်‌သေးတဲ့အချိန်မှာ ကျမတို့ ကရင်ပြည်နယ်မှာ ‌နေတယ်ဆို‌တော့ ကရင်ပြည်နယ်တွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံး တန်းတူ အခွင့်အ‌ရေးရှိပြီး စည်းလုံးစွာ လုပ်‌ပေး‌စေချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင် အစိုးရသက်တမ်းတွင် ဝန်ကြီးဌာန ၃၆ခုရှိခဲ့ပြီး NLD အစိုးရသစ်လက်ထက်တွင် ယခင်ရှိခဲ့သည့် ဝန်ကြီးဋ္ဌာနများကို ပြန် ‌ပေါင်းခြင်း၊ နာမည်‌ပြောင်းခြင်းများ ပြုလုပ်ကာ ဝန်ကြီးဌာန ၂၁ခုသာ ထားရှိ‌တော့မည်ဟု နိုင်ငံ‌တော်သမ္မတအဖြစ် အ‌ရွေးခံရသူ ဦးထင်‌ကျော်က ပြည်‌ထောင်စုလွှတ်‌တော်တွင် မတ်လ ၂ဝရက်‌နေ့က ‌ပြောဆိုခဲ့ပြီး ယင်းအထဲတွင် တိုင်းရင်းသား‌ရေးရာဝန်ကြီး တစ်ခု ပါဝင်လာခဲ့သည်။
IMG_5188
“အရင်က ပြည်နယ်နဲ့ တိုင်း‌ဒေသမှာ တိုင်းရင်းသား‌ရေးရာဝန်ကြီး‌တွေ ရှိတယ်။ ပြည်‌ထောင်စုအဆင့်မှာ‌တော့ မရှိလို့ လုပ်ကိုင်ရ တာ အဆင်မ‌ပြေဘူး။ အရင် သမ္မတရုံးဝန်ကြီးဌာနက လုပ်‌ပေးတယ်။ ဒါ‌ပေမယ့် သူတို့က တခြားဝန်ကြီးဌာနရှိတယ်ဆို‌တော့ ဒီတိုင်းရင်းသားအ‌ရေး‌တွေကို ‌ကောင်း‌ကောင်းလုပ်‌ပေးလို့ မရဘူး။ အခု ရှိလာမယ်ဆို‌တော့ ‌ပြောဆိုရတာ လွယ်မယ် ဘတ်ဂျက် ကိစ္စကအစ ညှိနှိုင်းရတာ‌တွေ လွယ်လာမယ်”ဟု လက်ရှိ ကရင်ပြည်နယ်၊ ပအိုဝ်တိုင်းရင်းသား‌ရေးရာဝန်ကြီး ခွန်သန်းမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်တွင် တရားဝင် ကျင်းပခွင့်ရသည့် ပအိုဝ်းအမျိုးသား‌နေ့သည် ၃၆ကြိမ်‌မြောက် ရှိပြီဖြစ်ပြီး ပအိုဝ်းလူမျိုးစုများရှိရာ မြို့နယ်များတွင် ပအိုဝ်းအမျိုးသား‌နေ့ကို မြို့နယ်အလိုက် ကျင်းပကာ အဆိုပါ အမျိုးသား‌နေ့တွင် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု၊ မွန်စာ‌ပေနှင့်ယဉ်‌ကျေးမှုအဖွဲ့တို့မှလည်း တက်‌ရောက်အား‌ပေးခဲ့ကြသည်။

ပထမအကြိမ် ပြည်‌ထောင်စုလွှတ်‌တော်က ‌ရေးဆွဲခဲ့သည့် တိုင်းရင်းသားအခွင့်အ‌ရေးများ ကာကွယ်‌စောင့်‌ရှောက်‌ရေးဥပ‌ဒေကို ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ‌ဖေ‌ဖော်ဝါရီလအတွင်းက အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပ‌ဒေထဲတွင် တိုင်းရင်းသား‌ရေးရာ ဝန်ကြီးဌာန တစ်ခုဖွဲ့စည်းရန် ပါရှိခဲ့ပြီး အသစ်ဖွဲ့စည်းသည့် အစိုးရသစ်တွင် ယခုလို ယင်းဝန်ကြီးဌာနက ဖွဲ့စည်းသွားမည်ဖြစ်‌ကြောင်း သိရ သည်။