Home ထိပ်တန်းသတင်း မိကရင်‌တောင် တန် ၅၀၀ဝ ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်ရန် အကြိုညှိနှိုင်း‌ဆွေး‌နွေး

မိကရင်‌တောင် တန် ၅၀၀ဝ ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်ရန် အကြိုညှိနှိုင်း‌ဆွေး‌နွေး

1741

မတ် ၁၉ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောခါးစူးညား

‌ဒေသခံပြည်သူများ အလုပ်အကိုင် ရရှိ‌ရေးနှင့် ပြည်နယ်‌ဒေသဖွံ့ဖြိုး‌ရေးတို့အတွက် ကရင်ပြည်နယ် နယ်ခြား ‌စောင့်တပ် ဗဟိုအကြံ‌ပေးနှင့် ကွပ်ကဲ‌ရေးအဖွဲ့ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူက ဦးစီးပြီး တန် ၅၀၀ဝ မိကရင်‌ကျေးနယ် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်နိုင်ရန် ကြိုတင်ပြင်ဆင် အကြံပြုညှိနှိုင်း‌ဆွေး‌နွေးပွဲ တစ်ခုကို ဖားအံမြို့ သီရိဖားအံ ဟိုတယ်တွင် ယ‌နေ့ ကျင်းပခဲ့သည်။

‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ကရင်နယ်ခြား‌စောင့်တပ်(BGF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA PC)၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ၊ ကရင်ပြည်နယ် အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ကရင်ပြည်နယ် စာ/ယဉ်၊ ဖားအံမြို့ ရပ်မိရပ်ဖများ၊ သံဃာ‌တော်များ နှင့် မိကရင်‌ဒေသခံများ စုစု‌ပေါင်း ၇ဝ ခန့် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

‌ဆွေး‌နွေးပွဲ၌ ဗိုလ်မှူးကြီး ‌စောချစ်သူက “ဒီဘိလပ်‌မြေစက်ရုံကို တည်‌ဆောက်နိုင်ဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဘိလပ်‌မြေစက်ရုံတစ်ခုကို ကျ‌နော် သွား‌လေ့လာခဲ့ပါတယ်။ နည်းပညာ ‌တော်‌တော်မြင့်ပါတယ်။ ဒါ‌ကြောင့် ဒီဘိ လပ်‌မြေစက်ရုံကို အဆင့်မြင့်နည်းပညာနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိ‌အောင် လုပ်သွားဖို့ ရှိပါတယ်။ စက်ရုံဖြစ်ရင် လူထု‌တွေ အလုပ်ရမယ်၊ ကရင်ပြည်နယ်လည်း တိုးတက်မယ်။ ဒါကို လုပ်သင့်၊ မသင့် အားလုံးရဲ့ သ‌ဘောသိချင်လို့ ဒီ‌ဆွေး‌နွေးကို လုပ်တာ ဖြစ်ပါတယ်”ဟု ‌ပြောကြားခဲ့သည်။

ယင်းဘိလပ်‌မြေစက်ရုံသည် တရုတ်ကုမ္ပဏီတစ်ခုမှ ကူညီ‌ပေးပြီး ချစ်လင်းမြိုင် ကုမ္ပဏီက အ‌ကောင်အထည် ‌ဖော် လုပ်‌ဆောင်သွားမည် ဖြစ်‌ကြောင်း၊ ဘိလပ်‌မြေစက်ရုံ ဖြစ်‌မြောက်‌ရေးအတွက် ‌ဒေါ်လာ သန်း ၃‌ထောင် လျာထား‌ကြောင်း၊ စက်ရုံကို ‌ကျောက်မီး‌သွေးနှင့် လည်ပတ်မည်ဖြစ်‌ကြောင်း၊ အကျိုးအမြတ်အဖြစ် တရုတ် ၂၅ ရာခိုင်နှုန်း၊ ‌ဒေသခံလူထု ၅ ရာခိုင်နှုန်း ခံစားခွင့် ရရှိမည် ဖြစ်‌ကြောင်း သူက ‌ဆွေး‌နွေးချပြခဲ့သည်။
IMG_5095
သို့‌သော် ‌ဆွေး‌နွေးပွဲ တက်‌ရောက်သည့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ မိကရင်‌ဒေသခံများ၊ သံဃာ‌တော် အချို့ နှင့် အစိုးရ တာဝန်ရှိသူအချို့က မိကရင်ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်‌ရေးသည် ယခင်က သာဓကများ ရှိခဲ့သည့်အတွက် ကာယကံရှင်‌ဒေသခံများအား ‌သေချာ‌ဆွေး‌နွေးချပြရန်လို‌ကြောင်းနှင့် ကရင်အမျိုးသားအစည်း အရုံး(KNU)ဗဟိုကလည်း ယခုကိစ္စမှာ အချိန်ယူ လုပ်‌ဆောင်သင့်‌ကြောင်း တိုက်တွန်းအကြံပြုခဲ့သည်။

မိကရင် ‌ဒေသခံတစ်ဦးဖြစ်သူ ‌စော‌ကျော်လှက “ကျ‌နော်တို့ ‌တောင်အတွက် တအားစိတ်ပူတယ်။ ဒါ‌ကြောင့် ဒီ‌ဆွေး‌နွေးပွဲမှာ ‌ပြောမယ့် ‌ကောင်းကျိုးဆိုးကျိုး သိချင်လို့ လာနား‌ထောင်တာပါ။ ဘိလပ်‌မြေ တည်‌ဆောက်မယ့် ကိစ္စက ဘယ်‌လောက်ထိ ‌သေချာ‌ဆွေး‌နွေးချနိုင်မလဲ။ တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်‌လောက်ရှိမလဲဆိုတာ တ‌ယောက်မှ မ‌ပြောကြ‌သေးပါဘူး။ ဒီလ ၃ဝ ရက်မှာ ကျ‌နော်တို့ ‌ဒေသခံနဲ့ သွား‌တွေ့ဖြစ်ရင် ‌ဒေသခံ‌တွေကို ‌ဆွေး‌နွေးချပြလျက်သားနဲ့ လက်မခံရင် တမျိုး မထင်ကြပါနဲ့”ဟု ‌ဆွေး‌နွေးပွဲတွင် ‌ပြောဆိုခဲ့သည်။

ထို့အပြင် ယခု မတ်လ ၃ဝ ရက်‌နေ့တွင် မိကရင်‌ကျေးနယ် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်နိုင်‌ရေး အကူအညီ ‌ပေးမည့် တရုတ်ကုမ္ပဏီ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် မိကရင် ‌ကျေးရွာသို့ ‌ဒေသခံများနှင့် သွား‌ရောက်‌တွေ့ဆုံရန် မူလက အစီအစဉ်ရှိခဲ့‌သော်လည်း ‌ဆွေး‌နွေးပွဲအတွင်း သ‌ဘောထား‌ကောက်ခံသည့်အခါ သ‌ဘောထား‌ပေးသူ နည်းသည့်အတွက် ပြန်လည်‌ဆွေး‌နွေးမှု ပြုလုပ်သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၃၊ ၂၀၁၄ ခုနှစ်အတွင်း မိကရင်‌ကျေးရွာအနီးတွင် အလားတူ ဘိလပ်‌မြေစက်ရုံတည်‌ဆောက်ရန် (Myanmar Cement and Mineral Production) ကုမ္ပဏီနှင့် Myanmar Ji Dong Cement ကုမ္ပဏီ လီမိတက်တို့မှ ကြိုးပမ်းမှုများ ရှိခဲ့‌သော်လည်း ‌ဒေသခံများက ကန့်ကွက်ခဲ့သဖြင့် တည်‌ဆောက်‌ရေး အစီအစဉ် ဖျက်သိမ်းခဲ့ရသည်။