Home သတင်း ဗိုလ်ချုပ်ကြီး‌စောလားပွယ် ချမှတ်သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အတိုင်း ဆက်သွားမည်ဟု ဒီ‌ကေဘီ‌အေ တပ်မှူး‌ပြော

ဗိုလ်ချုပ်ကြီး‌စောလားပွယ် ချမှတ်သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အတိုင်း ဆက်သွားမည်ဟု ဒီ‌ကေဘီ‌အေ တပ်မှူး‌ပြော

1811

မတ် ၁၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ) စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ်ကြီး‌စောလားပွယ် ကွယ်လွန်သွား‌သော် လည်း ၎င်းချမှတ် အ‌ကောင်အထည်‌ဖော်‌ဆောင်ခဲ့သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အတုိုင်း ဆက်သွားမည်ဖြစ်‌ကြောင်း ဒီ‌ကေဘီ ‌အေ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး‌စောစိန်ဝင်းက ယ‌နေ့ ‌ပြောသည်။

၎င်းက “သူ ‌နေမ‌ကောင်းတဲ့ကြားက အဲန်စီ‌အေလမ်း‌ကြောင်း‌ပေါ်ကို သူ တင်‌ပေးခဲ့တယ်။ သူရဲ့ ကျန်းမာ‌ရေးအရ ဆုံးရှုံးသွားတာ မှန်‌ပေမယ့် သူမှာကြားခဲ့တဲ့၊ သူလိုချင်တဲ့ ငြိမ်းချမ်း‌ရေးပန်းတိုင်ကို ကျ‌နော်တို့ ကျန်တဲ့အဖွဲ့‌တွေက မ‌ရောက်‌ရောက်‌အောင် ဆက် လက် ချီတက်သွားဖို့‌တော့ ရှိပါတယ်။ ချီတက်ဖို့လည်း ဆန္ဒပြုပါတယ်။״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ဗိုလ်ချုပ်ကြီး‌စောလားပွယ်အ‌နေဖြင့် သူ‌မျှော်မှန်းထားသည့် ‌နေရာ၊ လမ်း‌ကြောင်းကို ဆုံးခန်းတိုင် လိုက်မပါနိုင်‌သော် လည်း ဆုံးခန်းတိုင်သွားမည့်လမ်း‌ကြောင်း‌ပေါ်ကို တင်‌ပေးနိုင်ခဲ့သည်ဟုလည်း ဒုဗိုလ်မှူးကြီး‌စောစိန်ဝင်းက ဖြည့်စွက် ‌ပြောဆို သည်။

မတ်လ ၁၃ရက်‌နေ့၊ မွန်းလွဲ ၂နာရီအချိန်တွင် ပဲခူးမြို့၊ ကုတင် ၅၀၀‌ဆေးရုုံတွင် လည်‌ချောင်းကင်ဆာ‌ဝေဒနာဖြင့် ဗိုလ်ချုပ်ကြီး ‌စောလားပွယ် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ရုပ်အ‌လောင်းကိုု ဒီ‌ကေဘီ‌အေ ဋ္ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်‌ကျေးရွာသို့ ထို‌နေ့ည ၁၂နာရီအချိန်အ‌ရောက် ပြန်လည် သယ်‌ဆောင်လာခဲ့ကြသည်။

KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ ဒုတိယဗိုလ်မှူးကြီး‌စော‌နေ‌စေးက “သူဟာ ကျ‌နော်တို့အမျိုးသား‌ခေါင်း‌ဆောင်တစ်ဦး ဖြစ်ပါ တယ်။ အခက်အခဲမျိုးစုံကြားက အမျိုးသား‌ရေးအတွက် မားမားမတ်မတ်ရပ်ပြီး သူ‌မျှော်မှန်းထားတဲ့အတိုင်း ဖြစ်‌အောင်လုပ် တယ်။ ဒါ‌တွေဟာ အတုယူစရာဖြစ်‌ပေမယ့်လို့ အခု သူမရှိ‌တော့ ဝမ်းနည်းစရာတစ်ခုဖြစ်ပါတယ်။ ကျ‌နော်တို့ လူငယ်‌တွေအ‌နေနဲ့ သူ လုပ်‌ဆောင်ခဲ့တဲ့အတိုင်း အတုယူပြီး ဆက်လက် ချီတက်သွားရမှာ ဖြစ်ပါတယ်״ဟု ‌ပြောသည်။
DSC00650
ဗိုလ်ချုပ်ကြီး‌စောလားပွယ်သည် ၂၀၁၃ခုနှစ်ကုန်ပိုင်းကတည်း ၎င်း၏လည်‌ချောင်းကင်ဆာ‌ဝေဒနာကို စကင်္ာပူနိုင်ငံသို့ ‌ခြောက်လ ‌ကျော် သွား‌ရောက်ကုသမှုခံရာမှ ပြန်လည်သက်သာလာပြီး‌နောက် ပဲခူးမြို့သို့ ပြန်လည်‌နေထိုင်စဉ် ရုတ်တရက် ကွယ်လွန်သွား ခြင်းဖြစ်သည်ဟု ဒီ‌ကေဘီ‌အေ အသိုင်းအဝိုင်းက ‌ပြောသည်။

သူသည် စစ်အစိုးရ၏ နယ်ခြား‌စောင့်တပ် အသွင်ကူး‌ပြောင်း‌ရေးကို လက်မခံသဖြင့် ၂၀၁ဝခုနှစ်တွင် မြန်မာအစိုးရကိုု တစ်နှစ်နီး ပါး ပြန်လည်ခုခံ‌တော်လှန်ခဲ့ပြီး‌နောက် လက်ရှိ ဦးသိန်းစိန်အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး ပြုလုပ်ခဲ့သည်။ ထို့အပြင် ၂၀၁၅ခုနှစ် ‌အောက်တိုဘာ ၁၅ရက်‌နေ့တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(အဲန်စီ‌အေ) လက်မှတ်‌ရေးထိုးပွဲကို အခြားတိုင်းရင်း သားလက်နက်ကိုင် ၇ဖွဲ့နှင့်အတူ ပါဝင်တက်‌ရောက်ခဲ့သည်။

ဗိုလ်ချုပ်ကြီး‌စောလားပွယ်ကို ‌စောထွန်းတင်၊ ‌နော်မလရီတို့က ၁၉၆၂ခုနှစ်တွင် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံ‌ကျေးရွာ၌ ‌မွေးဖွားခဲ့ပြီး ‌မွေးချင်း‌မောင်နှမ ၇ဦးအနက် ဒုတိယ‌မြောက်သားဖြစ်သည်။ ၎င်းကွယ်လွန်ချိန်တွင် ဇနီးနှင့် သားသမီး ၂ဦး၊ ‌မြေးတစ်ဦး ကျန်ရစ် ခဲ့ပြီး ဈာပနအခမ်းအနားကို ဆုံဆည်းမြိုင်‌ကျေးရွာ(‌လေး‌ဝေါ်)ရှိ သူ၏‌နေအိမ်၌ မတ်လ ၁၉ရက်‌နေ့၊ နံနက် ၁၁း၃ဝနာရီအချိန်တွင် ကျင်းပမည်ဟု သိရသည်။

သူသည် ကလိုထူး‌ဘော စစ်ဌာနချုပ်‌အောက်တွင် ကလို့ထူးဝါး၊ ကလို့ထူးလား စစ်ဗျူဟာများကို ဦးစီးအုပ်ချုပ်ခဲ့သလို ၂၀၁၂ခု နှစ်တွင် ထိုင်းအစိုးရက မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်းထုတ်ထားခံခဲ့ရ‌သေးသည်။ ၎င်း၏ လတ်တ‌လော လစ်လပ်‌နေ‌သော ဒီ‌ကေ ဘီ‌အေ စစ်ဦးစီးချုပ်တာဝန်ကိုု ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး‌စောမို‌ရှေးအား ခန့်အပ်သွားရန် လျာထားသည်ဟု ဒီ‌ကေဘီ ‌အေတပ်မှူးများအကြား ‌ပြောဆို‌နေကြသည်။