Home သတင်း ဖားအံမြို့နယ်တွင် ဇွဲကပင်အဆင့်မြင့် အားကစားကွင်း ဖွင့်လှစ်

ဖားအံမြို့နယ်တွင် ဇွဲကပင်အဆင့်မြင့် အားကစားကွင်း ဖွင့်လှစ်

1940

မတ် ၂၁ ရက်၊ ၂၀၁၆ ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်ရှိ ပြည်နယ်အားကစားကဏ္ဍ စွမ်းရည်မြှင့်တင်ရန်နှင့် အားကစားသမား‌ကောင်းများ ‌ပေါ်ထွန်း လာ‌စေရန် ရည်ရွယ်၍ ဖားအံမြို့နယ် လှာကမြင်မြို့ကွက်သစ်၌ “ဇွဲကပင်အဆင့်မြင့်အားကစားကွင်း”တစ်ခု တည်‌ဆောက်ခဲ့ပြီး မတ်လ ၂ဝ ရက်‌နေ့တွင် ဖွင့်လှစ်ပွဲနှင့် စာရွက်စာတမ်းလွှဲ‌ပြောင်း‌ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါ အားကစားကွင်းကို ပြည်နယ်အစိုးရ၏ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ် ‌ငွေလုံး‌ငွေရင်းအသုံးစရိတ်မှ ကျပ် သန်း‌ပေါင်း ၆၅ဝ ဖြင့် ခွင့်ပြုကာ မြန်မာ‌ဌေး‌ဇော် ကုမ္ပဏီ၏ အ‌ကောင်အထည်‌ဖော် တည်‌ဆောက်ခဲ့ပြီး‌နောက် ပြီးစီးပြီဖြစ်သဖြင့် အခမ်းအနား ကျင်းပခြင်းဖြစ်သည်ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် ‌စောဝင်းထိန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဖားအံမှာ အခုကွင်းကို အစက သီရိကွင်းမှာ တည်‌ဆောက်ဖို့ လျာထား‌ပေမယ့် ‌နောက်ဆုံး မဖြစ်‌တော့ အခု လှာကမြင်မြို့ကွက်သစ်မှာ ‌ပြောင်းလဲတည်‌ဆောက်လိုက်တာ ဖြစ်ပါတယ်။ ဒီကွင်းတည်‌ဆောက်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က နိုင်ငံတကာအဆင့်မီ ဘက်စုံအားကစား‌ပေါင်းစုံ တ‌နေရာတည်းမှာ ကစားနိုင်ဖို့ အဖြစ်ပါတယ်”ဟု ‌ပြောဆိုသည်။

ယခုကွင်းတွင် မီတာ ၄၀ဝ ‌ပြေးလမ်းပါ ‌ဘောလုံးကွင်း၊ ကြက်‌တောင်၊ ဘတ်စ်ကက်‌ဘောနှင့် ‌ဘောလီ‌ဘော အားကရုံအပြင် ဘက်စုံသုံး မိုးလုံ‌လေလုံ အားကစားရုံကြီး တစ်လုံးလည်း ပါဝင်သည်ဟု ၎င်းက ဆက်‌ပြောသည်။

လှာကမြင် မြို့ကွက်သစ် ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးကံချွန်က “ဒီကွင်းမှာ ဖားအံ‌ဒေသမှာ ရှိတဲ့ ‌ကျောင်း‌တွေ၊ လူငယ်အားကစားသမား‌တွေ လာ‌ရောက်ကစားနိုင်တဲ့အတွက် ကရင်ပြည်နယ်အတွင်း နိုင်ငံဂုဏ်‌ဆောင် အားကစားသမား‌တွေ ‌ပေါ်ထွန်းလာနိုင်‌တော့မယ်။ အဲဒီအတွက် ဒီကစားကွင်းဖြစ်လာတာ လှာကမြင် ‌ဒေသခံတစ်‌ယောက်အ‌နေနဲ့ ဝမ်းသာတယ်”ဟု အခမ်းအနားတွင် ‌ပြောကြားခဲ့သည်။
12443089_511154092406262_738443687_n
ကရင်ပြည်နယ်ရှိ မြို့နယ် ၇ခုတွင် အားကစားရုံများ တည်‌ဆောက်ခြင်း လုပ်ငန်းများအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရမှ ကျပ်သန်း‌ပေါင်း ၁၁၂ဝ ခွင့်ပြုခဲ့ပြီး ဖားအံမြို့နယ်တွင် ယခု“ဇွဲကပင်အဆင့်မြင့် အားကစားကွင်း” အပါအဝင် ဖာပွန်၊ ကြာအင်းဆိပ်ကြီး၊ ‌ကော့ကရိတ်မြို့နယ်တို့တွင် အ‌လေးမ အားကစားရုံ တစ်ရုံစီ၊ လှိုင်းဘွဲမြို့နယ်တွင် ကာယဗလအားကစားရုံ၊ သံ‌တောင်ကြီးမြို့နယ်တွင် အထက ‌ကျောင်း မိုးလုံ‌လေလုံ ဘက်စုံအားကစားရုံတို့ကို တည်‌ဆောက်ခဲ့သည်ဟု သိရသည်။

လက်ရှိ ကရင်ပြည်နယ် ဖားအံမြို့တွင် သီရိအားကစားကွင်းနှင့် ဖားအံတက္ကသိုလ် အားကစားကွင်းတို့ တည်ရှိပြီး ၎င်းကွင်းတို့တွင် ‌ဘောလုံးကွင်း၊ ‌ဘောလီ‌ဘောနှင့် ခြင်းလုံးရုံ စသည်တို့ကို တည်‌ဆောက်ထားသည်။