Home ထိပ်တန်းသတင်း လူထုဆန့်ကျင်‌ရေး မလုပ်မိကြရန် KNLA တပ်ဖွဲ့ဝင်များအား ဒုစစ်ဦးစီးချုပ် သတိ‌ပေး‌ပြောကြား

လူထုဆန့်ကျင်‌ရေး မလုပ်မိကြရန် KNLA တပ်ဖွဲ့ဝင်များအား ဒုစစ်ဦးစီးချုပ် သတိ‌ပေး‌ပြောကြား

2172

မတ် ၂၄ရက်၊၂၀၁၆ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်ဖွဲ့ဝင်များအ‌နေဖြင့် လူထုဆန့်ကျင်‌ရေး မလုပ်မိကြရန် ယ‌နေ့ မတ်လ ၂၄ရက်‌နေ့တွင် KNLA စစ်ဌာနချုပ်၌ ပြုလုပ်သည့် KNLA ၏ အပတ်စဉ်(၅) အရာရှိငယ် သင်တန်းဆင်းပွဲ၌ သင်တန်းဆင်းအရာ ရှိများအား ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး‌စော‌ဘော‌ကျော်ဟဲက သတိ‌ပေး‌ပြောကြားလိုက်သည်။

၎င်းက “အခု အပစ်ရပ်ကာလမှာ ငါတို့‌တွေ ပြစ်တင်ပြုမှု ‌နေထိုင်မှုက‌နေ လွတ်‌အောင် ‌နေထိုင်ရမယ်။ ရန်သူ‌တွေက ငါတို့‌တွေကို ‌သေနတ်နဲ့ မတိုက်ဘူး။ ငါတို့တစ်‌တွေ ဘယ်လိုအမှားမျိုး လုပ်မလဲ။ ဘယ်လိုစဉ်းစားချက် အမှားမျိုး‌တွေ၊ ခံယူချက်အမှားမျိုး‌တွေ ရှိမလဲဆိုတာနဲ့ အမြင်မှားမှုမျိုး‌တွေနဲ့ ငါတို့‌တွေကို တိုက်ခိုက်‌နေတယ်။ ဒါ‌ကြောင့် ပြည်သူ‌တွေ၊ ‌ခေါင်း‌ဆောင်‌တွေနဲ့ အစိုးရစစ် တပ်ရဲ့ အပြစ်မြင်မှုမျိုးက‌နေလွတ်‌အောင် နည်းမှန်လမ်းမှန်နဲ့ ပြုမူ‌နေထိုင်သွားကြပါ”ဟု အမှာစကား ‌ပြောကြားခဲ့သည်။

ထို့အပြင် ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်း‌အောင်လှိုင်၏ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို သွားနိုင်ရန် လုံခြုံ‌ရေးအရ ပြန်လည် ‌ပေါင်းစည်း‌ရေးနှင့် လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်‌ရေး ‌ပြောဆိုထားမှုအ‌ပေါ်ကိုလည်း သတိထားသွားရန် ဒုဗိုလ်ချုပ်ကြီး‌စော ‌ဘော‌ကျော်ဟဲက ထပ်မံ ထည့်သွင်း သတိ‌ပေး ‌ပြောကြားခဲ့သည်။
DSC_0056
၎င်းအရာရှိငယ်သင်တန်းကို နိုဝင်ဘာလမှစ၍ KNLA သင်တန်းဋ္ဌာနမှ အလျင်းသင့်သလို ရက် (၉၀)ကြာ ဦးစီး သင်ကြား‌ပေးခဲ့ ခြင်းဖြစ်ပြီး အ‌ခြေခံစစ်သင်တန်း၊ KNU ၏ မူဝါဒပိုင်းဆိုင်ရာ၊ ဥပ‌ဒေပိုင်းဆိုင်ရာ၊ ရုံးလုပ်ငန်းပိုင်း ဆိုင်ရာ၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် သက်ဆိုင်သည့် နိုင်ငံ‌ရေးပိုင်းဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းတို့အပြင် ပြည်သူလူထုနှင့် ထိ‌တွေ့ဆက်ဆံမှုပိုင်းဆိုင် ရာ ဘာသာရပ်များကို သင်ကြားပို့ချ‌ပေးကာ KNU တပ်မဟာ(၁)မှလွဲ၍ ကျန်တပ်မဟာ(၆)ခုမှ သင်တန်းသား ၉၃ဦးတို့ တက် ‌ရောက်ခဲ့ကြသည်။

‌တောင်ငူခရိုင် တပ်မဟာ(၂)မှ သင်တန်းသား ‌စောအဲ့မူးထီးက“ဒီ‌နေ့ စစ်ဦးစီးချုပ် ‌ပြောသွားသလိုပဲ။ ဒီအပစ်အခတ်ရပ်စဲတာကိုပဲ တစ်ခုထဲကြည့်လို့ မရဘူး။ အစိုးရက နိုင်ငံ‌ရေးပိုင်းကို ထိုးစစ်ဆင်လာတယ်။ ဒါ‌ကြောင့် ဒီအပစ်အခတ်ရပ်စဲ‌ရေးကိုပဲ ဆက်သွားဖို့ အတွက် ကျ‌နော်တို့ အများကြီး ဆက်ကြိုးစားသွားဦးမယ်။ ပြင်ဆင်ထားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အပတ်စဉ်(၅)အရာရှိငယ်သင်တန်းဆင်းပွဲတွင် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ၊ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး‌စော ‌ဘော‌ကျော်ဟဲအပြင် စစ်ဘက်ဆိုင်ရာ အရာရှိများ၊ အရပ်ဖက် အုပ်ချုပ်‌ရေး‌ခေါင်း‌ဆောင် အချို့၊ သင်တန်းဆင်းရဲ‌ဘော်များ၊ မဟာမိတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ အပါအဝင် စုစု‌ပေါင်း ၃၀ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။