Home သတင်း UNFC အ‌နေဖြင့် အစိုးရသစ်နှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ ဆက်‌ဆွေး‌နွေးနိုင်ရန် UPWC ဆက်စပ်‌ပေး

UNFC အ‌နေဖြင့် အစိုးရသစ်နှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ ဆက်‌ဆွေး‌နွေးနိုင်ရန် UPWC ဆက်စပ်‌ပေး

1630

‌ဖေ‌ဖော်ဝါရီ ၂၃ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ UNFC အ‌နေဖြင့် ‌နောက်တက်လာမည့် အစိုးရသစ်နှင့် ငြိမ်းချမ်း‌ရေး ဖြစ်စဉ်များ ဆက်လက်‌ဆွေး‌နွေးသွားနိုင်ရန် ဝန်ကြီးဦး‌အောင်မင်း ဦး‌ဆောင်သည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ-UPWC အဖွဲ့မှ ယမန်‌နေ့ ည‌နေ ၄နာရီတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ လာ‌ရောက်‌တွေ့ဆုံ ဆက်စပ်‌ပေးခဲ့သည် ဟု UNFC က ‌ပြောဆိုသည်။

UNFC ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက “UPWC အ‌နေနဲ့လာပြီး ‌တွေ့ဆုံခြင်း မဟုတ်ပါဘူး။ UPWC မှာ လုပ်ခဲ့တဲ့ ဝန်ကြီးဦး‌အောင်မင်း တို့‌ပေါ့ဗျာ။ သူတို့လည်း တာဝန်ပြီးဆုံးသွား‌တော့ ‌နောက်အစိုးရ တက်လာတဲ့အခါကျရင် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး‌တွေ ဖြစ်‌ပေါ်လာ နိုင်ဖို့‌ပေါ့‌လေ။ ဒါက လာပြီး‌တော့မှ နည်းနည်း ဆက်စပ်‌ပေးတဲ့သ‌ဘောပါ ״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌တွေ့ဆုံမှုတွင် လက်ရှိဖြစ်‌ပေါ်‌နေသည့် နိုင်ငံ‌ရေး ပြဿနာကို စားပွဲခုံ‌ပေါ်တွင် ‌ပေါ်‌ပေါက်လာမည့် အစိုးရသစ်နှင့် ဆက်လက် ‌ဖြေရှင်းသွားနိုင်ရန် ‌ရှေ့လုပ်ငန်းစဉ်များတွင် အပစ်ရပ် လက်မှတ်‌ရေးထိုးရာ၌ အားလုံးပါဝင်နိုင်‌ရေး နည်းလမ်းများကို ရှာ‌ဖွေ‌ဆွေး ‌နွေးခဲ့ခြင်းဖြစ်ပြီး တရားဝင်ရလဒ်အ‌နေဖြင့် ထွက်‌ပေါ်လာခြင်းမရှိ‌ကြောင်း နိုင်ဟံသာက ဆက်‌ပြောသည်။

‌တွေ့ဆုံမှုတွင် UNFC ဘက်က နိုင်ငံ‌ရေးဆိုင်ရာ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ‌ကော်မတီဝင်များဖြစ်‌သော နိုင်ဟံသာ၊ ခူးဦးရယ်၊ ဗိုလ်ချုပ် ဂွန်‌မော်၊ ဗိုလ်မှူးချုပ်စိုင်းထူး၊ ဦးထွန်း‌ဇော်၊ ‌ဒေါက်တာခင်‌မောင်၊ တာ့ညီလူ၊ ဗိုလ်မှူးကြီး‌ဆော်လမွန်နှင့် နိုင်‌ရွှေသိန်းတို့ တက် ‌ရောက်ခဲ့ကြပြီး UPWC ဘက်က ဝန်ကြီးဦး‌အောင်မင်း၊ ဦးလှ‌မောင်‌ရွှေ၊ ဦးတင်‌မောင်သန်း၊ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးခင်‌ဇော်ဦး၊ ဦး‌အောင်နိုင်ဦး၊ ‌ဒေါက်တာ‌ကျော်ရင်မြင့်နှင့် ဦးညိုအုန်းမြင့်တို့ တက်‌ရောက်ခဲ့ကြသည်။

UNFC နှင့် UPWC အဖွဲ့တို့‌တွေ့ဆုံမှုအပြီး ည ၇နာရီခန့်တွင် ဗိုလ်မှူးချုပ်ယွက်စစ် ဦး‌ဆောင်သည့် သျှမ်းပြည် ပြန်လည်ထူ‌ထောင် ‌ရေး‌ကောင်စီ -RCSS/SSA အဖွဲ့နှင့် UPWCတို့ ထပ်မံ‌တွေ့ဆုံခဲ့ရာ ရှမ်းပြည်‌မြောက်ပိုင်း၌ ပ‌လောင်ပြည်နယ် လွတ်‌မြောက်‌ရေး တပ်ဦး (PSLF/ TNLA)နှင့် (RCSS/SSA )တို့အကြားဖြစ်ပွား‌သော တိုက်ပွဲများကိစ္စနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး ဗဟိုဋ္ဌာန-MPC တို့၏ ‌ရှေ့ဆက်အနာဂတ်ကိစ္စရပ်များကို ‌ဆွေး‌နွေးခဲ့ကြဟု သိရသည်။

ထို့အပြင် ယ‌နေ့နံနက်တွင်လည်း UPWC နှင့် RCSSတို့နှစ်ဖွဲ့သည် ဆက်လက်‌တွေ့ဆုံခဲ့သလို ကရင်နီအမျိုးသားတိုးတက်‌ရေးပါ တီ-KNPP နှင့် ကချင်လွတ်လပ်‌ရေးတပ်မ‌တော်-KIA တို့ကို ဆက်လက်‌တွေ့ဆုံရန် UPWC ဘက်မှ ကမ်းလှမ်းထား‌သော်လည်း တိုင်းရင်းသားဘက်က တစုံတရာ တုန့်ပြန်‌ဖြေကြားမှု မရှိ‌သေး‌ကြောင်း သိရသည်။

၎င်း‌တွေ့ဆုံမှုများမတိုင်ခင် ‌ဖေ‌ဖော်ဝါရီ ၁၈ရက်မှ ၂၁ရက်‌နေ့အထိ ချင်းမိုင်မြို့၌ပင် UNFC အဖွဲ့ဝင်များ၏ အစည်းအ‌ဝေးတစ်ရပ် ပြုလုပ်ခဲ့ကြရာ နိုင်ငံ‌ရေးဆိုင်ရာ ညှိနှိုင်း‌ဆွေး‌နွေး‌ရေးကိုယ်စားလှယ်အဖွဲ့-DPN ကို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းပြီး တိုင်းရင်းသားလက် နက်ကိုင် ၈ဖွဲ့ဖြင့် လက်မှတ်‌ရေးထိုးထားသည့် NCA စာချုပ်ကို အပြင်းအထန် ရှုတ်ချ‌ကြောင်း၊ ရှမ်းပြည်‌မြောက်ပိုင်း၌ ပ‌လောင် ပြည်နယ်လွတ်‌မြောက်‌ရေးတပ်ဦး (PSLF/ TNLA)နှင့် သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ(RCSS/SSA )တို့အကြား ဖြစ် ပွားသည့်တိုက်ပွဲကို ကြားဝင်‌ဖြေရှင်းသွားရန် အပါအဝင် အချက် (၄)ချက်ပါ ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ-UNFC ကို ၂၀၁၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၆ရက်‌နေ့၌ တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ် ၁၁ဖွဲ့နှင့် ဖွဲ့စည်းခဲ့‌သော်လည်း လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် (၉)ဖွဲ့သာကျန်ရှိပြီး ၎င်းအဖွဲ့ များသည် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA ကို လက်မှတ်မထိုး‌သော အဖွဲ့ဝင်များဖြစ် သည်။