Home သတင်း NCA ပါ စည်းကမ်းချက်အချို့ကို အစိုးရနှင့် တိုင်းရင်းသား နှစ်ဖက်စလုံး ချိုး‌ဖောက်‌ကြောင်း KNU ‌ပြောဆို

NCA ပါ စည်းကမ်းချက်အချို့ကို အစိုးရနှင့် တိုင်းရင်းသား နှစ်ဖက်စလုံး ချိုး‌ဖောက်‌ကြောင်း KNU ‌ပြောဆို

1883

‌ဖေ‌ဖော်ဝါရီ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA နှင့် ကိုက်ညီမှုမရှိသည့် လုပ်ရပ်အချို့ကို တိုင်းရင်းသားဘက် ကသာ ပြုလုပ်ခြင်းမဟုတ်ဘဲ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖက်စလုံးက ပြုလုပ်‌နေ‌ကြောင်း အပစ်ရပ်စဲ‌ရေး လုပ်ထားသည့် ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ ယ‌နေ့ ‌ပြောဆိုလိုက်သည်။

‌ဖေ‌ဖော်ဝါရီ ၂၂ရက်‌နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ပြည်‌ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့် ကြည့်‌ရေး‌ကော်မတီ(JMC-U) အစည်းအ‌ဝေးပွဲ၌ (JMC-U) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်က ‌ကေအဲန်ယူနှင့် သျှမ်းပြည်ပြန်လည် ထူ‌ထောင်‌ရေး‌ကောင်စီ/ ရှမ်းပြည်တပ်မ‌တော် (RCSS/SSA)တို့သည် NCA နှင့် ကိုက်ညီခြင်းမရှိသည့် လုပ်ရပ်အချို့ပြုလုပ်ခဲ့ သည်ဟု ‌ပြောဆိုမှုအ‌ပေါ် ‌ကေအဲန်ယူဘက်က ပြန်လည်‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

KNU တွဲဘက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက “စာချုပ်ထဲမှာ ‌ရေးထားတာက တပ်မ‌တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တပ်သားသစ် စု‌ဆောင်းခြင်း၊ တပ်အင်အားတိုးချဲ့ခြင်းမပြုရဆိုပြီး နှစ်ဖက်လုံးက လိုက်နာရမှာဖြစ်တယ်။ ဒါက တစ်ဖက်ထဲ မဟုတ်ဘူးဆိုတာ ‌ပြောချင်တယ်။ တပ်မ‌တော်အ‌နေနဲ့လည်း ကျ‌နော်တို့ဘက်ကို တပ်အင်အားတိုးချဲ့တာ‌တွေ ရှိတယ်။ စစ်ဆင်‌ရေးလမ်း‌တွေ ‌ဖောက်တာ‌တွေကို မြင်‌တွေ့‌နေရတာပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဤကဲ့သို့ ပြုလုပ်‌နေမှုများအ‌ပေါ် တဖက်နှင့်တဖက် ပြစ်တင်‌ပြောဆို‌နေမည့်အစား နှစ်ဖက် ယုံကြည်မှုရှိ‌အောင် ဆက်လက်ညှိ နှိုင်း‌ဆောင်ရွက်သွားရမည်ဟုလည်း ပဒိုမန်းမန်းမန်းက ဖြည့်စွက်‌ပြောဆိုသည်။

JMC-U ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်၏ ‌ပြောဆိုချက်ထဲတွင် ‌ကေအဲန်ယူသည် ၎င်းတို့၏ တပ်မဟာသုံးခုဖြစ်သည့် တပ်မဟာ(၂)၊ ‌ကေအဲန်ယူ ‌ကေအဲန်ယူ တပ်မဟာ(၃)နှင့် တပ်မဟာ(၅)နယ်‌မြေ‌ဒေသများတွင် ‌ဒေသခံ ရွာသူရွာသားများအား ယခု ၂၀၁၆ခုနှစ် ဇန်နဝါရီလများအတွင်း ဖမ်းဆီး‌ခေါ်‌ဆောင်မှုများ ပြုခဲ့‌ကြောင်း ထည့်သွင်း‌ပြောဆိုထားမှုအ‌ပေါ် ကရင်အမျိုးသားလွတ်‌မြောက် ‌ရေးတပ်မ‌တော်(KNLA) တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်‌စောမုဟဲကလည်း ယခုလို ပြန်လည်တုံ့ပြန်‌ပြောဆိုသည်။

“သူ(ဗိုလ်ချုပ်ကြီးရာပြည့်) ‌ပြောသလိုမျိုး ဖြစ်ခဲ့မယ်ဆိုရင် ကျ‌နော်တို့အ‌နေနဲ့ ဝန်ခံမှာပါ။ အခုဟာက ကျ‌နော်တို့ နယ်‌မြေမှာ အဲ့ လိုမျိုး‌တွေ လုပ်တယ်လို့ သူတို့မြင်သလို ‌ပြောဆိုမှုအရ‌တော့ ကျ‌နော်တို့ တစ်ခုမှ မလုပ်ဘူး။ တစ်ခါမှလည်း မကြားသိရဘူး။ သတ်မှတ်နယ်‌မြေကျူး‌ကျော်မှု‌တွေ‌ကြောင့်သာ တိုက်ပွဲ‌တွေ ဖြစ်တာမျိုးပဲရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်‌နေ့က KNU နှင့် အစိုးရတို့ သ‌ဘောတူလက်မှတ်‌ရေးထိုးထား‌သော နှစ်ဖက်‌လေးစား လိုက်နာရ မည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များပါ အခန်း(၂)နှင့် အခန်း(၃) များအရ ပြည်သူလူထုအား အ‌ကြောင်းမဲ့ဖြစ်‌စေ၊ အမှုဆင်ပြီးဖြစ်‌စေ ဖမ်းဆီးခြင်းနှင့် အပစ်ရပ်နယ်‌မြေအတွင်း တစ်ဖက်နှင့်တစ် ဖက်အကြား နယ်‌မြေစိုးမိုးမှု၊ တပ်လှုပ်ရှားခြင်း၊ တပ်အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ အကြမ်းဖက်တိုက်ခိုက် မှုများ၊ ရုပ်ဝတ္ထုများ ဖျက်ဆီးခြင်းနှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန် ပါရှိသည်။