Home သတင်း KNU ဖွဲ့စည်းခြင်း (၆၉)နှစ်‌မြောက် အထိမ်းအမှတ် KNU ထိန်းချုပ်နယ်‌မြေအသီးသီးတွင် ကျင်းပ

KNU ဖွဲ့စည်းခြင်း (၆၉)နှစ်‌မြောက် အထိမ်းအမှတ် KNU ထိန်းချုပ်နယ်‌မြေအသီးသီးတွင် ကျင်းပ

2567

‌ဖေ‌ဖော်ဝါရီ ၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

‌ဖေ‌ဖော်ဝါရီ ၅ရက်‌နေ့တွင် ကျ‌ရောက်‌သော ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)ကို ဖွဲ့စည်းခြင်း (၆၉) နှစ်‌မြောက် အထိမ်းအမှတ်အ‌နေ့ကို ‌ကေအဲန်ယူ ထိန်းချုပ်ရာနယ်‌မြေ သထုံ၊ ‌တောင်ငူ၊ ‌ညောင်း‌လေးပင်၊ ဘိတ်ထားဝယ်၊ မူတ‌ရော်(ဖာပွန်)၊ ဒူးပလာယာနှင့် ဖားအံခရိုင်တို့တွင် အသီးသီး ကျင်းပခဲ့ကြသည်ဟု KNU တွဲဖက်အတွင်း‌ရေးမှူး(၁)ပဒို‌စော‌သောသီဘွဲက ‌ပြော သည်။

၎င်းက “ကရင်အမျိုးသားအစည်းအရုံးကို ဖွဲ့စည်းတည်‌ထောင်ရတဲ့ ရည်ရွယ်ချက်ဖြစ်‌စေ၊ လုပ်‌ဖော်ကိုင်ဖက်၊ ရဲ‌ဘော်ရဲဘက်၊ လူထု‌တွေကို အား‌ပေးစကား‌တွေ ‌ပြောဖို့အတွက်ဖြစ်‌စေ ဒီ‌နေ့ ကျ‌ရောက်တဲ့ ကရင်အမျိုးသားအစည်းအရုံး‌နေ့မှာ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အသီးသီး‌တွေမှာ ကျင်းပဖို့ ညွှန်ကြားထားပြီးသားဖြစ်သလိုပဲ သူတို့ အစီအစဉ်နဲ့ သူတို့ ကျင်းပကြတယ်״ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

KNU သည် ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်‌ရေး၊ ချစ်ခင်ရင်းနှီး‌ရေး၊ တစ်ပြည်ထဲ အတူ‌နေထိုင်နိုင်‌ရေးတို့ကို ပြန်လည်စု စည်းသည့် အဖွဲ့အစည်းဖြစ်၍ ကရင်တစ်မျိုးသားလုံးအတွက်အ‌ရေးကြီး‌ကြောင်း၊ ၎င်းကရင်အမျိုးသားအစည်းအရုံး ဖြစ်‌ပေါ်လာ ‌ရေးအတွက် ကြိုးပမ်းခဲ့ကြ‌သော ‌ခေါင်း‌ဆောင်များကို ‌အောက်‌မေ့ဂုဏ်ပြုသည့်အ‌နေဖြင့် ကျင်းပရခြင်းဖြစ်သည်ဟုလည်း ပဒို‌စော ‌သောသီဘွဲက ဖြည့်စွက်‌ပြောဆိုသည်။

ယ‌နေ့ ဖားအံခရိုင်၊ ‌သေ့‌ဘေ့ထာ့၌ ကျင်းပသည့် ၎င်း‌ကေအဲန်ယူ‌နေ့ အခမ်းအနားကို နံနက် ၉နာရီမှ ၁၁နာရီအထိ ကျင်းပခဲ့ကြပြီး ‌ကေအဲန်ယူ အတွင်း‌ရေးမှူးချုပ် ပဒို‌စောကွယ်ထူးဝင်း၊ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲ၊ KNLA ဒု-စစ်ဦးစီးချုပ် ဒုတိ ယဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲတို့အပြင် ရဲ‌ဘော်များ၊ လူမှုအဖွဲ့နှင့် ‌ဒေသခံရွာသားများ စုစု‌ပေါင်း ၃၀၀‌ကျော် တက်‌ရောက်ခဲ့ ကြကာ အခမ်းအနားတွင် KNU ဖြစ်‌ပေါ်လာပုံ စာတမ်းဖတ်ပြခြင်းနှင့် ‌ခေါင်း‌ဆောင်များက အမှာစကား ‌ပြောကြားခဲ့ကြသည်။

ထို့အပြင် ‌ကေအဲန်ယူ ဒူးပလာယာခရိုင်၌ ကျင်းပသည့် ၆၉နှစ်‌မြောက် KNU အထိမ်းအမှတ်‌နေ့တွင်မူ ဒူးပလာယာခရိုင် ‌ကော်မ တီဝင်များ၊ ရဲ‌ဘော်ရဲဘက်များနှင့် ‌ဒေသခံလူထုများ စု‌ဝေးပြီး ‌ဟော‌ပြောပွဲ အစီအစဉ်များ ပြုလုပ်ခဲ့သည်ဟု ခရိုင်ဥက္ကဋ္ဌဖြစ်သူ ပဒို ‌စော‌ရွှေ‌မောင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကရင်အမျိုးသားအစည်းအရုံးကို ဖွဲ့စည်းတည်‌ထောင်ခဲ့တဲ့ ‌ခေါင်း‌ဆောင်‌တွေ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကို ‌အောက်‌မေ့ဂုဏ် ပြုဖို့ နှစ်စဉ်နှစ်တိုင်း ကျင်းပဖို့က ကျ‌နော်တို့ရဲ့ တာဝန်ဖြစ်တယ်။ ကျ‌နော်တို့ လုပ်‌ဖော်ကိုင်ဖက်‌တွေကြားမှာ ဒီ‌နေ့ကို ပြန်လည် သတိရဖို့အတွက် ကျင်းပကြတာဖြစ်ပါတယ်“ဟု ၎င်းက ‌ပြောသည်။

၁၈၈၁ခုနှစ်တွင် ‌ဒေါကလူအသင်း(Karen National Association) ဖွဲ့စည်းခဲ့ပီး‌နောက် ၁၉၄ဝခုနှစ်၌ ဗုဒ္ဓဘာသာကရင်အမျိုးသား အစည်းအရုံး(BKNA)၊ ၁၉၄၃ခုနှစ်တွင် ကရင်ဗဟိုအဖွဲ့ချုပ်(KCO)၊ ၁၉၄၆ခုနှစ်၌ ကရင်လူငယ်အစည်းအရုံး (KYO) စသည့် အဖွဲ့ အစည်း အများအပြား ‌ပေါ်‌ပေါက်လာသည့်အ‌ပေါ် နိုင်ငံ‌ရေး‌တောင်းဆိုမှုများ လုပ်‌ဆောင်သည့်အခါ အသံတစ်သံတည်းထွက်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU)ကို ၁၉၄၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၅ရက်‌နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

‌ကေအဲန်ယူ၏ ပထမဦးဆုံး ဥက္ကဌမှာ ‌စောစံဖိုးသင်ဖြစ်ပြီး လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးမှာ အဋ္ဌမ‌မြောက်ဖြစ်သည်။