Home သတင်း နှစ် ၅၀‌တော်လှန်‌ရေးသက်တမ်းပြည့်ခဲ့သူ ကရင်‌တော်လှန်‌ရေးသမား ၅၆ဦး ဂုဏ်ထူး‌ဆောင်‌ရွှေတံဆိပ်ဆုချီးမြှင့်ခံရ

နှစ် ၅၀‌တော်လှန်‌ရေးသက်တမ်းပြည့်ခဲ့သူ ကရင်‌တော်လှန်‌ရေးသမား ၅၆ဦး ဂုဏ်ထူး‌ဆောင်‌ရွှေတံဆိပ်ဆုချီးမြှင့်ခံရ

2238

‌ဖေ‌ဖော်ဝါရီ ၁ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်‌တော်လှန်‌ရေးတွင် နှစ် ၅ဝပြည့်သည်အထိ တာဝန်ထမ်း‌ဆောင်ခဲ့သူ ကရင့်‌တော်လှန်‌ရေးသမား ၅၆ဦးကို ဇန်နဝါရီလ ၃၁ ရက်‌နေ့တွင် ကျ‌ရောက်‌သော ၆၇နှစ်‌မြောက် ကရင်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားတွင် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအ ရုံးက ဂုဏ်ထူး‌ဆောင် ‌ရွှေတံဆိပ်ဆုဖြင့် ချီးမြှင့်ဂုဏ်ပြုခဲ့သည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA တပ်မဟာ ၇ ဌာနချုပ်တွင် ကျင်းပသည့် ကရင်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားတွင် အဆိုပါ ဂုဏ်ထူး‌ဆောင်‌ရွှေတံဆိပ်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း သီးသန့်အစီအစဉ်ကိုပါ ထည့်သွင်းပြုလုပ်ရခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဗဟို စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဋ္ဌာန တာဝန်ခံ၊ (ဗဟို‌ကော်မတီဝင်) ပဒို‌စော လှထွန်းက ‌ပြောသည်။

“အရင်ကတည်းက ‌တော်လှန်‌ရေးအတွက် သူတို့ရဲ့ စွမ်း‌ဆောင်ရည်‌တွေအလိုက် ဂုဏ်ပြုချီးမြှင့်ဖို့ကို ချမှတ်ပြီးသားဖြစ်တယ်။ အခုလည်း ကရင်‌တော်လှန်‌ရေးအတွက် ကိုယ်ကျိုးစွန့်ပြီး နှစ်ရှည်လများ တာဝန်‌ကျေပြွန်စွာ အမှုထမ်းခဲ့တဲ့သူ‌တွေဟာ ဂုဏ်ပြု ထိုက်သူ‌တွေမို့ အခုလို စီစဉ်လိုက်တာဖြစ်ပါတယ်״ဟု ပဒို‌စောလှထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ဂုဏ်ပြုချီးမြှင့်နိုင်‌ရေးအတွက် စီစစ်‌ရွေးချယ်‌ရေး‌ကော်မတီ ဖွဲ့စည်းထားပြီး ‌ကော်မတီဥက္ကဋ္ဌအဖြစ် ‌ကေအဲန်ယူ၊ ဒုဥက္ကဋ္ဌ ပဒို ‌နော်စီဖိုးရာစိန်၊ အတွင်း‌ရေးမှူး ပဒို‌စော‌ဟေးဆယ်တို့ ပါဝင်သည့် အဖွဲ့ဝင် ၇ဦးတို့မှ ဂုဏ်ပြုမှုခံယူထိုက်သူများကို စိစစ်‌ရွေးချယ် ကာ ‌ကေအဲန်ယူ ဥက္ကဋ္ဌက အခမ်းအနားတွင် ယင်းသို့ ‌ပေးအပ်ချီးမြှင့်လိုက်ခြင်းဖြစ်သည်။

ယင်းသို့‌ရွေးချယ်ရာတွင် ‌တော်လှန်‌ရေးသက်တမ်းအနှစ် ၅ဝရှိသူနှင့် အမှုထမ်း‌ဆောင်စဉ် ကာလအတွင်း စည်းကမ်း‌ကောင်းမွန် ခြင်းအပြင် ပြစ်ချက်တစ်စုံတစ်ရာ မရှိဖူးသူများကို အဓိကထားကာ ‌ရွေးချယ်ခြင်းဖြစ်‌ကြောင်း ‌ရွေးချယ်‌ကော်မတီအဖွဲ့ဝင် KNLA ဗိုလ်မှူးချုပ်မန်းရှာထု‌ဝေါ်က ‌ပြောသည်။
DSC01884
နှစ် ၅ဝပြည့်ဂုဏ်ထူး‌ဆောင်တံဆိပ် ချီးမြင့်ရန် ‌ရွေးချယ်ခံရသည့် ဂုဏ်ပြုထိုက်သူ ၅၆ ဦးကို ‌ရွှေသား တစ်ကျပ်သားဖြင့်ပြု လုပ်ထားသည့် ဂုဏ်ထူး‌ဆောင် ဆုတံဆိပ်အပြင် ဂုဏ်ပြုလွှာကို‌ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဂုဏ်ထူး‌ဆောင်တံဆိပ်ချီးမြှင့်ခံရသူဖြစ်ပြီး လက်ရှိတာဝန်ထမ်း‌ဆောင်‌နေဆဲဖြစ်သည့် KNLA တပ်ရင်း(၁၇)မှ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး‌စောဖား‌ကော်က “အခုက ဝမ်းသာအားရ ဖြစ်တာ‌ပေါ့။ အခုလိုဖြစ်‌တော့ အရင်က စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ ပင်ပမ်းခဲ့ တာ‌တွေဟာ အခု စိတ်ဓာတ်ပြန်တက်ကြွလာပြီ။ အဖိုး ဆုံးဖြတ်တာက ‌တော်လှန်‌ရေးကို ‌သေတဲ့အထိလုပ်သွားမယ်״ဟု ‌ပြော သည်။

၎င်းအပြင် ‌တော်လှန်‌ရေးကာလအတွင်း အစိုးရ၏ ဖမ်းဆီး‌ထောင်ချခြင်းခံရပြီး ပြန်လည်လွတ်‌မြောက်လာပြီး‌နောက် အဖွဲ့အစည်း တွင် ပြန်လည်အမှုထမ်းသူ ၁၇ဦးကိုလည်း ဂုဏ်ပြုခဲ့သလို အခမ်းအနားတက်‌ရောက်လာသည့် ကိုယ်လက်အဂင်္ါမသန်စွမ်းဖြစ် သွားခဲ့ကြသည့် ရဲ‌ဘော် ၃ဝဦး‌ကျော်ကိုလည်း ဂုဏ်ပြုလက်‌ဆောင်များ ‌ပေးအပ်ခဲ့ကြသည်။

ကရင်‌တော်လှန်‌ရေး ကာလတစ်‌လျှောက် အမှုထမ်းခဲ့သူများကို ၁၉၉၂ခုနှစ်မှစတင်ကာ ‌တော်လှန်‌ရေး သက်တမ်းအလိုက် ၂၅ နှစ်ပြည့်၊ နှစ် ၆ဝပြည့်၊ နှစ် ၅ဝပြည့် စသည်ဖြင့် ‌ကေအဲန်ယူက ဂုဏ်ပြုချီးမြှင့်‌လေ့ရှိပြီး ယခုအကြိမ်မှာ တတိယအကြိမ်‌မြောက် ဖြစ်သည်။