Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် အပြန်အလှန်‌ဆွေး‌နွေးပွဲ PSDP ပြုလုပ်

ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် အပြန်အလှန်‌ဆွေး‌နွေးပွဲ PSDP ပြုလုပ်

2054

‌ဖေ‌ဖော်ဝါရီ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

တိုင်းရင်းသားများနှင့် အစိုးရတို့အကြား လက်ရှိ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် အမြင်ဖလှယ် အပြန်အလှန် ‌ဆွေး‌နွေးပွဲတစ်ရပ်ကို ဖလုံစ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) ဖားအံမြို့နယ်၊ အမျိုးသမီးတာဝန်ခံက ဦးစီးပြီး ‌ဖေ‌ဖော်ဝါရီ ၂၆ရက် မှ ၂၇ရက်‌နေ့အထိ ဖားအံမြို့ ခွဲက‌ဘောင်ဂါးဒင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။

လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ပြည်သူလူထုပါဝင်ရန် လိုအပ်သည့်အတွက် ယင်းအ‌ပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် စိတ် ဝင်စားသည့် လူထုတို ့အပြန်အလှန် အမြင်ဖလှယ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု ‌ဆွေး‌နွေးပွဲ ဦး‌ဆောင်စီစဉ်သူ PSDP ဖားအံမြို့နယ် အမျိုးသမီးတာဝန်ခံ နန်းစန်းစန်းဝင်းက ယခုလို ‌ပြောသည်။

“အဓိက‌တော့ Advocacy လုပ်တာ၊ ငြိမ်းချမ်း‌ရေးလုပ်တာ အများနဲ့သက်ဆိုက်တဲ့အတွက် ဒီကိစ္စကို အများနဲ့ ပူး‌ပေါင်းပါဝင်ရ မယ်။ လက်နက်ကိုင်အဖွဲ့နှစ်ဖက်ကပဲ လုပ်လို့မရဘူး။ ပြည်သူ‌တွေပါဖို့ အဓိက ပြည်သူအားလုံးလိုချင်လို့ NCA အဖွဲ့‌ပေါင်းစုံမပါဘဲ လက်မှတ်ထိုးလိုက်တယ်။ အားလုံးမပါတဲ့အတွက် အပြင်မှာက အသံအမျိုးမျိုး ထွက်တယ်။ အဲဒီ‌တော့ ပြည်သူ‌တွေကို ပညာ‌ပေး ဖို့ လိုလာတယ်။ ဒီအတွက် အခုလို‌ဆွေး‌နွေးကို စီစဉ်ပြုလုပ်တာ ဖြစ်တယ်”ဟု နန်းစန်းစန်းဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ရက်တာ ပြုလုပ်ခဲ့သည့် ‌ဆွေး‌နွေးပွဲသို့ ဖားအံမြို့ခံ နိုင်ငံ‌ရေးပါတီများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများနှင့် ငြိမ်းချမ်း‌ရေးစိတ်ဝင်စားသူ ‌ဒေသခံတို့ အပါအဝင် စုစု‌ပေါင်း ၃ဝဦးခန့်တက်‌ရောက်ကာ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်၊ ဥပ‌ဒေနှင့် နည်း ဥပ‌ဒေများ၊ ဖယ်ဒရယ်မူဝါဒများ စသည့်အ‌ကြောင်းအရာများကို ယခင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) နိုင်ငံခြား‌ရေး ဌာန တာဝန်ခံဖြစ်ခဲ့သူ ‌ဒေါက်တာမာတာ အပါအဝင် ဦး‌ဆောင်‌ဆွေး‌နွေးခဲ့‌ကြောင်း စီစဉ်သူများက ‌ပြောသည်။

ထို‌ဆွေး‌နွေးပွဲတွင် တက်‌ရောက်သည့် နန်းမြင့်‌အေးက “ကျမတို့က ဗဟုသုတ လာယူတာပါ၊ ဘာဖြစ်လဲဆို‌တော့ ကျမတို့အနီးအ နားမှာ ‌နေထိုင်တဲ့ပြည်သူ‌တွေက ငြိမ်းချမ်း‌ရေး အဲဒါပဲ ‌ပြောတယ်။ ဘယ်လိုငြိမ်းချမ်း‌အောင် ‌နေရမလဲဆိုတာ မသိကြဘူး။ ကျမ ဒီမှာ တက်‌ရောက်ခြင်းအားဖြင့် ပစ်ခတ်မှု‌တွေ ချုပ်ငြိမ်းဖို့ ဘယ်လိုလုပ်ရလဲ။ ‌နောက်ပြီး ဘယ်တုန်းက လက်မှတ်ထိုးလိုက်လဲ ဘယ်သူ‌တွေပါလဲ အဲဒါ‌တွေ သိရတာ‌ပေါ့’’ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ဇန်နဝါရီ၊ ၁၂ရက်‌နေ့တွင် ဖားအံမြို့၌ ‌ကေအဲန်ယူနှင့် အစိုးရတို့အကြား ပြည်နယ်အဆင့် အပစ်ရပ်ပြီး‌နောက် ပိုင်း ‌ဒေသတွင်းအ‌ခြေစိုက် အလွှာစုံ၊ လူမှုအဖွဲ့အစည်းများက ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် အမြင်ဖလှယ်‌ဆွေး‌နွေးမှုများ မကြာ ခဏ ပြုလုပ်လာ‌ကြောင်း သိရသည်။