Home သတင်း ‌ပေါင်းစည်း‌ရေးအတွက် ကရင်နိုင်ငံ‌ရေးပါတီများ မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်း‌ဆွေး‌နွေး

‌ပေါင်းစည်း‌ရေးအတွက် ကရင်နိုင်ငံ‌ရေးပါတီများ မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်း‌ဆွေး‌နွေး

2043
‌ဖေ‌ဖော်ဝါရီ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား

ကရင်နိုင်ငံ‌ရေးပါတီများ ‌ပေါင်းစည်းနိုင်‌ရေးအတွက် မူဝါဒပိုင်းဆိုင်ကိစ္စများ ညှိနှိုင်း‌ဆွေး‌နွေးလျှက်ရှိသည်ဟု ‌ဖေ‌ဖော်ဝါရီ ၂၇ ရက်‌နေ့၊ ကရင်ပြည်နယ် ဖားအံမြို့ Peace Hotel တွင် ပြုလုပ်သည့် ကရင်နိုင်ငံ‌ရေးပါတီများ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ ပထမ‌နေ့ သတင်းစာရှင်းလင်းပွဲတွင် ပါတီ‌ခေါင်း‌ဆောင်များက ‌ပြောကြားလိုက်သည်။

အဆိုပါ ‌ဆွေး‌နွေးပွဲတွင် မတူကွဲပြားမှုများရှိသည့် ပါတီတစ်ခုချင်းစီ၏ နိုင်ငံ‌ရေးမူဝါဒများကို ‌ဆွေး‌နွေးတင်ပြကြရာ၌ မတူညီမှုများ ကို ‌ဘေးဖယ်ပြီး ပါတီတစ်ခုတည်း ‌ပေါင်းစည်းနိုင်သည့်အထိ ဆက်လက် ‌ဆွေး‌နွေးသွားမည်ဟု ယ‌နေ့ည‌နေက ပြုလုပ်‌သော သတင်းစာရှင်းလင်းပွဲတွင် ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ‌စောထွန်း‌အောင်မြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီ‌နေ့ကျ‌နော်တို့ ‌ဆွေး‌နွေးရတဲ့ အတိုင်းအတာမှာ စကတည်းက သူ့မူနဲ့ သူ့ဝါဒကဏ္ဍ‌တွေမှာ‌တော့ ညှိရတာ‌ပေါ့‌နော်။ တူတဲ့အ ချက်‌တွေကို ‌ပေါင်းလုပ်မယ်။ မတူတာ‌တွေ ‌ဘေးဖယ်မယ်။ တဖြည်းဖြည်း ‌ဆွေး‌နွေးသွားမယ့်မူနဲ့ ကျ‌နော်တို့ သွား‌နေတာ‌ပေါ့။ အ‌ကောင်းမြင်ဝါဒနဲ့ ‌ရှေ့ဆက်ပြီး‌တော့ ‌လျှောက်လှမ်း‌နေတာဖြစ်ပါတယ်”ဟု ‌စောထွန်း‌အောင်မြင့်က ‌ပြောဆိုသည်။

ကရင်နိုင်ငံ‌ရေးပါတီ ငါးခုအနက် သုံးပါတီမှာ ဖက်ဒရယ်ဒီမိုက‌ရေစီမဟာမိတ်အဖွဲ့(FDA)တွင် ပါဝင်ပြီး ကျန်နှစ်ပါတီမှာ ညီညွှတ် ‌သော တိုင်းရင်းသားမဟာမိတ်အဖွဲ့(UNA)တွင် တစ်ပါတီနှင့် ညီ‌နောင်တိုင်းရင်းသားပါတီများ ဖက်ဒ‌ရေးရှင်း (NBF)တွင် တစ်ပါတီ ပါဝင်ခဲ့ကြကာ မူဝါဒများလည်း ကွဲပြားကြသည့်အတွက် ဆက်လက် ‌ဆွေး‌နွေးရမည်ဟု ၎င်းက ဆက်‌ပြောသည်။

အမျိုးသား‌ရေးကို စည်းလုံးညီညွှတ်စွာ အလုပ်လုပ်နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် ထိုပါတီ‌ပေါင်းစည်း‌ရေးအတွက် ယင်းပါတီအသီး သီးက ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ၌ တင်ပြကြရာတွင် နိုင်ငံ‌ရေးမူဝါဒပိုင်းဆိုင်ရာ ကိစ္စများအပြင် နိုင်ငံ‌ရေးနှင့်မသက်ဆိုင်သည့် လူမှု‌ရေး၊ စီးပွား‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ ယဉ်‌ကျေးမှုကဏ္ဍများ အပါအဝင် အချက်‌ပေါင်း ၃၀‌ကျော် ရှိသည်ဟု သိရသည်။

ကရင်အမျိုးသားပါတီ(KNP)၏ အတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက “ငါးပါတီ ‌ပေါင်းစည်းကြတဲ့အခါမှာ မူမရှိဘဲ ‌ပေါင်းလို့ မရဘူး။ မူ ကို ‌သေချာမချဘဲ‌ပေါင်းရင် ပါတီ‌တွေ ပြန်ပြီးကွဲတာ ပိုဆိုးတယ်။ အဲလိုမဖြစ်ချင်လို့ ကျ‌နော်တို့ စပြီး ‌ပေါင်းဖို့လုပ်တဲ့အခါ ဒါကို ပထမအကြိမ်မှာ ‌ပြောပြီးပြီ။ ဒုတိယအကြိမ်မှာ စာတမ်း‌တွေ တင်ကြတယ်။ ဒီတတိယအကြိမ်‌တော့ ဒီပါတီမူဝါဒ‌တွေ တင်ပြ‌ဆွေး ‌နွေးကြတာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဆွေး‌နွေးပွဲတွင် KNP က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်‌ရေး၊ အမျိုးသားပြည်နယ်များဖြင့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်‌ထောင်စုတည် ‌ဆောက်‌ရေး၊ မည်သည့်ပါတီအဖွဲ့အစည်းကြီးများ၏ ဩဇာလွှမ်းမိုးမှုမှ မခံယူ‌ရေး၊ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်‌ထောင်စု ‌ပေါ် ထွန်း‌ရေးအတွက် ရည်မှန်းချက်တူ မဟာမိတ်ပါတီများနှင့် လက်တွဲသွား‌ရေး၊ ကရင်တစ်မျိုးသားလုံး လွှမ်းခြုံသည့် ညီညွှတ်မှု တည်‌ဆောက်‌ရေး အပါအဝင် အချက် ၇ချက်ကိုလည်း တင်ပြခဲ့ကြသည်။

ကရင်နိုင်ငံ‌ရေးပါတီ ၅ပါတီ ‌ပေါင်းစည်း‌ရေးကို ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလက ပထမအကြိမ် ‌ဆွေး‌နွေးပွဲတွင် မူအရ သ‌ဘောတူခဲ့ပြီး ၂၀၁၆ခုနှစ် ဇန်နဝါရီ ၂၆ရက်‌နေ့၊ ဒုတိယအကြိမ်တွင် ‌ပေါင်းစည်း‌ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို တနှစ်အတွင်း လုပ် ‌ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြ‌ကြောင်း သိရသည်။

ယ‌နေ့ စတင်သည့် ကရင်နိုင်ငံ‌ရေးပါတီများ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ပါတီထိပ်ပိုင်း‌ခေါင်း‌ဆောင်များ၊ ကိုယ်စားလှယ်များနှင့် ‌လေ့ လာသူများ စုစု‌ပေါင်း ၃၀‌ကျော် တက်‌ရောက်ခဲ့ကြပြီး ‌ဆွေး‌နွေးပွဲကို ‌နောက်တစ်ရက် ‌နေ့ဝက်အထိ ဆက်လက် ‌ဆွေး‌နွေးသွားကြ မည် ဖြစ်သည်။

လက်ရှိ ကရင်နိုင်ငံ‌ရေးပါတီများ ၅ခုမှာ ကရင်ပြည်နယ် အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)၊ ကရင်ဒီမိုကရက် တစ်ပါတီ(KDP)၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့်ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (KSDDP)နှင့် ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)နှင့် ကရင်အမျိုးသားပါတီ(KNP)တို့ ဖြစ်ကြသည်။