Home သတင်း ‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာနမှ သုံးနှစ်အတွင်း ‌ကျေးရွာပိုင် ဘုံသစ်‌တော ၆၈ ခု သတ်မှတ်အတည်ပြု

‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာနမှ သုံးနှစ်အတွင်း ‌ကျေးရွာပိုင် ဘုံသစ်‌တော ၆၈ ခု သတ်မှတ်အတည်ပြု

1746

‌ဖေ‌ဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

သစ်‌တောထိန်းသိမ်း‌ရေးအတွက် ရည်ရွယ်၍ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ဗဟို သစ်‌တောဌာနမှ သုံးနှစ်အတွင်း ‌ကျေးရွာပိုင် ဘုံသစ်‌တော ၆၈ ခုကို သတ်မှတ်အတည်ပြုခဲ့သည်ဟု ‌ကေအဲန်ယူ ဗဟို သစ်‌တောဌာန တာဝန်ခံ ပဒိုမန်းဘထွန်းက ‌ဖေ‌ဖော်ဝါရီ ၁၅ရက်‌နေ့တွင် ‌ပြောဆိုသည်။

‌ကေအဲန်ယူ သထုံခရိုင်၊ ဖားအံမြို့နယ် လာခဲ့‌ခေါ်(အလယ်)‌ကျေးရွာ ဘုန်းကြီး‌ကျောင်း၌ ‌ဖေ‌ဖော်ဝါရီ ၁၅ရက်မှ ၁၈ရက်‌နေ့အထိ ကျင်းပသွားမည့် (၁၅)ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်‌နောက်ပိုင်း ဗဟို သစ်‌တောဌာန၏ သုံးကြိမ်‌မြောက် နှစ်ကုန်အစည်းအ‌ဝေး ပထမ‌နေ့တွင် ပဒို မန်းဘထွန်းက ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပဒို မန်းဘထွန်းက “‌ကျေးရွာပိုင် ဘုံသစ်‌တောဆိုတာက Community Forest ‌ပေါ့‌နော်။ ‌ဝေါဟာရက အသစ်လို ဖြစ်‌နေ‌ပေမယ့် ကရင်လူထု‌တွေအတွက် အသစ်မဟုတ်ဘူး။ ဟိုး‌ရှေး‌ရှေးတုန်းက ကရင်‌တွေဟာ ဘယ်‌နေရာမှာ ‌တောင်ယာခုတ်လို့ ရမယ်၊ ဘယ်‌နေရာမှာ အတူတကွသုံးမယ်ဆိုတာ ရှိပြီးသားပါ။ ‌ကျေးရွာပိုင် ဘုံသစ်‌တော ဖြစ်ဖို့က‌တော့ လူထု‌တွေကို ကျ‌နော်တို့ လမ်းညွှန်မှု‌ပေးတယ်။ သူတို့ကလည်း ‌ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ ဗဟို စတဲ့ အဆင့်ဆင့်နဲ့ ကျ‌နော်တို့ဆီကို တင်ပြလာတယ်။ ဒါကို ကျ‌နော်တို့က အတည်ပြု‌ပေးတယ်”ဟု ‌ပြောသည်။

‌ကေအဲန်ယူ၏ ၁၅ကြိမ်‌မြောက် ကွန်ဂရက်‌နောက်ပိုင်း သုံးနှစ်အတွင်း ‌ကေအဲန်ယူ ခရိုင် ၇ခုဖြစ်သည့် သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်-ထားဝယ်၊ ဖာပွန်၊ ဒူးပလာယာနှင့် ဖားအံ စသည့် ခရိုင်တို့တွင် ဧက‌ပေါင်း ၇ ‌သောင်းနီးပါးရှိ‌သော ‌ကျေးရွာပိုင် ဘုံသစ်‌တော ၆၈ ခုကို ‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာနက အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ၎င်းအတည်ပြုထားသည့်အနက် ၂၀၁၅ ခုနှစ်အတွင်းတွင် (၁၄)ခု ရှိသည်ဟု သိရသည်။

ထို့အပြင် ‌ဒေသဆိုင်ရာ ကရင်လူထုများအ‌နေဖြင့် ‌ကျေးရွာပိုင် ဘုံသစ်‌တောအတွက် ဆက်လက်‌လျှောက်တင်မှု များ ရှိ‌နေ‌ကြောင်းနှင့် အတည်ပြု‌ပေးနိုင်ရန် လတ်တ‌လော စိစစ်မှုများ ပြုလုပ်‌နေ‌ကြောင်း ‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာနက ဆိုသည်။
IMG_4080
ယခု ပြုလုပ်‌သော နှစ်ကုန်အစည်းအ‌ဝေးတွင် ‌ကေအဲန်ယူ သစ်‌တောဌာနမှ ဗဟိုအဆင့် အပါအဝင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ‌ကျေးရွာအုပ်စုအဆင့် စသည့် သစ်‌တောဆိုင်ရာ ‌ခေါင်း‌ဆောင်များ၊ ကိုယ်စားလှယ်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်များ စုစု‌ပေါင်း ၁၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အစည်းအ‌ဝေး တက်‌ရောက်သည့် ‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာန၏ စီမံခန့်ခွဲ‌ရေး ဌာနခွဲတာဝန်ခံ မန်းမြင့်ထွန်းက “ဒီတစ်ကြိမ် ကျ‌နော်တို့ နှစ်ကုန်အစည်းအ‌ဝေးက သစ်‌တောဆိုင်ရာက လူ‌တွေ ‌ကျေးရွာအုပ်စုအထိ တက်‌ရောက်ကြတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ လူထုအ‌ခြေပြုအဖွဲ့ အချို့လည်း တက်‌ရောက်‌ဆွေး‌နွေးကြတယ်။ ဒါ‌တွေဟာ ‌ရှေ့ဆက်အတွက် ‌ကောင်းတယ်”ဟု ‌ပြောဆိုသည်။

(၁၅)ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်‌နောက်ပိုင်း ပြီးခဲ့သည့် နှစ်က ဗဟို သစ်‌တောဌာန၏ နှစ်ကြိမ်‌မြောက် နှစ်ကုန်အစည်းအ‌ဝေးကို ကရင်ပြည်နယ်အတွင်းရှိ ‌ကေအဲန်ယူ ဒူးပလာယာခရိုင်၊ ‌ကော့ကရိတ်မြို့နယ်တွင် ပြုလုပ်ကျင်းပခဲ့‌ကြောင်း သိရသည်။