Home သတင်း အမျိုးသား‌ရေး စာ‌ပေ၊ အနုပညာအသား‌ပေး ‘‌ကောက်သစ်ဦး’မဂ္ဂဇင်း ထုတ်‌ဝေ

အမျိုးသား‌ရေး စာ‌ပေ၊ အနုပညာအသား‌ပေး ‘‌ကောက်သစ်ဦး’မဂ္ဂဇင်း ထုတ်‌ဝေ

2664

‌ဖေ‌ဖော်ဝါရီ ၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ပြည်တွင်း ကရင်စာ‌ရေးဆရာများ စု‌ပေါင်း၍ ကရင်စာ‌ပေအနုပညာကို ဦးတည်သည့် အမျိုးသား‌ရေး စာ‌ပေ၊ အနုပညာ အသား ‌ပေး ‘‌ကောက်သစ်ဦး’မဂ္ဂဇင်းကို ဇန်နဝါရီလ ၄ရက်‌နေ့က ‌ကောက်သစ်ဦးစာ‌ပေ အင်အားစုမှ ထုတ်‌ဝေဖြန့်ချိလိုက်သည်။

ယင်းမဂ္ဂဇင်း အယ်ဒီတာတစ်ဦးဖြစ်သူ ‌စော‌ယောင့်သာအဲဆန်က “‌ကောက်သစ်ဦး မဂ္ဂဇင်းထုတ်ဖြစ်တဲ့ ရည်ရွယ်ချက်က ကရင် စာ‌ပေအနုပညာအပိုင်းကို ကျ‌နော်တို့ အဓိက ဦးတည်တယ်။ အမျိုးသား‌ရေးကို စာ‌ပေအနုပညာနဲ့ ပုံ‌ဖော်တာ ဖြစ်တယ်။ ‌နောက် တစ်ခုက ကရင်စာ‌ရေးဆရာ က‌လောင်သစ်‌တွေကိုလည်း ‌မွေးထုတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ထုတ်‌ဝေတာ ဖြစ်တယ်”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

စာမျက်နှာ ၁၀ဝခန့်ပါဝင်သည့် ယင်းမဂ္ဂဇင်းတွင် ပြည်တွင်းပြည်ပ ကရင်ကဗျာဆရာများ ‌ရေးသားထားသည့် ကဗျာ၊ ‌ဆောင်းပါး၊ ဝတ္ထုတိုနှင့် အက်‌ဆေးများ ပါဝင်ကာ အယ်ဒီတာအဖွဲ့အ‌နေဖြင့် တနှစ်လျှင် သုံးကြိမ်ခန့် ထုတ်‌ဝေသွားရန် ရည်ရွယ်ထား‌သော် လည်း စာမူများရရှိရန် အခက်အခဲရှိ‌နေသည်ဟု ယင်းမဂ္ဂဇင်း အယ်ဒီတာအဖွဲ့က ဆိုသည်။

လက်ရှိပြည်တွင်း၌ တိုင်းရင်းသားစာ‌ပေများ အထို်က်အ‌လျောက် ထွက်ရှိလာ‌သော်လည်း ‌ဈေးကွက်အ‌နေအထား၊ ဖြန့်ချိ‌ရေးအ ပိုင်း စသည်တို့တွင်လည်း အခက်အခဲများရှိကာ တိုင်းရင်းသားစာ‌ပေ အထူးပြု စာနယ်ဇင်းအဖွဲ့များ ထားရှိကာ စု‌ပေါင်းလုပကိုင် သွားမည်ဆိုပါက တိုင်းရင်းသားစာ‌ပေများ ဖွံ့ဖြိုးလာမည်ဟု ထင်မြင်‌ကြောင်းလည်း ‌စော‌ယောင့်သာအဲဆန်က ဆက်‌ပြောသည်။

ယခုလို မဂ္ဂဇင်းများထွက်ရှိလာမှုအ‌ပေါ် မြန်မာနိုင်ငံစာနယ်ဇင်း‌ကောင်စီ အဖွဲ့ဝင် ဦးမြင့်‌ကျော်က “လွတ်လွတ်လပ်လပ် ထုတ်‌ဝေ ‌ရေးသားခွင့်က အခု အတိုင်းအတာတစ်ခုထိ ရ‌နေပြီးလို့ ‌ပြောလို့ရတာ‌ပေါ့။ ‌နောက်ပရိဿတ် ဝယ်ယူဖတ်ရှုနိုင်တဲ့ အ‌နေအထား ‌တွေ မြှင့်တက်လာ‌အောင် လုပ်‌ပေးဖို့ လိုတယ်။ တိုင်းရင်းသားစာ‌ပေ‌တွေ ဖွံ့ဖြိုးဖို့၊ ‌ဈေးကွက်နဲ့ ဖြန့်ချိ‌ရေးအပိုင်း ဝင်‌ငွေ‌တွေလည်း လိုအပ်တာ‌ပေါ့။ အဲ့ဒီ‌နေရာမှာ အစိုးရလည်း တစိတ်တပိုင်းတာဝန်ရှိသလို ကိုယ့်လူမှုအဖွဲ့အစည်း‌တွေလည်း တာဝန်ရှိတယ်လို့ ‌ပြောလို့ရတယ်”ဟု ‌ကေအိုင်စီသို့ မှတ်ချက်ပြု‌ပြောသည်။

ပုံမှန်အားဖြင့် ပြည်တွင်း၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ(မဟာရန်ကုန်)မှ နှစ်စဉ် ကရင့်‌ကြေးမုံ မဂ္ဂဇင်းကို ထုတ်‌ဝေ‌နေပြီး ယခု ‌ကောက်သစ်ဦးမဂ္ဂဇင်းမှာ ကရင်စာ‌ရေးဆရာများ သီးခြားထုတ်‌ဝေသည့် မဂ္ဂဇင်းဖြစ်ကာ ကရင် ကဗျာဆရာများ ကဗျာစာအုပ် စု‌ပေါင်းထုတ်‌ဝေခြင်း၊ အမျိုးသား‌ရေး လုပ်ရှားခဲ့သည့် ထင်ရှားသည့် ကရင်‌ခေါင်း‌ဆောင်များ၏ စာအုပ်များ၊ ကရင့်‌တော်လှန်‌ရေးသမိုင်း (ဖူးစ‌ကောလယ်‌တော) စာအုပ်များ အသီးသီး ထွက်ရှိ‌နေသည်ဟု ကရင်စာ‌ပေ အသိုင်း အဝိုင်းမှ သိရသည်။