Home သတင်း အစိုးရအုပ်ချုပ်‌ရေးယန္တရား တိုးချဲ့မှုများ‌ကြောင့် အုပ်ချုပ်‌ရေးပိုင်းဆိုင်ရာ ပြဿနာများ ကြီးထွားလာမည်ကို ‌ကေအဲန်ယူစိုးရိမ်

အစိုးရအုပ်ချုပ်‌ရေးယန္တရား တိုးချဲ့မှုများ‌ကြောင့် အုပ်ချုပ်‌ရေးပိုင်းဆိုင်ရာ ပြဿနာများ ကြီးထွားလာမည်ကို ‌ကေအဲန်ယူစိုးရိမ်

1563

‌ဖေ‌ဖော်ဝါရီ ၂၄ရက်၊၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ဒူးပလာယာခရိုင်၊ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာများတွင် အစိုးရက ၎င်း တို့၏ အုပ်ချုပ်မှုယန္တရားများကို တိုးချဲ့ အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်မှုများရှိလာမှုအ‌ပေါ် နယ်‌မြေအုပ်ချုပ်‌ရေးပိုင်းဆိုင်ရာ ပြဿနာများ ပိုမိုကြီးမားလာမည်ကို စိုးရိမ်‌နေရ‌ကြောင်း ‌ကေအဲန်ယူ‌ကော့ကရိတ်မြို့နယ် တာဝန်ရှိသူများက ယ‌နေ့‌ပြောဆို သည်။

ယခင်က ‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံအတိုင်း အုပ်ချုပ်သည့် ‌ကေအဲန်ယူ‌ကော့ကရိတ်မြို့နယ် ‌ဒေါနအ‌ရှေ့ခြမ်းရှိ စုကလိ၊ ထီးသဲ လယ်၊ ဖလူး၊ ‌မောကဲထိုင်းနှင့် ‌ဒေါန‌နောက်ခြမ်းရှိ ‌ချောင်း‌တောင်၊ လှိုင်ဝ ‌ကျေးရွာများ အပါအဝင် ‌ကျေးရွာ‌ပေါင်း ၃၀‌ကျော်ကို လတ်တ‌လောတွင် အစိုးရဘက်က (၅)ဦးပါ ‌ကော်မတီအုပ်ချုပ်မှုပုံစံဖြင့် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများကို ခန့်အပ်ထားမှုများ ရှိလာ ခြင်း‌ကြောင့် ယခုလို စိုးရိမ်ရခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် ‌ခေါင်း‌ဆောင်တစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက “ကျ‌နော်တို့နယ်‌မြေထဲမှာ ဒီလိုဖြစ်‌နေတာ ‌ကျေးရွာ‌ပေါင်း ၃၀‌ကျော်‌လောက်ရှိတယ်။ ‌နောက်ပြီး ကျ‌နော်တို့ အုပ်ချုပ်မှုပုံစံ နဲ့ အုပ်ချုပ်‌ရေးမှူး‌တွေက ရှိထားပြီးသားဖြစ်တယ်။ အစိုးရ အုပ်ချုပ်မှုပုံစံနဲ့ ကျ‌နော်တို့နဲ့ကလည်း မတူဘူး။ အခု ဒီလိုမျိူး‌တွေ လုပ် လာ‌တော့ ကျ‌နော်တို့နဲ့လူထု‌တွေအပြင် တခြားအဖွဲ့ အစည်း‌တွေနဲ့လည်း ကိုယ့်အချင်းချင်း ပြဿနာပိုဖြစ်လာနိုင်တယ်״ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ ဒူးပလာယာခရိုင် ‌ကော့ကရိတ်မြို့နယ်တွင် ‌ကျေးရွာ အုပ်စု‌ပေါင်း ၁၂အုပ်စုအတွင်း ‌ကျေးရွာ‌ပေါင်း ၁၆၉ရွာကို ‌ကေ အဲန်ယူက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ‌ကျေးရွာများအလိုက် ဖွဲ့စည်းအုပ်ချုပ်မှုပုံစံ အဆင့်ဆင့်ရှိထားပြီးသားဖြစ်‌ကြောင်း အဆိုပါ ‌ခေါင်း‌ဆောင်က ဆက်‌ပြောသည်။

‌ကေအဲန်ယူနှင့် မြန်မာအစိုးရတို့အကြား ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးခဲ့သည့် ၂၀၁၂ခုနှစ်‌နောက်ပိုင်း အစိုးရ ဘက်က ၎င်းတို့၏ အုပ်ချုပ်မှုယန္တရားများ တိုးချဲ့လုပ်‌ဆောင်မှုကို ‌ကေအဲန်ယူ ဒူးပလာယာခရိုင်၊ ‌ကော့ကရိတ်မြို့နယ် တစ်ခု တည်း၌သာမကဘဲ အခြားခရိုင်၊ မြို့နယ်များတွင်လည်း အလားတူ လုပ်‌ဆောင်မှုရှိသည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရ သည်။

‌ကေအဲန်ယူ၏ အုပ်ချုပ်‌ရေးဆိုင်ရာ ဖွဲ့စည်းအုပ်ချုပ်မှုပုံစံအရ အိမ်‌ခြေ ၃၅ဝ ပြည့်မှီလျှင် ‌ကျေးရွာအုပ်စုတစ်ခုအဖြစ် သတ်မှတ်ပြီး ‌ကျေးရွာတစ်ရွာကို ဥက္ကဋ္ဌ၊ အတွင်း‌ရေးမှူး၊ လူမှု‌ရေးတာဝန်ခံ၊ ဘဏ္ဍာ‌ရေးမှူး၊ ‌ကျေးရွာလုံခြုံ‌ရေးတာဝန်ခံ၊ စည်းရုံး‌ရေးတာဝန်ခံ၊ ဆက်သွယ်‌ရေးတာဝန်ခံနှင့် တရားသူကြီးတို့ ပါဝင်သည့် (၈)ဦးပါ ‌ကော်မတီဖြင့် ဖွဲ့စည်းအုပ်ချုပ်သည်ဟု သိရသည်။

အုပ်ချုပ်‌ရေးပိုင်းဆိုင်ရာများအပြင် ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်ပညာ‌ရေးဌာန KED မှဖွင့်လှစ်ထား‌သော စာသင်‌ကျောင်း များနှင့် အစိုးရတွဲဘက်‌ကျောင်းများကို လာမည့်ပညာသင်နှစ်အတွင်း ကူညီ‌ထောက်ပံ့ရန် အစိုးရမှ စာရင်းပြုစုထားခိုင်းမှုများနှင့် အခြားပညာ‌ရေးဆိုင်ရာ ပြဿနာများ ကြုံ‌တွေ့‌နေရ‌ကြောင်း ကရင်ပညာ‌ရေးဌာန KED ကလည်း ‌ပြောဆိုသည်။

KED အတွင်း‌ရေးမှူး ‌စော‌လောအယ်မှူးက “အခုတွဲဖက်‌ကျောင်း‌တွေဆို အစိုးရ‌ကျောင်းဖြစ်သွားတာ မနည်း‌တော့ဘူး။ အစိုးရဝန် ထမ်း ‌ကျောင်းဆရာ၊ ဆရာမ‌တွေ ပို့တယ်။ အဲဒီ ဆရာ၊ဆရာမ‌တွေက လစာစားရတဲ့အပြင် ‌ကျေးရွာလူထုက အစစအရာရာ ကူညီ‌ပေးရမှု မကင်းပြန်ဘူး။ အဲဒီမှာ ကျ‌နော်တို့ KED က ခန့်ထားတဲ့ ဆရာ၊ဆရာမ‌တွေနဲ့ ပြဿနာတက်တာ‌တွေ ရှိတယ်။ ‌နောက်ပြီး အစိုးရ‌ကျောင်းဖြစ်သွားရင် ကရင်စာသင်ကြားရမှု‌တွေက စာသင်ချိန်ပြင်ပဖြစ်သွား‌တော့ အဲဒီဟာ‌တွေကလည်း ပြ ဿနာဖြစ်‌နေတယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရနှင့် ‌ကေအဲန်ယူ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူ စာချုပ်-NCA ကို လက်မှတ်‌ရေးထိုးထားသည့် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာ ၁၅ရက်‌နေ့‌နောက်ပိုင်းတွင် ‌ကေအဲန်ယူ အုပ်ချုပ်မှု နယ်‌မြေများ၌ ယင်းပြဿနာများ ပိုမိုကြုံ‌တွေ့လာရ‌ကြောင်း နယ်‌မြေခံ ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များက ‌ပြောသည်။