Home ဆောင်းပါး အစိုးရသစ်နှင့် ‌ကေအဲန်ယူအကြား ငြိမ်းချမ်း‌ရေးခရီး ဘယ်လိုဆက်သွားမလဲ

အစိုးရသစ်နှင့် ‌ကေအဲန်ယူအကြား ငြိမ်းချမ်း‌ရေးခရီး ဘယ်လိုဆက်သွားမလဲ

1577

‌စောသိန်းမြင့် (‌ဖေ‌ဖော်ဝါရီ ၄ရက်၊ ၂၀၁၆)

၂၀၁၅‌ရွေး‌ကောက်ပွဲကို အနိုင်ရတဲ့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်အများစု ပါဝင်တဲ့ ဒုတိယအကြိမ် ပြည် သူ့လွှတ်‌တော်အစည်းအ‌ဝေးကို ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့က စတင်ကျင်းပ‌နေပြီဖြစ်သလို ဒုတိယအကြိမ် အမျိုးသားလွှတ်‌တော် အစည်းအ‌ဝေးကိုလည်း ‌ဖေ‌ဖော်ဝါရီလ ၃ရက်‌နေ့မှာ စတင်‌နေပြီဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်း‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် အမျိုးသား ရင်ကြား‌စေ့‌ရေးတို့ကို အဓိက ‌ဖော်‌ဆောင်သွားမယ်လို့ အစိုးရသစ်ကို ဦး‌ဆောင်မယ့် NLD ပါတီက ‌ပြောဆိုထားတာ ‌ကြောင့် NLD အ‌နေနဲ့ ယခင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို လုပ်‌ဆောင်ခဲ့တဲ့ ကြံ့ဖွံ့အစိုးရက တာဝန်ရှိသူ‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင် သွားမယ်လို့ ‌ပြောဆို‌နေပါတယ်။

‌ဖေ‌ဖော်ဝါရီ ၃ရက်‌နေ့က အမျိုးသားလွှတ်‌တော်ဥက္ကဋ္ဌဖြစ်လာသူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် NLD ပါတီမှ မန်းဝင်းခိုင်သန်း က “ငြိမ်းချမ်း‌ရေးရရှိဖို့၊ တရားဥပ‌ဒေစိုးမိုးမှု ရရှိဖို့၊ အမျိုးသားရင်ကြား‌စေ့‌ရေးရရှိဖို့ အထူးပဲ လိုအပ်ပါတယ်။ အဲဒီအတွက် ငြိမ်းချမ်း ‌ရေး တရားဥပ‌ဒေစိုးမိုး‌ရေးနဲ့ အမျိုးသားရင်ကြား‌စေ့‌ရေးတို့ကို ‌ဖော်‌ဆောင်‌ပေးမဲ့ တရားဥပ‌ဒေ‌တွေ လိုအပ်မှာဖြစ်ပါတယ်။ ကျ‌နော် တို့ရဲ့ အမျိုးသားလွှတ်‌တော်ကြီးဟာ နိုင်ငံ‌တော်ရဲ့ အာဏာကြီးသုံးသပ်ရဲ့ ဥပ‌ဒေပြု‌ရေးအာဏာ ရရှိထားတဲ့အဖွဲ့ကြီး ဖြစ်တဲ့အား ‌လျော်စွာ ငြိမ်းချမ်း‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေး၊ အမျိုးသား ရင်ကြား‌စေ့‌ရေးတို့အတွက် လိုအပ်တဲ့ ဥပ‌ဒေများကို ‌ရေးဆွဲပြဋ္ဌာန်းဖို့၊ မလိုအပ်တဲ့ ဥပ‌ဒေများကို ပြင်ဆင်ပယ်ဖျက်ဖို့ ‌ဆောင်ရွက်ကြရမှာဖြစ်ပါတယ်״လို့ ဒုတိယအကြိမ် အမျိုးသားလွှတ်‌တော် အစည်း အ‌ဝေးရဲ့ နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်း‌ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုနဲ့ပတ်သက်ပြီး ‌ကေအဲန်ယူရဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး‌စောမူးတူး‌စေးဖိုးက‌တော့ “ကျ‌နော်တို့ ‌ကေ အဲန်ယူအ‌နေနဲ့က‌တော့ ရှင်းပါတယ်။ နိုင်ငံ‌ရေးပဋိပက္ခဖြစ်တဲ့အတွက် နိုင်ငံ‌ရေးနည်းနဲ့ စားပွဲ‌ပေါ်မှာ ကျ‌နော်တို့ဆက်သွားဖို့ပဲ ဖြစ် ပါတယ်။ ‌နောက်တက်လာတဲ့ အစိုးရက‌တော့ သူတို့ရဲ့ ‌ပေါ်လစီ‌တော့ ကျ‌နော်တို့ မသိ‌သေးဘူး။ အဲဒါသူတို့အ‌ပေါ်မှာပဲ တည် တယ်။ ကျ‌နော်တို့က‌တော့ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးကို ဆက်ပြီး‌တော့သွားမယ်။״လို့ ဇန်နဝါရီလ ၃၁ရက်‌နေ့က ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်မဟာ(၇)ဋ္ဌာနချုပ်မှာ ‌ကေအဲန်ယူ ဗဟိုအဆင့် ကျင်းပခဲ့တဲ့ (၆၇)နှစ်‌မြောက် ကရင့်အ မျိုးသား‌တော်လှန်‌ရေး‌နေ့မှာ သတင်း‌ထောက်‌တွေကို ‌ပြောကြားခဲ့ပါတယ်။

‌ကေအဲန်ယူဟာ ယခင် ဦးသိန်းစိန် ဦး‌ဆောင်တဲ့ အစိုးရနဲ့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာ ချုပ် လက်မှတ်‌ရေးထိုးခဲ့ပြီးအဆင့်ထိ သွားနိုင်ခဲ့‌သော်လည်း မကြာမီ တက်လာ‌တော့မယ့် NLD အစိုးရသစ်နဲ့ ဆက်လက် ‌တွေ့ဆုံ ‌ဆွေး‌နွေးသွားနိုင်ဖို့က စိန်‌ခေါ်မှုအချို့ ကြုံ‌တွေ့ရနိုင်တယ်လို့လည်း ‌ဝေဖန်သုံးသပ်သူ‌တွေ ရှိပါတယ်။

လာမယ့် NLD အစိုးရဟာ လုပ်ပိုင်ခွင့်တချို့တဝက်သာရရှိတဲ့ အစိုးရတစ်ခုသာဖြစ်တဲ့အတွက် အပြည့်အဝ ‌မျှော်လင့်၍မရ ‌ကြောင်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး‌စော‌ဘော‌ကျော်ဟဲကလည်း ‌ကေအိုင်စီ(ကရင်သတင်းဌာန)နဲ့ သီးသန့်‌တွေ့ဆုံ‌မေးမြန်းစဉ်မှာ သူ့ရဲ့အမြင်ကို ယခုလို ‌ပြောဆိုလိုက်ပါတယ်။

“စစ်အစိုးရက အနှစ် ၂ဝအတွင်းမှာ စစ်တပ်က‌နေ ‌ကျေးရွာအဆင့်ထိ တ‌သွေး၊ တသံ၊ တမိန့် အစီအစဉ်နဲ့ ကြိုတင်ပြင်ဆင်မှု ‌တွေ လုပ်ထားခဲ့တဲ့အ‌ပေါ်မှာ ‌ဒေါ်‌အောင်ဆန်းစုကြည် အစိုးရက ဘယ်လိုပဲ ပြင်ဆင်မှု‌တွေ လုပ်ချင်‌နေပ‌လေ့‌စေ ရမှာမဟုတ်ဘူး။ ဥပ‌ဒေကို ‌ပြောင်းလဲချင်တိုင်း ‌ပြောင်းလဲလို့မရဘူး။ အခက်အခဲ အများကြီးရှိတယ်။ ကျ‌နော်တို့ အနည်းအကျဉ်း‌လောက်ပဲ ‌မျှော် လင့်လို့ရတယ်״လို့ KNLA ဒုဗိုလ်ချုပ်ကြီး‌စော‌ဘော‌ကျော်ဟဲက ကရင်လို ‌ပြောပါတယ်။

ဒါ့အပြင် ‌ဒေါ်‌အောင်ဆန်းစုကြည်အစိုးရကို စစ်အစိုးရက အခွင့်အ‌ရေး‌ပေးရင်‌တောင်မှ အ‌ပေါ်ယံ ကြည့်‌ကောင်းရုံမျှသာ အခွင့်အ ‌ရေး‌ပေးမှာဖြစ်ပြီး အပြည့်အဝ လုပ်ကိုင်နိုင်တဲ့အဆင့်အထိ ‌ပေးအပ်မှာမဟုတ်‌ကြောင်းလည်း ဒုဗိုလ်ချုပ်ကြီး‌စော‌ဘော‌ကျော်ဟဲ က ဆက်လက် ‌ထောက်ပြ‌ပြောဆိုပါတယ်။

အလားတူပဲ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီကလည်း ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)အ‌နေနဲ့ စစ်အစိုးရ ပဲတက်တက်၊ ဒီမိုက‌ရေစီ အစိုးရပဲတက်တက် မိမိတို့အ‌နေနဲ့ မိမိတို့လူမျိုးရဲ့ အခွင့်အ‌ရေးကို တိုက်ယူသွားရမှာဖြစ်တယ်လို့ (၆၇) နှစ်‌မြောက် ကရင်‌တော်လှန်‌ရေးအခမ်းအနားရဲ့ နိဂုံးချုပ် အမှာစကားထဲမှာ ထည့်သွင်း‌ပြောကြားခဲ့ပါတယ်။
DSC02796
၂၀၁၁ခုနှစ်၊ ဩဂုတ်လ ၁၈ရက်မှာ စစ်တပ်‌နောက်ခံ အရပ်သားအစိုးရဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့‌တွေကို ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အတွက် ကမ်းလှမ်းခဲ့ပါတယ်။ ၂၀၁၂ခုနှစ်အစမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းတို့ အပစ်အခတ် ရပ်စဲ‌ရေး‌တွေကို ပြည်နယ်အဆင့်၊ ပြည်‌ထောင်စုအဆင့် စသည်ဖြင့် အသီးသီး လက်မှတ်‌ရေးထိုးခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲ‌ရေး ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ် ‌လေးနှစ်တာ ကာလအ တွင်း ရလဒ်က NCA တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို ‌ကေအဲန်ယူ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ၂၀၁၅ခု နှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် လက်မှတ်‌ရေးထိုးခဲ့ပါတယ်။

အဲဒီ NCA စာချုပ်ရဲ့ သ‌ဘောတူညီချက်အရ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ရက်က ၁၆ရက်‌နေ့အထိ ပထမအကြိမ် ပြည်‌ထောင်စုငြိမ်းချမ်း ‌ရေးညီလာခံကို ကျင်းပခဲ့ပြီး နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် နိဒါန်းပျိုးထားခဲ့‌ပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး မပါဝင်တဲ့အ‌ပေါ် စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးညီလာခံ မဟုတ်ဆိုတဲ့ ‌ဝေဖန်သံ‌တွေ မျိုးစုံ ထွက်‌ပေါ်လာပါတယ်။

NLD ပါတီဥက္ကဋ္ဌ ‌ဒေါ်‌အောင်ဆန်းစုကြည်က စစ်မှန်တဲ့ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ (သို့မဟုတ်) နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို NLD အစိုးရသစ်လက်ထက်ကျမှသာ ကျင်းပသွားမယ်လို့ ‌ပြောဆိုခဲ့ပါတယ်။ ဒါ‌ကြောင့် NLD အစိုးရသစ်ဖြစ်လာရင် ‌ကေအဲန်ယူ အ‌နေနဲ့ အစိုးရသစ်ကို ဘယ်လိုပူး‌ပေါင်း‌ဆောင်ရွက်သွားမလဲဆိုတာ ကရင်လူထုတင်မကဘဲ တိုင်းရင်းသားပြည်သူ‌တွေအားလုံး ကပါ သိချင်လှတဲ့ ‌မေးခွန်းတစ်ခု ဖြစ်‌နေပါတယ်။

‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ပဒို‌စောကွယ်ထူးဝင်းက “ကျ‌နော်တို့ရဲ့အမျိုးသားအ‌ရေးကို ‌ပြောဆို‌ဆွေး‌နွေးဖို့ ဘယ် အစိုးရအဖွဲ့ပဲဖြစ်ဖြစ် ပူး‌ပေါင်းလုပ်‌ဆောင်မယ်။ ဦးသိန်းစိန်တက်လာလို့ ‌ဆွေး‌နွေးမယ်ဆိုရင် ကျ‌နော်တို့‌ဆွေး‌နွေးမယ်။ NLD ပါတီ တက်လာလည်း ကျ‌နော်တို့ ‌ဆွေး‌နွေးမှာပဲ။ ကျ‌နော်တို့ ပူး‌ပေါင်း‌ဆောင်ရွက်ရမယ်။ မြန်မာပြည် ငြိမ်းချမ်း‌ရေးနဲ့ မြန်မာပြည်‌ရေးရာ ‌တွေအားလုံးဟာ ကျ‌နော်တို့ တိုင်းရင်းသားအားလုံးနဲ့ ဆိုင်ပါတယ်״လို့ ကရင်သတင်းဌာန ‌မေးမြန်းစဉ်က ‌ပြောဆိုခဲ့ပါတယ်။

ကရင်အမျိုးသား‌တော်လှန်‌ရေးသမိုင်းကို ပြန်ကြည့်ရင် လက်နက်ကိုင်‌တော်လှန်‌ရေး စတင်လာခဲ့တာဟာ စစ်ကို မက်‌မောလို့မ ဟုတ်ဘဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူအခွင့်အ‌ရေးကို ‌တောင်းဆိုခဲ့ရာမှာ အုပ်စိုးသူအစိုးရအဆက်ဆက်က မသိကျိုးကျွံပြုကာ အင်အားသုံး အကြမ်းဖက်နှိမ်နင်းမှု‌ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ‌ရွေးချယ်လိုက်ရခြင်းဖြစ်တယ်လို့ ကရင်‌တော်လှန်‌ရေးဖခင် ကြီး‌တွေက ပြန်‌ပြောင်း‌ပြောဆိုခဲ့ကြပါတယ်။

‌ကေအဲန်ယူရဲ့ ‌မျှော်မှန်းချက်ဟာ နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် ‌ဖြေရှင်းဖို့ဆို‌ပေမဲ့ အချို့‌သော ကရင်အမျိုးသား‌ခေါင်း ‌ဆောင်‌တွေက ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်ကို အချိန်မဆိုင်းဘဲ ဆက်လက် လုပ်‌ဆောင်သွားချင်ကြသလို အချို့ကရင် ‌ခေါင်း‌ဆောင်‌တွေကမူ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်း ဖြစ်စဉ်သွားနှုန်းဟာ မြန်ဆန်လွန်းတယ်လို့ ရှုမြင်‌နေကြပါတယ်။

မည်သို့ပင်ဖြစ်‌စေကာမူ မကြာခင် ဖြစ်လာ‌တော့မယ့် ‌ဒေါ်‌အောင်ဆန်းစုကြည် ဦး‌ဆောင်တဲ့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ ဆက်လက် ‌ဖော်‌ဆောင်မယ့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ဟာ ယခင် အစိုးရ လက်ထက်က လမ်း‌ကြောင်းအတိုင်းပဲ ဆက်သွားမလား၊ ဒါမှမဟုတ် စိန်‌ခေါ်မှုများစွာနဲ့ လုပ်ထုံးလုပ်နည်း‌တွေ ပိုမို တင်းကြပ်များ ပြားလာဦးမလားဆိုတဲ့ ‌ပြောင်းလဲမှု‌တွေကို “သို့‌လော”များစွာနဲ့ ဆက်လက် ရှုစားသွားရအုံးမှာ ဖြစ်ပါတယ်။