Home သတင်း အင်ဒိုနီးရှား ငြိမ်းချမ်း‌ရေးဖြစ်စဉ် ကရင်လက်နက်ကိုင်သုံးဖွဲ့ သွား‌ရောက်‌လေ့လာမည်

အင်ဒိုနီးရှား ငြိမ်းချမ်း‌ရေးဖြစ်စဉ် ကရင်လက်နက်ကိုင်သုံးဖွဲ့ သွား‌ရောက်‌လေ့လာမည်

2032

‌ဖေ‌ဖော်ဝါရီ ၁ဝရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသည့် ကရင်လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ ၃ဖွဲ့က ငြိမ်းချမ်း‌ရေး လုပ်ငန်း စဉ်အ‌ထောက်အကူပြု‌ရေးအတွက် ‌ဖေ‌ဖော်ဝါရီ ၁၃ရက်‌နေ့တွင် အင်ဒိုနီးရှား ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို သွား‌လေ့လာမည်ဟု ကရင် အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ၊ နိုင်ငံခြား‌ရေး ဌာနတာဝန်ခံ ပဒို‌စော‌အောင်ဝင်း‌ရွှေက ‌ကေအိုင်စီသို့ ယ‌နေ့‌ပြောသည်။

အဆိုပါ ခရီးစဉ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော် (DKBA )၊ KNU/KNLA(PC) တို ့မှ စုစု‌ပေါင်းကိုယ်စားလှယ် (၁၅)ဦး လိုက်ပါသွားမည်ဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံ၊ အာ‌ချေးပြည်နယ် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင် နိုင်ခဲ့မှု အ‌ခြေအ‌နေများကို သွား‌ရောက်‌လေ့လာမည် ဖြစ်သည်။

ခရီးစဉ်နှင့်ပတ်သက်၍ KNU နိုင်ငံခြား‌ရေးဌာန တာဝန်ခံ ပဒို‌စော‌အောင်ဝင်း‌ရွှေက “အဓိကက‌တော့ သူတို့ရဲ့ ပြုပြင်‌ပြောင်းလဲ ‌ရေး လုပ်တဲ့ကိစ္စ‌တွေ၊ ပဋိပက္ခ‌တွေကို ဘယ်လို‌ဖြေရှင်းကြလဲ၊ ငြိမ်းချမ်း‌ရေးကို သူတို့ ဘယ်လိုတည်‌ဆောက်ကြလဲ အဲဒါ‌တွေကို ‌လေ့လာဖို့ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

ယင်း‌လေ့လာ‌ရေးခရီးစဉ်တွင် ကရင်လက်နက်ကိုင်အဖွဲ့များက အင်ဒိုနီးရှားအစိုးရ၊ အာ‌ချေးပြည်နယ် လွတ်‌မြောက်‌ရေး ကြိုးပမ်း ခဲ့ကြသူများအပြင် CBO၊ CSO စသည့် လူမှုအဖွဲ့အစည်းများနှင့်လည်း ‌တွေ့ဆုံသွားမည်ဖြစ်‌ကြောင်း ပဒို‌စော‌အောင်ဝင်း‌ရွှေက ဆက်‌ပြောသည်။

‌ဖေ‌ဖော်ဝါရီလ ၁၃ရက်‌နေ့တွင် စတင်မည့် အင်ဒိုနီးရှားခရီးစဉ်ကို ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA စစ် ‌ထောက်ချုပ် ဗိုလ်ချုပ်‌စောအိုင်းဇက်ဖိုးက ဦး‌ဆောင်သွားမည်ဖြစ်ပြီး KNU မှ ၁၁ဦး၊ DKBA၊ KNU/KNLA(PC)တို့မှ ကိုယ်စားလှယ် ၂ဦးစီ ပါဝင်မည်ဖြစ်‌ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၊ အာ‌ချေးပြည်နယ်မှာ ယခင်က အစိုးရနှင့် အာ‌ချေးပြည်နယ်လွတ်‌မြောက်‌ရေး လှုပ်ရှားမှုဟု‌ခေါ်သည့် အာ‌ချေး ခွဲထွက် လက်နက်ကိုင်အဖွဲ့တို့အကြား နှစ်‌ပေါင်း ၃၀‌ကျော်ကြာ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး‌နောက် ခွဲထွက်‌ရေးလှုပ်ရှားမှုကို အဆုံး သတ်ရန် အင်ဒိုနီးရှားအစိုးရက ၂၀၀၁ခုနှစ်တွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်‌ပေးကာ ပဋိပက္ခ ‌ပြေလည်မှု ရရှိခဲ့‌ကြောင်း သိရသည်။