Home သတင်း ဘန်း‌ချောင်း‌ကျောက်မီး‌သွေးတွင်း East Star တနှစ်ဆက်တူးရန် ‌ကေအဲန်ယူ ခွင့်ပြု

ဘန်း‌ချောင်း‌ကျောက်မီး‌သွေးတွင်း East Star တနှစ်ဆက်တူးရန် ‌ကေအဲန်ယူ ခွင့်ပြု

1872

‌ဖေ‌ဖော်ဝါရီ ၉ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ထိုင်းနိုင်ငံအ‌ခြေစိုက် East Star ကုမ္ပဏီကို တနသင်္ာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘန်း‌ချောင်း‌ကျေးရွာရှိ ဘန်း‌ချောင်း ‌ကျောက်မီး‌သွေးတွင်း တနှစ် ထပ်မံ တူး‌ဖော်သွားရန် ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူက ‌ဖေ‌ဖော်ဝါရီ ၈ရက်‌နေ့က ခွင့်ပြုလိုက်‌ကြောင်း ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်၊ အတွင်း‌ရေးမှူး ပဒို‌စောအယ်နာက ‌ကေအိုင်စီသို့ ယ‌နေ့ အတည်ပြု‌ပြော ဆိုသည်။

သူက “ဘန်း‌ချောင်း‌ကျောက်မီး‌သွေးတွင်းကို တနှစ်ဆက်တူးဖို့ မ‌နေ့က ခွင့်ပြုလိုက်တယ်။ ဒါ‌ပေမဲ့ သတ်မှတ်ထားတဲ့ ဧက ၆ဝ အ တွင်းမှာပဲ ‌ကေအဲန်ယူ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့အညီ လုပ်ရမယ်။ စည်းကမ်းချက်က ၁၀‌ကျော် ရှိတယ်။ ဒါကို ကုမ္ပဏီက လည်း သ‌ဘောတူတယ်။ ‌ဒေသခံကလည်း သ‌ဘောတူတယ်။ ဒါ‌ကြောင့် ဆက်လုပ်ခွင့်‌ပေးလိုက်တာ ဖြစ်တယ်”ဟု ‌ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ‌ဖေ‌ဖော်ဝါရီ ၈ရက်‌နေ့တွင် ‌ကျောက်မီး‌သွေးပုံများထားရှိရာ ထားဝယ်မြို့၊ ကွမ်း‌ချောင်းကြီး‌ကျေးရွာ၊ မူလတန်း‌ကျောင်း၌ ‌ကေအဲန်ယူ တာဝန်ရှိသူများ၊ ကွမ်း‌ချောင်းကြီး၊ ‌ကျောက်ထု၊ က‌ထောင်လိနှင့် သပြု‌ချောင်းရွာတို့မှ အုပ်ချုပ် ‌ရေးမှူးများ၊ ‌ဒေသခံရွာသားများနှင့် East Star ကုမ္ပဏီတာဝန်ရှိသူ ထိုင်းနိုင်ငံသားသုံးဦးတို့ အပါအဝင် စုစု‌ပေါင်း ၄၀‌ကျော် တက် ‌ရောက်ခဲ့ကြသည်။

ထို‌နေ့မနက် ၁၁နာရီခွဲမှ မွန်းလွဲ ၂နာရီအထိ ပြုလုပ်သည့် သုံးပွင့်ဆိုင်အစည်းအ‌ဝေးတွင် ‌ဒေသခံများက ‌ကျောက်မီး‌သွေး တူး ‌ဖော်သည့် စွန့်ပစ်‌ရေများကို ‌ချောင်းအတွင်း သွန်ပစ်သဖြင့် ‌သောက်သုံး‌ရေ အခက်အခဲရှိမှု၊ ‌ကျောက်မီး‌သွေးပုံ မီး‌လောင်ပြီး အနံ့ ဆိုးများထွက်သည့်အတွက် ကျန်းမာ‌ရေးထိခိုက်ခြင်း၊ ‌မြေဇာပုံများ‌ကြောင့် စိုက်ပျိုး‌မြေများ ပျက်စီးခြင်း စသည်တို့ကိုလည်း ‌ဆွေး ‌နွေးခဲ့ကြသည်ဟု အစည်းအ‌ဝေး တက်‌ရောက်ခဲ့သူများ၏ ‌ပြောပြချက်အရ သိရသည်။

ထို့အပြင် အစည်းအ‌ဝေးတွင် လတ်တ‌လော ဖြစ်‌ပေါ်လာမည့် ပြဿနာများကို သုံးပွင့်ဆိုင် ‌ဆွေး‌နွေးသွားရန် ‌တောင်းဆို‌သော် လည်း ကုမ္ပဏီတာဝန်ရှိသူများက အ‌လေးထား ‌ဆွေး‌နွေးခဲ့ခြင်း မရှိ‌ကြောင်း ဘန်း‌ချောင်း‌ဒေသခံ ‌စောတင်ဝင်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“မ‌နေ့က အစည်းအ‌ဝေးမှာ အရင်ကဖြစ်တာ မ‌ပြောနဲ့‌တော့၊ စည်းကမ်းအသစ်‌တွေနဲ့လုပ်မယ်။ ဖြစ်လာတာ အားလုံး ‌ကေအဲန်ယူ နဲ့ ကုမ္ပဏီက တာဝန်ယူ‌ဖြေရှင်း‌ပေးမယ် ‌ပြောတယ်။ ‌ဒေသဖွံ့ဖြိုး‌ရေးအတွက် ဖြစ်တယ်လို့‌ပြော‌တော့ ရွာသား‌တွေ လက်ခံရတာ ‌ပေါ့။ ကျ‌နော်တို့က ခွင့်ပြုချက်မရှိဘဲ ဆက်တူး‌နေတာကို ဗဟိုကိုတိုင်‌တော့ ခရိုင်ကိစ္စ၊ ခရိုင်မှာပဲ ရှင်းမယ်။ ဗဟိုနဲ့ မဆိုင်ဘူးလို့ ပဒို‌စောသူရဲက ‌ပြောတယ်။ တနှစ်လာလည်း စည်းကမ်းအသစ်နဲ့ လုပ်မယ်‌ပြောပြီး ဒီအတိုင်းပဲ။ အခု‌တော့ ‌စောင့်ကြည့်ရတာ ‌ပေါ့”ဟု ‌စောတင်ဝင်းက ‌ပြောသည်။

ဘန်း‌ချောင်း၌ ‌ကျောက်မီး‌သွေးတူး‌ဖော်ခြင်းလုပ်ငန်းကို မြန်မာ‌မေဖလားဝါးကုမ္ပဏီက လုပ်ခွင့်ရရှိထားသလို East Star ကုမ္ပဏီ ကိုလည်း လုပ်ခွင့်‌ပေးထားပြီး ယင်းကုမ္ပဏီက ဘန်း‌ချောင်း‌ဒေသကို ထိန်းချုပ်ထားသည့် ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်၏ ခွင့် ပြုချက်ဖြင့် ၂၀၁၂ခုနှစ်ဦးပိုင်းက ကွမ်း‌ချောင်းကြီးရွာရှိ ‌မြေဧက ၆ဝကို ဟင်းလင်းပွင့် တူး‌ဖော်‌နေခဲ့‌ကြောင်း သိရသည်။

အဆိုပါ ‌ကျောက်မီး‌သွေးလုပ်ငန်းကို လုပ်ကိုင်‌နေသည့် ကုမ္ပဏီများအ‌နေဖြင့် ‌နွေရာသီတွင် တစ်ရက်လျှင် ‌ကျောက်မီး‌သွေးတန် ချိန် ၄၇၆တန်ကို ထိုင်းနယ်စပ်သို့ တင်ပို့‌နေသည်ဟု ၂၀၁၅ခု နှစ်ကုန်ပိုင်းတွင် ထားဝယ်လူမှုအဖွဲ့အစည်းများထုတ်ပြန်သည့် ဘန်း‌ချောင်း‌ကျောက်မီး‌သွေးတွင်း အစီရင်ခံစာ၌ ‌ဖော်ပြထားသည်။