Home သတင်း ဖားအံမြို့ရှိ လိုင်စင်မဲ့ယာဉ်များ စတင်ဖမ်းဆီးသည့်‌နေ့တွင် ဖမ်းဆီးမှုနည်း‌နေ‌သေး

ဖားအံမြို့ရှိ လိုင်စင်မဲ့ယာဉ်များ စတင်ဖမ်းဆီးသည့်‌နေ့တွင် ဖမ်းဆီးမှုနည်း‌နေ‌သေး

1642

‌ဖေ‌ဖော်ဝါရီ ၂ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့၌ သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြိုတင်‌ပြောဆိုထားသည့်အတိုင်း လိုင်စင်မဲ့ယာဉ်များကို ယ‌နေ့ ‌ဖေ ‌ဖော်ဝါရီ ၂ရက်‌နေ့မှစ၍ စတင်ဖမ်းဆီးမှုများ ပြုလုပ်‌သော်လည်း စည်းကမ်းမဲ့ယာဉ် အနည်းကျဉ်းကိုသာ ဖမ်းဆီးမှုရှိခဲ့သည်ဟု ဖားအံမြို့ခံများက ‌ပြောသည်။

ယ‌နေ့ နံနက် ၈နာရီဝန်းကျင်မှ ည‌နေ ၆နာရီအထိ ဖားအံမြို့တွင် ‌နေရာလိုက် အချိန်ပိုင်းဖြင့် ယာဉ်ဖမ်းဆီးမှုပြုလုပ်ရာ၌ ဆိုင် ကယ်စီးကာ ဆိုင်ကယ်ဦးထုပ် မ‌ဆောင်းသူများနှင့် ဆိုင်ကယ်‌နောက်ကြည့်(ဘက်ခ်)မှန် မတပ်ဆင်ထားသူများကိုသာ ဖမ်းဆီး စစ်‌ဆေးမှုများ ရှိခဲ့သည်။

ကိုယ်တိုင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးသူ တာဝန်ရှိ ရဲမှူးတစ်ဦးက “ဒီမနက်က ဖမ်းဆီးရမိတာ‌တွေက‌တော့ ဆိုင်ကယ်ဦးထုပ်မပါတဲ့ ဆိုင်ကယ်၊ ပြီး‌တော့ ဘက်ခ်မှန် မပါတဲ့ ဆိုင်ကယ်နဲ့ လမ်း‌ပြောင်းပြန်‌မောင်းတဲ့ ဆိုင်ကယ်‌တွေပါပဲ။ without (လိုင်စင်မဲ့)ကား‌တွေ က‌တော့ ဖမ်းမှာသိလို့ မြို့တွင်းမှာ ဝင်လာတာ မ‌တွေ့‌သေးဘူး။ ကျ‌နော်တို့က တစ်‌နေရာဆီမှာ အချိန်ပိုင်း ဖမ်းမှာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံမြို့တွင် အမှတ်(၉)ရပ်ကွက်ရှိ လမ်းခွ၊ နာရီစင်၊ မြို့မ‌ဈေးကြီး၊ မဲ‌ဘောင်၊ သံလွင်တံတား စသည့်‌နေရာများတွင် ယင်းသို့ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး ထိုသို့ ဖမ်းဆီးရာ၌ ယ‌နေ့ နံနက်ပိုင်း ဖားအံမြို့ အမှတ်(၉)ရပ်ကွက် လမ်းခွတွင် ဆိုင်ကယ်အစီး‌ရေ ၂၀‌ကျော် ဖမ်းဆီးမိပြီး အဆိုပါဆိုင်ကယ်များအတွက် ပိုင်ရှင်များက ဒဏ်‌ငွေကျပ် သုံး‌သောင်း ‌ပေး‌ဆောင်ရမည်ဟု တာဝန်ကျသူ ရဲများ၏ ‌ပြောဆိုချက်အရ သိရသည်။

ဖားအံမြို့ခံတစ်ဦးဖြစ်သူ နန်း‌ချော့ကလက်က “ဖမ်းမယ်လို့ ‌ပြောတယ်၊ လိုင်စင်မဲ့ကား‌တွေ သွားလာတာပဲ။ ဦးထုပ်မ‌ဆောင်းတဲ့ ဆိုင်ကယ်‌တွေ သွားလာတာ ‌တွေ့‌နေတာပဲ။ ဖမ်းရင် အမြဲတမ်းဖမ်း‌ပေါ့။ ဒါ‌ပေမယ့် အရင်ကထက်စာရင် ကား‌တွေက‌တော့ ‌တော် ‌တော်ရှင်းတယ်။ မြဝတီသွားတဲ့ကား‌တွေက‌တော့ နည်းလာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်လ ဇန်နဝါရီ ၁၃ရက်‌နေ့က ‌ကော့ကရိတ်မြို့နယ် ဦးစီးဌာနများ စု‌ပေါင်းရုံးခန်းမ၌ လိုင်စင်မဲ့ကားများ အ‌ရေးယူမှု လုပ်ငန်းစဉ်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်‌သော အသိပညာ‌ပေး လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအ‌ဝေးတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦး‌နေမိုးက ‌ဖေ‌ဖော်ဝါရီ လဆန်းပိုင်းမှစ၍ ကရင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ ‌မော်‌တော်ယာဉ်များကို စတင်ဖမ်းဆီး အ‌ရေးယူမည်ဟု ‌ပြောဆိုခဲ့သည်။