Home သတင်း ပူး‌ပေါင်းချိတ်ဆက်မှု အား‌ကောင်းရန် ဧရာဝတီတိုင်း‌ဒေသကြီး ကရင်လူငယ်များ ပထမဆုံးအကြိမ် ‌တွေ့ဆုံ

ပူး‌ပေါင်းချိတ်ဆက်မှု အား‌ကောင်းရန် ဧရာဝတီတိုင်း‌ဒေသကြီး ကရင်လူငယ်များ ပထမဆုံးအကြိမ် ‌တွေ့ဆုံ

1881

‌ဖေ‌ဖော်ဝါရီ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်လူငယ်များ ပူး‌ပေါင်းချိတ်ဆက်မှု အား‌ကောင်းလာရန် ရည်ရွယ်၍ ဧရာဝတီတိုင်း‌ဒေသကြီး ကရင်လူငယ် အဖွဲ့များ စု‌ပေါင်းကာ ပထမဆုံးအကြိမ် ‌တွေ့ဆုံပွဲတစ်ခုကို ဧရာဝတီတိုင်း‌ဒေသကြီး ဟသာင်္တခရိုင် ကျုံ‌ပျော် မြို့နယ် ကံစု‌ကျေးရွာတွင် ‌ဖေ‌ဖော်ဝါရီ ၂၆ ရက်မှ ၂၇ရက်‌နေ့အထိ နှစ်ရက်ကြာ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ ‌တွေ့ဆုံပွဲကို ဧရာဝတီတိုင်း‌ဒေသကြီးရှိ ခရိုင်များဖြစ်သည့် ဖျာပုံ၊ လပွတ္တာ၊ ‌မြောင်းမြ၊ မအူပင်၊ ပုသိမ်၊ ဟသာင်္တ စသည့် ခရိုင် ၆ခုတို့မှ ကရင်လူငယ်များအား ဖိတ်ကြားထားပြီး တက်‌ရောက်သူ ၁၅ဝ ‌ကျော် ရှိသည်ဟု ၎င်း‌တွေ့ဆုံပွဲ မှတ်တမ်း‌ဆောင်ရွက်သူ ကရင်လူငယ်ကွန်ရက်(KYN)မှ ‌နော်ရိုးဒါထွန်းက ‌ပြောသည်။

သူမက “ဒီပထမအကြိမ်‌တွေ့ဆုံပွဲကို ဧရာဝတီတိုင်းက ကရင်လူငယ်‌တွေ ကြိုးစားလာတက်ကြတာကို ‌တွေ့ရတယ်။ တချို့က လာချင်‌ပေမယ့် မလာနိုင်ကြဘူး။ ဖျာပုံခရိုင်နဲ့ လပွတ္တာခရိုင်က ကရင်လူငယ်‌တွေဆိုရင် လမ်းခရီး ‌ဝေးတာနဲ့ အ‌ခြေအ‌နေ အ‌ကြောင်း‌ကြောင်း‌ကြောင့် မတက်‌ရောက်နိုင်ကြဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ရက်ကြာ ကျင်းပသည့် ယင်း‌တွေ့ဆုံပွဲတွင် ဧရာဝတီတိုင်း‌ဒေသကြီး ကရင်လူငယ်များစည်းလုံးညီညွတ်ပြီး ကရင်အမျိုးသားအ‌ရေး ပူး‌ပေါင်းလုပ်‌ဆောင်နိုင်ရန်၊ ပြည်နယ်နှင့်တိုင်း‌ဒေသကြီး ကရင်များနဲ့ ပူး‌ပေါင်းနိုင်ရန်၊ စာ‌ပေယဉ်‌ကျေးမှု ‌ဖော်ထုတ်မြှင့်တင်သွားနိုင်ရန်နှင့် ဧရာဝတီတိုင်း‌ဒေသကြီးရှိ ကရင်လူငယ်များမှ ဘာသာစွဲ လူမျိုးစွဲ ဝါဒစွဲအမြင်သ‌ဘောထားကွဲလွဲမှုများ ‌လျှော့နည်း‌စေရန် စသည့် အချက် ၄ချက်ကို ‌ဆွေး‌နွေးခဲ့ကြသည်။

ထို့အပြင် ‌ရှေ့ဆက်လုပ်‌ဆောင်မည့် လုပ်ငန်းစဉ်များအဖြစ် ဧရာဝတီတိုင်း‌ဒေသအတွင်း ကရင်စာ‌ပေယဉ်‌ကျေးမှု နယ်စုံပြန့်ပြီး သင်ကြား‌ရေး၊ လူကုန်ကူးမှု အမျိုးသမီးအခွင့်အ‌ရေး၊ စွမ်းရည်မြှင့်တင်‌ရေးစသည့် သင်တန်းများ ပြုလုပ်‌ပေးပြီး ခရိုင်နှင့် မြို့နယ်အလိုက် လူငယ်‌တွေ့ဆုံပွဲများကိုလည်း ကျင်းပသွားရန် ‌တွေ့ဆုံပွဲတွင် ‌ဆွေး‌နွေးဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

“ဒီ‌တွေ့ဆုံပွဲမှာ ကွန်ရက်‌တွေ ‌ကောင်း‌အောင် ဘယ်လိုလုပ်ရမလဲ ‌ဆွေး‌နွေးတယ်။ ပြီး‌တော့ ခရိုင်အလိုက် စာ‌ပေယဉ်‌ကျေးမှု‌တွေ ‌ဆွေး‌နွေးပြီး‌တော့မှ ဘယ်လိုပူး‌ပေါင်းလုပ်‌ဆောင်ရမလဲ။ အခုက လူငယ်‌တွေ ချိတ်ဆက်မှု အားနည်း‌နေတယ်‌လေ။ အဲဒါကို ဘယ်လိုလုပ်ပြီး သင်တန်း‌တွေ ‌ပေးရမလဲ။ အဲဒါ‌တွေကို ‌ဆွေး‌နွေးကြတယ်”ဟု ‌တွေ့ဆုံပွဲ ဦး‌ဆောင်သူတစ်ဦးဖြစ်သည့် ‌စောကလို‌စေးဒိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီးအတွက် ပထမအကြိမ် ကရင်လူငယ်‌တွေ့ဆုံပွဲကျင်းပပြီး‌နောက် ခရိုင်နှင့် မြို့နယ်အလိုက် ‌တွေ့ဆုံပွဲများပြန်လည်ပြုလုပ်ပြီးလျှင် ၂၀၁၆ခုနှစ်အတွင်းမှာပင် ဒုတိယအကြိမ် ‌တွေ့ဆုံပွဲကို ပုသိမ်မြို့၌ ကျင်းပသွားရန် ရှိသည်ဟု သိရသည်။