Home သတင်း ပဒိုမန်းရှာကျဆုံးခြင်း ၈ နှစ်‌မြောက် ‌အောက်‌မေ့ဖွယ်အခမ်းအနားများ ကျင်းပခဲ့

ပဒိုမန်းရှာကျဆုံးခြင်း ၈ နှစ်‌မြောက် ‌အောက်‌မေ့ဖွယ်အခမ်းအနားများ ကျင်းပခဲ့

1737

‌ဖေ‌ဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း (၈)နှစ်ပြည့်‌မြောက် ‌အောက်‌မေ့ဖွယ် အခမ်းအနားကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ‌သေ‌ဘေထာ့ ‌နေရာရှိ ပဒိုမန်းရှာလားဖန်း အုတ်ဂူ‌ရှေ့၌ ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့တွင် အစဉ်အလာ မပျက်ပြုလုပ် ကျင်းပခဲ့သည်။

ယင်း‌အောက်‌မေ့ဖွယ် အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး -KNU ဗဟိုနှင့် KNLA (ဗဟို) စစ်ဌာနချုပ်တို့ ပူး‌ပေါင်းပါဝင်ကျင်းပခြင်း ဖြစ်ပြီး စစ်ဖက်ဆိုင်ရာ ‌ကေအဲန်အယ်လ် ‌ခေါင်း ‌ဆောင်များ၊ အုပ်ချုပ်‌ရေးဆိုင်ရာ ‌ခေါင်း‌ဆောင်အချို့နှင့် ရဲတပ်သားများ၊ ပဒိုမန်းရှာ၏ သမီးကြီး နန့် ပွားပွားဖန်း မိသားစု၊ မဟာမိတ်တပ်သား အချို့ အပါအဝင် ဧည့်ပရိဿတ် ၂၀ဝ နီးပါးတက်‌ရောက် ခဲ့ကြသည်။

ထိုသို့ ‌အောင့်‌မေ့ဖွယ်ကျင်းပရခြင်းနှင့် ပတ်သက်၍ ‌ကေအဲန်ယူ၊ ဗဟို‌ကော်မတီဝင် ပဒို‌စောလှထွန်းက “ သူကျဆုံးတဲ့အချိန်မှာ နိုင်ငံ‌ရေးအရ အစိုးရ အထိနာချိန်လည်းဖြစ်တယ်။ အဲဒါ‌တွေ ဖြစ်လာဖို့အတွက် ပဒိုမန်းရှာရဲ့ နိုင်ငံ‌ရေးဦ‌ဆောင်မှု ‌ကြောင့်ဖြစ်တယ်။ မဟာမိတ်ကို စုစည်းတယ်။ အဖွဲ့အစည်းတွင်း စည်းလုံး ညီညွတ်‌ရေးကိုလည်း တည်‌ဆောက် ထိန်းသိမ်းတယ်။ လူငယ်မျိုးဆက်သစ်‌တွေကိုလည်း ပြုစုပျိုး‌ထောင်တယ်။ အဲဒီအတွက် ‌နောက်လာမယ့် လူငယ်‌တွေကို အတုယူ ‌စေချင်တဲ့ အတွက်ဖြစ်တယ်” ဟု ‌ပြောသည်။

ယမန်‌နေ့ကပြုလုပ်သည့် ‌အောက်‌မေ့ဖွယ်အခမ်းအနားတွင် KNU တွဲဖက်အတွင်း‌ရေးမှူး ၁ ပဒို ‌စော‌သောသီဘွဲ၊ ပဒို‌စောလှထွန်း၊ ပဒိုထူး‌ဖော၊ မန်းလှ‌ငွေ၊ KNLA မှဗိုလ်မှူးကြီး မန်းကြာရုံ၊ နှင့် ဗိုလ်ကြီး မန်းခို‌လောင်ရီတို့မှ ပဒိုမန်းရှာ၏ ကိုယ်‌ရေးသမိုင်း၊ ဦး‌ဆောင်မှု အခမ်းကဏ္ဍ၊ သမိုင်းဖြတ်သန်းမှုနှင့် စိတ်‌နေသ‌ဘောထား စသည့်တို့ကို တက်‌ရောက်လာသူများအား ပြန်လည်‌ပြောဆို ခဲ့ကြသည်။

” ဒီလို‌နေ့မှာ စိတ်မ‌ကောင်း‌တော့ဖြစ်မိ‌ပေမယ့် သတိရ‌အောက်‌မေ့တာတင်မဟုတ်ပဲ ကျမအ‌ဖေရဲ့ ဖြစ်‌စေချင်တဲ့ ရည်မှန်းချက်‌တွေ မပြီး‌မြောက်‌သေးတဲ့အလုပ်‌တွေအတွက် သမီးတစ်‌ယောက်အ‌နေနဲ့ အားလုံးနဲ့အတူ ဆက်ပြီး လက်တွဲလုပ်‌ဆောင်သွားမယ်” ဟု နန့်ပွားပွားဖန်းက ‌ပြောသည်။

ည‌နေ ၅ နာရီတွင် စတင်ပြုလုပ်သည့် ယင်းအခမ်းအနားတွင် ကျဆုံးသွား‌သော ပဒိုမန်းရှာလားဖန်းအား အ‌လေးပြုခြင်း၊ ‌အောက်‌မေ့ဖွယ် အမှတ်တရစကား ‌ပြောကြားခြင်း၊ ၎င်း‌ရေးသားထား‌သော ကဗျာများနှင့် တကွကဗျာဆရာများ ဂုဏ်ပြု‌ရေးသားထားသည့် ကဗျာများဖတ်ကြားခြင်းအပြင် ဖ‌ယောင်းတိုင် ထွန်းညှိခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပခဲ့သည်။

အလားတူ ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ် ‌တော‌ကျောင်း‌ကျေးရွာရှိ ပဒိုမန်းရှာ ‌နေအိမ်၌ ကျန်ရစ်သူမိသားစုဝင်များက ပဒိုမန်းရှာကျဆုံးခြင်း ၈ နှစ်ပြည့်‌အောက်‌မေ့ သတိရသည့် အ‌နေဖြင့် သံဃာ‌တော်များအား ဆွမ်းကမ်းလှူဒါန်းခြင်းများ ပြုလုပ်ခဲ့သလို ယင်းအခမ်းအနားသို ့ ရန်ကုန်မြို့ရှိ ကရင်အမျိုးသားများနှင့် ကရင်လူငယ်များ ပါဝင်လုပ်‌ဆောင်ခဲ့‌ကြောင်း သိရသည်။

ရန်ကုန်မြို့ခံ ကရင်လူငယ်တဦးဖြစ်သူ စ‌ကျော်စိုးက ” အခမ်းအနားက ဆွမ်း‌ကျွေးအကျဉ်း‌လေးပဲ လုပ်ဖြစ်ပါတယ်။ လာမယ့်နှစ် ဒီထက်ပိုလုပ်မယ်။ ‌နောက်ဖူးမန်းရှာရဲ့ အိမ်‌ရှေ့မှာဘဲ သူ့အစ်ကိုမန်း တင်‌ရွှေနဲ့ ကျ‌နော်တို့ ဝိုင်းဝန်းပြီး ၈နှစ်ပြည့်‌အောက်‌မေ့သတိရခြင်း အထိမ်းအမှတ် သူရဲ့ပုံတူ ‌ကျောက်တိုင် လုပ်ဖို့‌အောက်‌ခြေ ‌ဖောင်‌ဒေးရှင်း ချ‌နေပါပြီ။ ဒီနှစ်ထဲ အပြီးလုပ်မယ်” ဟု ‌ကေအိုင်စီသို ့ ‌ပြောသည်။

ပဒိုမန်းရှာလားဖန်း ကွယ်လွန်ချိန်တွင် အသက် ၆၃ နှစ်ရှိပြီး ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့ ည‌နေ ၄ နာရီခွဲ အချိန်တွင် အမည်မသိ‌သေနတ်သမားတစ်စုမှ လုပ်ကြံပစ်ခတ်မှု‌ကြောင့် ၎င်း‌နေထိုင်ရာ ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့၊ ‌နေအိမ်၌ ကျဆုံးသွားခဲ့ခြင်း ဖြစ်သည်။