Home သတင်း နီးကပ်ဆက်စပ်သည့် လူထုနှင့် အဖွဲ့အစည်းများကို ပူ‌ပေါင်းသွားမည်ဟု DKBA ‌ပြောဆို

နီးကပ်ဆက်စပ်သည့် လူထုနှင့် အဖွဲ့အစည်းများကို ပူ‌ပေါင်းသွားမည်ဟု DKBA ‌ပြောဆို

1593

‌ဖေ‌ဖော်ဝါရီ ၁၇ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် တိုးတက်‌သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော်-DKBA အ‌နေဖြင့် ‌ဒေသတွင်း လုံခြုံ‌ရေး၊ ‌ဒေသ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေးလုပ်ငန်များကို နီးကပ်ဆက်စပ်ရာ အဖွဲ့အစည်း များနှင့် လူထုများကို ပူး‌ပေါင်းလုပ်‌ဆောင်သွားမည်ဟု DKBA ‌ပြောခွင့်ရ ဗိုလ်မှူးကြီး ‌စောဆန်း‌အောင်က ယ‌နေ့ ‌ပြောဆိုသည်။

“မိမိ‌ဒေသဖွံ့ဖြိုးဖို့အတွက် လူတိုင်းမှာ တာဝန်ရှိတယ်။ ဒီအချိန်မှာ ကျ‌နော်တို့နဲ့ နီးကပ်ဆက်စပ်တဲ့ အဖွဲ့အစည်း ‌တွေနဲ့ ကင်း‌ဝေး‌နေတယ်။ ဆိုလိုတာက ပရဟိတလုပ်ငန်း‌တွေ လူမှုကွန်ရက်အဖွဲ့အစည်း‌တွေ‌ပေါ့ဗျာ။ ကျ‌နော် တို့ရဲ့ ပြည်သူလူထုအ‌ပေါ်မှာ စား‌သောက်ထားတာ‌တွေရှိတယ်။ အဲ့ဒီ အ‌ပေါ်မှာ ကျ‌နော်တို့အ‌နေနဲ့ အ‌ကြွေး ပြန်ဆပ်ချင်တဲ့အ‌နေနဲ့ ကျ‌နော်တို့ ပြည်သူလူထုနဲ့ပူး‌ပေါင်းချင်တဲ့ သ‌ဘောပဲ ဖြစ်တယ်”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လော ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်းဖြစ်စဉ်သည် အမှန်တကယ် မရရှိ‌သေး‌ကြောင်းကို သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များကို သိ‌စေလို‌ကြောင်းနှင့် စစ်မှန်သည့် ငြိမ်းချမ်း‌ရေးဖြစ်ပါက လူမှုကွန်ရက်၊ လူငယ်ကွန်ရက်များ နှင့် ဆက်စပ်လုပ်‌ဆောင်‌စေလို‌ကြောင်းလည်း ဗိုလ်မှူးကြီး ‌စောဆန်း‌အောင်က ဆက်‌ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း ကရင်လက်နက်ကိုင်များ အပစ်ရပ်စာချုပ် လက်မှတ်‌ရေးထိုးထား‌သော်လည်း ‌သေနတ်သံများ ‌ပေါက်‌နေ‌သေး‌ကြောင်း နိုင်ငံ‌တော်‌ခေါင်း‌ဆောင်များနှင့် အများပြည်သူများသိရှိ‌စေရန် ရည်ရွယ်ပြီး ယ‌နေ့ ‌ဖေ‌ဖော်ဝါရီ ၁၇ရက် ‌နေ့စွဲဖြင့် DKBA က သ‌ဘောထား‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က “ငြိမ်းချမ်း‌ရေးကာလမှာ ကျ‌နော်တို့ ကရင်‌တွေ အပစ်ရပ်လက်မှတ်ထိုးထားတာ တိုင်းသိပြည်သိကမ္ဘာသိ ဖြစ်‌ပေမဲ့ အင်အားကြီးတဲ့ လက်နက်ကိုင် စစ်အုပ်စုက ကျ‌နော်တို့ကို ထိုးနှက်ရှာ‌ဖွေပြီး တိုက်ခိုက်‌သေနတ်သံ‌တွေ‌ပေါက် ‌နေတာရှိတယ်။ အဲ့ဒါကို နိုင်ငံ‌တော်‌ခေါင်း‌ဆောင်‌တွေနဲ့ နိုင်ငံသူနိုင်ငံသား‌တွေသိ‌အောင် ကျ‌နော်တို့ ထုတ်ပြန်တာပါ”ဟု ‌ပြောသည်။

ယခု အစိုးရသစ်လက်ထက်တွင် အတူတကွ ပူး‌ပေါင်းလုပ်‌ဆောင်ရန် သ‌ဘောထားရှိသလို လာမည့် အစိုးရသစ်အ‌နေဖြင့်လည်း ၎င်းတို့အဖွဲ့အ‌ပေါ် လက်မခံပါက တရားဝင်စားပွဲဝိုင်း‌ပေါ်တွင် ‌ဖြေရှင်းသွား‌စေလို‌ကြောင်းလည်း DKBA က ‌ပြောဆိုသည်။

အစိုးရအ‌နေဖြင့် DKBA အ‌ပေါ် နိုင်ငံ‌ရေးနည်း၊ စစ်‌ရေးနည်းဖြင့် ပစ်ခတ်‌ချေမှုန်းမှု ဆက်လက်ပြုလုပ်‌နေ‌သေး မည်ဆိုပါက သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးသည် ‌မျှော်လင့်ချက်မဲ့ အလှမ်း‌ဝေးသွားမည်ဟု ယုံကြည်‌ကြောင်း ယင်းသ‌ဘောထား‌ကြေညာချက်တွင် ‌ဖော်ပြပါရှိသည်။

ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် DKBA မှ ထုတ်ပယ်ထားခြင်းခံရသည့် တပ်မှူးအများစု ပါဝင်သည့် လက်နက်ကိုင်အဖွဲ့မှ တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုး သားတပ်မ‌တော်(Democratic Kayin Buddhist Army DKBA )ကို ဇန်နဝါရီ ၁၆ ရက်‌နေ့က ပြန်လည်ဖွဲ့စည်းခဲ့သည်။